ဘန်ကောက် ဖက်ရှင်ပြပွဲတွင် မြန်မာဒီဇိုင်းများ မျက်နှာပန်းလှ

E-mail Print
သြဂုတ် ၁၃ ရက်မှ ၁၆ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ထိုင်းနိုင်ငံဘန်ကောက်မြို့ ဖက်ရှင်ပြပွဲကြီးတွင် မြန်မာနိုင်ငံကိုယ်စားပြု ဖက်ရှင်ဒီဇိုင်း ပညာရှင်များ၏ လက်ရာများကို လာရောက် ကြည့်ရှုကြသည့် ပရိသတ်များက နှစ်ခြိုက်အားပေးခဲ့ကြသည်ဟု ကြားသိရသည်။

“တခြားနိုင်ငံကလူတွေက ကျမတို့ရဲ့ ဖက်ရှင်ဒီဇိုင်း တွေကိုလာပြီး လေ့လာကြတယ်။ မြန်မာနိုင်ငံ အနေနဲ့ အခုလို အာဆီယံဖက်ရှင်ပွဲကိုဝင်ပြတာ ဒါပထမဆုံးအကြိမ်ပဲလေ။ သူတို့က မြန်မာဖက်ရှင်ကို မမြင်ဖူးဘူး၊ နောက် ဒီ လောက်ထိလုပ်နိုင်မယ်လို့လည်း မျှော်လင့်မထားကြဘူး။ ကျမတို့ရဲ့ ထုတ်ကုန်တွေကို စိတ်ဝင်စားတယ်၊ လာပြီး ကမ်းလှမ်းကြတယ်” ဟု အဆိုပါ ဖက်ရှင်ပြပွဲတွင် ဝင်ရောက်ပြသသည့် မြန်မာနိုင်ငံကိုယ်စားပြု ဒီဇိုင်နာတဦး ဖြစ်သူ မဆန်းဘောက်ရာက ဧရာဝတီကိုပြောသည်။

၎င်းဖက်ရှင်ပြပွဲကို Bangkok International Fashion Fair & Bangkok Leather Fair 2009 ဟုအမည်ပေးထားပြီး ပွဲ၏ ပထမနေ့ နှင့် ဒုတိယနေ့များတွင် အာဆီယံနိုင်ငံမှ ဖိတ်ကြားထားသူများ၊ လုပ်ငန်းရှင်များ တက်ရောက် အားပေး ခဲ့ကြကြောင်းကြားသိရသည်။

အများ ပြည်သူ လာရောက်ကြည့်ရှုသော နေ့များတွင် ထိုင်းနိုင်ငံ၌ ဖက်ရှင်ဒီဇိုင်း ပညာရပ်များကို လေ့လာနေကြ သူများ၊ ဖက်ရှင်နှင့်ပတ်သက်ပြီး အလုပ်လုပ်ကိုင် နေကြသူများလာရောက်ခဲ့ကြကြောင်းနှင့် ထိုင်းနိုင်ငံရောက် မြန်မာ ပရိသတ်များလည်း လာရောက် အားပေးခဲ့ကြကြောင်း မဆန်းဘောက်ရာက ပြောပြသည်။

“ပွဲ ပထမနေ့မှာ နိုင်ငံပေါင်းစုံက ကိုယ့်နိုင်ငံရဲ့ရိုးရာတွေကို ဦးစားပေးထားတဲ့ ဒီဇိုင်းတွေနဲ့ တင်ဆက်ကြတော့ တော်တော်လေးကိုထူးခြားတယ်။ ကိုယ်ပိုင်ရိုးရာမရှိတဲ့ စင်ကာပူလောက်ပဲ ရိုးရာမဟုတ်တဲ့ Free Style မျိုးနဲ့ပဲ  ပြသွားတယ်။ ကျန်တဲ့ရက်တွေမှာကတော့ ဒီဇိုင်နာတွေအကုန်လုံးက ကိုယ် နှစ်သက်ရာ၊ ကိုယ်အားသန်ရာ လုပ်ကြတာပေါ့။ တနိုင်ငံ တမျိုးစီပြကြတော့ ကြည့်ရတာ အရမ်းကောင်းပါတယ်” ဟု ဒီဇိုင်နာ မပုံ့(My Favourite) က အဆိုပါပွဲအပေါ် မှတ်ချက်ချသည်။

ဘန်ကောက်တွင် ဒီဇိုင်းပညာ လာရောက်လေ့လာနေသော   မြန်မာပရိသတ်တဦးကလည်း “ဒီလိုကြီးကျယ် ခမ်းနား တဲ့ပွဲမျိုးမှာ မြန်မာဒီဇိုင်နာတွေဝင်ပြခွင့်ရတာ တော်တော် ဂုဏ်ယူဖို့ကောင်းပါတယ်။ နောက် ဒီဇိုင်နာမပုံ့ ပြသွား တဲ့ ဝတ်စုံလေးပါ၊သူက Cream အရောင်လေး၊ ကမာရယ်၊ ပုလဲရယ် သုံးပြီး ချုပ်ထား တာလို့ ထင်တယ်၊ အဲဒီ ဒီဇိုင်းလေး ဆို တော်တော်လေးကို ထူးခြားတယ်။ ကိုယ့်မြန်မာ ဒီဇိုင်နာတွေ ဒီလောက် ဖန်တီးနိုင်တာ တော်တော်လေး အားရစရာ ကောင်းပါတယ်” ဟု ပြောသည်။

ထိုင်း အထည်အလိပ် ကုန်သည်ကြီးများအသင်း(Thai Textile Merchants Association) ဥက္ကဋ္ဌ Mr. Suchai Pornsirikul က အဆိုပါ ပြပွဲ၏ ယခုနှစ် ဆောင်ပုဒ်မှာ “Fashion Full Stop” ဖြစ်သည်ဟု ဆိုသည်။

၎င်းက “ကမ္ဘာ ပေါ်မှာရှိတဲ့ ဖက်ရှင်၊ စတိုင်နဲ့ အရည်အသွေးကို စားသုံးသူထံ အရောက်ပို့ပေးဖို့ ရည်ရွယ်ပါတယ်။ ဘန်ကောက်မှာ ကျင်းပတဲ့ ခုလို နိုင်ငံတကာအဆင့် ဖက်ရှင်ပွဲကြီးကို အာဆီယံ ၁၀ နိုင်ငံထဲမှာ ပထမဆုံးအနေနဲ့ ကျင်းပနိုင်ခြင်းဖြစ်ပါတယ်။ ခု ပွဲတော်မျိုးဟာ ကြီးမားခံ့ညားတဲ့ ဖက်ရှင်ပညာစွမ်းရည်ကို ဖန်တီးစေပြီး ဖက်ရှင်ပညာနဲ့ ပတ်သက်လို့ ဖန်တီးနိုင်မှု စွမ်းရည်နဲ့ ဈေးကွက်ဆိုင်ရာ ကျယ်ပြန့်မှုကို ဖြစ်စေပါတယ်” ဟု ပွဲ ရည်ရွယ်ချက်နှင့် ပတ်သက်၍ ပြောကြားခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်