နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် ဘန်ကီမွန်း ထပ်မံတိုက်တွန်း

E-mail Print
နိုင်ငံတကာအသိုင်းအ၀န်းက ဒေါ်အောင်ဆန်းကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရန် တောင်းဆိုချက်ကို မြန်မာစစ်အစိုးရ အနေဖြင့် ယခုအချိန်၌ လက်ခံလိမ့်မည်ဟု မျှော်လင့်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ယမန်နေ့က ပြောကြားလိုက်သည်။

ကုလသမဂ္ဂ ဌာနချုပ်တွင် ကျင်းပပြုလုပ်သော မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့နှင့် မြန်မာ့အရေး ဆွေးနွေးပွဲတွင် မစ္စတာဘန်ကီမွန်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မစ္စတာ ဘန်ကီမွန်းက “နိုင်ငံတကာအသိုင်းအ၀န်းက စိုးရိမ်ပူပန်မှုတွေနဲ့ စဉ်ဆက်မပြတ် တောင်းဆိုလာတဲ့ ဒေါ်အောင်ဆန်းကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရေးကိစ္စကို  မြန်မာအာဏာပိုင်တွေ က အခုအခါမှာ အပြုသဘော တုံ့ပြန်ရမယ့်အချိန်အဖြစ် မျှော်လင့်ထားပါတယ်” ဟုပြောသည်။

မစ္စတာ ဘန်ကီမွန်းသည် ပြီးခဲ့သည့်လအတွင်းက သွားရောက်ခဲ့သော သူ၏မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံဆွေးနွေးခဲ့စဉ်က အဆိုပြုခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများအားလွှတ်ပေး၍ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် ပါဝင်ခွင့်ပေးရေး၊ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသော အမှုနှင့် ပတ်သက်ပြီး သတိရှိရှိ သုံးသပ်ဆောင်ရွက်ရေး၊ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်မြောက်ရန်အတွက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့ကို ယင်းဆွေးနွေးပွဲတွင် ဆွေးနွေး ခဲ့ကြောင်း သိရသည်။

“ဒီနေ့ဆွေးနွေးပွဲမှာ ကျနော့် အဆိုပြုချက်တွေကို လက်ခံကြိုဆိုတဲ့အတွက် မြန်မာ့မိတ်ဆွေနိုင်ငံများကို ကျေးဇူး တင်ပါတယ်”ဟု မစ္စတာ ဘန်ကီမွန်းက ပြောဆိုခဲ့သည်။

ထို့အပြင် အတွင်းရေးမှူးချုပ်က မြန်မာ့မိတ်ဆွေနိုင်ငံများ အဖွဲ့၏ ရှေ့လာမည့် အစည်းအဝေးကို စက်တင်ဘာလ ကုလသမဂ္ဂ အထွေထွေညီလာခံ မကျင်းပမီ ထပ်မံကျင်းပဆွေးနွေးမည် ဖြစ်ကြောင်းလည်း ဆိုသည်။

ယခု အစည်းအဝေးသည် မစ္စတာ ဘန်ကီမွန်း မြန်မာပြည် ခရီးစဉ်အပြီး မြန်မာ့မိတ်ဆွေနိုင်ငံများ အဖွဲ့နှင့် ကျင်းပ သည့် ဒုတိယအကြိမ်မြောက် အစည်းအဝေးဖြစ်သည်။ ပထမအကြိမ် အစည်းအဝေးကို ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီက ဦးဆောင် ကျင်းပခဲ့ဖူးသည်။

မြန်မာ့မိတ်ဆွေနိုင်ငံများ အဖွဲ့ကို ၂၀၀ရခုနှစ် ဒီဇင်ဘာလက စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲဝင်နိုင်ငံပေါင်း ၁၄ နိုင်ငံ ပါရှိ သည်။

လူ့အခွင့်အရေး အဖွဲ့များ၏ စာရင်းအရ မြန်မာပြည်အနှံ့ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား ၂ဝဝဝ ကျော် ရှိကြောင်း သိရသည်။

မကြာသေးခင်က ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန်းဆွေက အကျဉ်းသားများကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးမည်ဟု ကတိ ပေးထားသဖြင့် ၎င်းတို့ လွတ်မြောက်လာမည်ကို မျှော်လင့်နေကြောင်းလည်း မစ္စတာ ဘန်ကီမွန်းက ပြောဆိုခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်