ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး အာဆီယံမေတ္တာရပ်ခံချက် ထောက်ခံမှုပိုရလာ

E-mail Print
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွတ်ငြိမ်းချမ်းသာခွင့် ပေးရန် အဆိုပြုချက်အပေါ် အာဆီယံအဖွဲ့ဝင် နိုင်ငံများထံမှ ထောက်ခံမှုပိုမို ရရှိလာသည်ဟု အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူထားသော ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီး ကဆစ် ဖိရုမ်းက ပြောကြားလိုက်သည်။

ကဆစ် ဖိရုမ်းက အာဆီယံ အဖွဲ့ဝင်နိုင်များဖြစ်သော ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ စင်္ကာပူ နှင့် ဗီယက်နမ် နိုင်ငံအသီးသီးရှိ နိုင်ငံခြားရေး ဝန်ကြီးများနှင့် ဆက်သွယ်မှု ပြုခဲ့ပြီးနောက် မြန်မာနိုင်ငံအရေး နှင့်ပတ်သက် သည့် သူ၏အမြင်ကို တနင်္လာနေ့က ပြောကြားသွားခြင်း ဖြစ်ကြောင်း The Nation သတင်းစာတွင် ယနေ့ ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက လွတ်ငြိမ်း ချမ်းသာခွင့် ပေးလာစေရေးအတွက် နည်းလမ်းရှာဖွေ ကြရန် ကဆစ် ဖိရုမ်းက လွန်ခဲ့သည့် အပတ်အတွင်းက စတင်ပြောကြားခဲ့သည်။

လာမည့် ကြာသပတေးနေ့၌ အာဆီယံ အဆင့်မြင့်အရာရှိများ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာတွင် တွေ့ဆုံကြ မည်ဖြစ်ရာ ထိုင်း နိုင်ငံက ရေးသားထားသော လွတ်ငြိမ်းချမ်းသာခွင့် မေတ္တာရပ်ခံချက် မူကြမ်းကို ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

ကဆစ် ဖိရုမ်းက “မြန်မာရဲ့ တရားရေးစနစ်ကို ကျနော်တို့ လေးစားပါတယ်။ ဒါပေမယ့် အာဆီယံရဲ့ စည်းလုံး ညီညွတ်မှု အတွက်လည်း စိုးရိမ်တယ်။ ဒေါ်အောင်ဆန်းစုကြည် ပြဿနာဟာ အာဆီယံနဲ့ မြန်မာအတွက် တထပ်တည်းပါပဲ” ဟု The Nation တွင် ပြောကြားထားသည်။

တချို့သော အာဆီယံဝန်ကြီးများက ကဆစ် ဖိရုမ်း ဦးဆောင်သော အဖွဲ့တဖွဲ့ မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်ပြီး စစ်အစိုးရ ခေါင်းဆောင်များနှင့် ဆွေးနွေးသင့်ကြောင်း အကြံပြုထားသည်ဟုလည်း သိရသည်။

သို့သော် တခြားသော အာဆီယံ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဗီယက်နမ်နှင့် လော နိုင်ငံတို့က ဒေါ်အောင်ဆန်း စုကြည် လွှတ်ပေးရန် တောင်းဆိုနေခြင်းကို မထောက်ခံကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးအား တခြား သော အာဆီယံ အဖွဲ့ဝင် နိုင်ငံများ ဝင်ရောက်စွက်ဖက်နေခြင်းကို ဆန့်ကျင်ကြောင်း လွန်ခဲ့သည့် တပတ်က ပြောခဲ့သည်။

အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ အရေးနှင့် ပတ်သက်ပြီး အာဆီယံတွင်း အသံ တသံတည်း ထွက်နိုင်ရန် မလွယ်ကူနိုင်ကြောင်း မြန်မာအရေး လေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းက ပြောသည်။

ဆက်လက်ပြီး ၎င်း က “ ကျနော်ထင်တာတော့ ဒီ ထိုင်း ဒီမိုကရက်ပါတီက မြန်မာပြည် ဒီမိုကရေစီ အရေးကို အများကြီး ထောက်ခံတယ်လေ၊ ဒါပေမယ့်လည်း သူတို့ ထိုင်းနိုင်ငံရဲ့ တခြားအခြေအနေ စီးပွားရေး၊ နိုင်ငံရေး စသဖြင့် အရ ဆိုရင်တော့ မြန်မာပြည်က အကျိုးစီးပွားကိစ္စက ရှိနေသေးတာကိုး၊ အင်ပြည့်အားပြည့်တော့ လုပ်နိုင်မယ်မထင်ဘူး၊ ဒေါ်အောင်ဆန်းစုကြည် လွှတ် ရေး ဒီလောက် တောင်းဆိုနေတာလောက်ပဲ ဖြစ်နိုင်မယ်” ဟု ဧရာဝတီကိုပြောသည်။

အကယ်၍ ထိုင်းနိုင်ငံတွင်း ဒီမိုကရက်တစ်ပါတီ အာဏာရချိန်၌ မြန်မာနိုင်ငံတွင်လည်း ဒေါ်အောင်ဆန်းစုကြည် အာဏာရခဲ့ပါက နှစ်နိုင်ငံပူးပေါင်းပြီး ဒေသတွင်း ဒီမိုကရေစီဖွံ့ဖြိုးရေး လုပ်ငန်းများ ပြုလုပ်လာနိုင်လိမ့်မည်ဟု ထိုင်း ပညာရှင်များကြား၌ စိတ်ကူးယဉ် ယူဆမှုများလည်း ရှိနေသည်ဟု ၎င်းကဆိုသည်။

အနှစ် ၂၀ အတွင်း ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်း ခံနေရသည့် အချိန် ကာလပေါင်းမှာ ၁၄ နှစ် ပြည့်တော့မည် ဖြစ်သည်။ ဤအခြေအနေတွင် နေအိမ်အကျယ်ချုပ် ၁ နှစ်ခွဲ ထပ်မံ ကျခံရန် အာဏာပိုင် တို့က ပြီးခဲ့သည့် အပတ်အတွင်း စီရင်ချက် ချလိုက်ခြင်း ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်