ကာတွန်းဟန်လေး လက်ရာစုစည်းမှု အမှတ် ၂ ထွက်ပြီ

E-mail Print
ဧရာဝတီမဂ္ဂဇင်း ပင်တိုင်ကာတွန်းဆရာ ဟန်လေး၏ အကောင်းဆုံး လက်ရာများကို စုစည်းထားသည့် နိုင်ငံရေးကာတွန်းပေါင်းချုပ် အမှတ် ၂ ထွက်ပြီဖြစ်သည်။

၂၀၀၇ ခုနှစ်နှင့် ၂၀၀၈ ခုနှစ် အတွင်း ဧရာဝတီ မဂ္ဂဇင်းတွင် အပတ်စဉ်ဖော်ပြခဲ့သော ကိုဟန်လေး၏ ကာတွန်းလက်ရာ ၁၀၀ ကျော်ထဲမှ စိတ်ကြိုက်ကာတွန်း ၅၀ ကို ရွေးထုတ်ကာ ဧရာဝတီ စာအုပ်ထုတ်ဝေရေး အဖွဲ့ (IPG) က စီစဉ်ထားသည့် စာအုပ် ဖြစ်သည်။

မြန်မာ့နိုင်ငံရေးထဲမှ လူထု၏အသံကို ထင်ဟပ်သော ကာတွန်းများကို စိုက်လိုက်မတ်တပ် ရေးဆွဲခဲ့သည့် ကိုဟန်လေးက “ဒီစာအုပ်ကလေး လုပ်ဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ်။ ဒါပေမယ့် အားမရဘူး။ ကျနော့် လက်ရာတွေနဲ့ လူတွေကို စိတ်ထွက်ပေါက် ပေးတာလောက်ပဲ လုပ်နိုင်တယ်။ ကျနော်က အဲဒီထက် ပိုပေးချင်တာ။ ဒါပေမယ့် ဒီထက်လည်း မလုပ်တတ်ဘူး။ တခုတော့ ရှိတယ်၊ ကာတွန်းဆရာတိုင်းက အစိုးရတခုလုံးပြောင်းသွားအောင် မဖြုတ်ချနိုင်ပေမယ့် သမိုင်းကိုတော့ မှတ်တမ်းတင် ပေးနိုင်ပါတယ်” ဟု ပြောသည်။

ယခု ထွက်ရှိသည့် စာအုပ်ထဲမှ အမှတ် ၁၇ နှင့် ၆၃ ကို အကြိုက်ဆုံးဟု ကာတွန်းဆရာက ပြောသည်။

မြန်မာနိုင်ငံ မီးလောင်နေစဉ် အလွန်ဝေးသောနေရာရှိ ရေတွင်းတတွင်းမှရေကို ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ငင်ပေးနေပြီး မစ္စတာဂမ်ဘာရီက ရေပုံးငယ်ဖြင့် အခါခါ ပြေးကာ ငြှိမ်းပေးနေသည်ကို ပုံ အမှတ် ၁၇ တွင် တွေ့ရသည်။

“မြန်မာပြည်က လောင်မီးကျနေပြီ သူတို့က ဆင့်ပါးစပ် နှမ်းပက်သလို မထိတထိ လုပ်နေကြတယ်” ဟု ထို ကာတွန်းကို နှစ်သက်ရခြင်းနှင့် ပတ်သက်၍ ကိုဟန်လေးက ဆိုသည်။

ပုံအမှတ် ၆၃ မှာ မြန်မာပြည်အတွင်း နာဂစ်ဆိုင်ကလုန်း မုန်တိုင်း ဝင်ရောက်ခဲ့ပြီးနောက် နိုင်ငံတကာမှ အကူ အညီများ ပေးပို့သည့်ကာလတွင် ရေးဆွဲထားခြင်းဖြစ်သည်။ နိုင်ငံတကာမှ စုပေါင်းပေးသည့် အကူအညီကို ရေပိုက်ကြီးထဲမှ ရေများကျဆင်းနေပုံနှင့် သရုပ်ဖော်ထားပြီး ယင်းရေကို အဆင့်ဆင့်ခံယူကာ နောက်ဆုံး ဒုက္ခသည်ထံသို့ မင်စုတ်ပိုက်ငယ်ဖြင့် ရေတစက်ချင်းသာ ကျနေသည့်ပုံ ဖြစ်သည်။

ကိုဟန်လေးက “လှူတဲ့သူကလှူတယ် .. ယူတဲ့သူက ယူတယ်” ဟု ၎င်းကာတွန်းနှင့် ပတ်သက်၍ ပြောသည်။

“ကာတွန်းဆိုတာ ကလေးလိုပဲ။ သူပြောချင်တာကို ဟန်မဆောင်ဘဲ၊ သူမြင်တာကို မြင်တဲ့အတိုင်း ဖော်ပြတယ်” ဟု ကာတွန်းဟန်လေးက ၎င်း၏ စာအုပ်တွင် ရေးသားထားသည်။

ကာတွန်း ကိုဟန်လေး၏ လက်ရာစုစည်းမှု အမှတ် ၁ ကို ၂၀၀၆ ခုနှစ်က ထုတ်ဝေခဲ့သည်။ ယခု ၂၀၀၉ ခုနှစ်တွင် ဖြန့်ချိသော ကာတွန်းဟန်လေး လက်ရာ အမှတ် ၂ ကို တအုပ်လျှင် ထိုင်းဘတ် ၃၅၀ (အမေရိကန် ၁၀ ဒေါ်လာခန့်) ဖြင့် http://www.irrawaddy.org/harnlay2.php တွင် မှာယူနိုင်ပြီဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်