ပြည်မြို့ စက်မှုလုပ်ငန်းရှင်များကို နေရာသစ်သို့ ရွှေ့ပြောင်းခိုင်း

E-mail Print
ပြည်မြို့ ခေတ္တရာစက်မှုဇုန်တွင် လုပ်ကိုင်နေသော စက်မှုလုပ်ငန်များကို အာဏာပိုင်များက မြို့နှင့် ဝေးသောနေရာ အသစ်သို့ ထပ်မံ ပြောင်းရွှေ့ခိုင်းနေသောကြောင့် လုပ်ငန်းရှင်များ အခက်အခဲကြုံနေကြကြောင်း သိရသည်။

ပြည်မြို့ ဂန္ဓမာစက်မှုဇုန် ( ၁ )တွင်လုပ်ကိုင်နေသော ဆီစက်၊ ဆန်စက်၊ သစ်စက် နှင့်ကားထုတ်လုပ်ရေးလုပ်ငန်းများ ကို ပိုမို ဝေးလံသော နီလာရိုးမ စက်မှုဇုန်အသစ်သို့ ပဲခူးတိုင်းအနောက်ခြမ်းဒေသ ကွပ်ကဲမှုစစ်ဋ္ဌာနချုပ်က ပြောင်းရွေ့ ခိုင်းထား ကြောင်း သိရသည်။

“အရင်က အိမ်မှာပဲ ဆီစက်လုပ်တာ၊ ၁၉၉၉ ခုနှစ်မှာ ဂန္ဓမာစက်မှုဇုန်ကို ပြောင်းရတယ်၊ အခု နီလာရိုးမ စက်မှုဇုန် အသစ် ကို ထပ်ပြောင်းရမယ်လို့ တိုင်းမှုးက အမိန့်ပေးတယ်” ဟု ပြည်မြို့မှ ဆီစက်လုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။

ခေတ္တရာစက်မှုဇုန်ကို မြို့ရွာများနှင့်နီးကပ်လျက်ရှိသည်ဟူသော အကြောင်းပြချက်ဖြင့် ထပ်မံ ပြောင်းရွှေ့ခိုင်းခြင်းဖြစ် ကြောင်း၊ ယခင်ကခေတ္တရာစက်မှုဇုန်ကို လျှပ်စစ်မီး ၂၄နာရီပေးထားသော်လည်း ယခုအခါပြောင်းရွှေ့ရန်ဖိအားပေး သည့်အနေဖြင့် လျှပ်စစ်မီးကိုခွဲတမ်းနှင့်သာပေးကြောင်းလည်း ၎င်းက ဆိုသည်။

“ခေတ္တရာစက်မှုဇုန်မှာ လျှပ်စစ်မီး ၂၄နာရီရတော့လုပ်ငန်းရှင်တွေအကုန်လုံးပြောင်းတာပေါ့၊ မြို့ထဲက စက်ရုံ တွေလည်း ရောက်ရော၊ နောက်တနေရာ ထပ်ရွှေ့ရမယ်လို့အမိန့်ထုတ်တယ်၊မီးလည်းအပြည့်မပေးတော့ဘူး” ဟု ထိုလုပ်ငန်းရှင်က ဆက်ပြောသည်။

စက်မှုဇုန်အသစ်သည် နိုင်ငံတော်စီမံကိန်းအရ တောင်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် တိုင်းမှုးဗိုလ်ချုပ် ကိုကိုက အင်းကြင်းမြှောင် ရွာ နှင့်အနီးရှိ လယ်ယာမြေများကို သိမ်းယူပြီး အသစ်ဖော်ဆောင်ခြင်းဖြစ်ကြောင်း၊ စက်မှုဇုန်အသစ်တွင် ပေ ၁၀၀ ပတ်လည်မြေကွက်တကွက်တန်ဖိုးမှာ ကျပ် သိန်း၅၀ သတ်မှတ်ထားကြောင်း၊ လျှပ်စစ်မီး လည်း ၂၄နာရီအပြည့်ပေး ထား ကြောင်းသိရသည်။

နေရာသစ်သို့ ထပ်မံပြောင်းရွှေ့ရန် ငွေကြေးမတတ်နိုင်သောကြောင့် စက်မှုလုပ်ငန်းရှင်များက ပြောင်းရွှေ့ရန်ငြင်းဆို ထားပြီး စုပေါင်း၍ စစ်အစိုးရသို့ ကန့်ကွက်လွှာတင်ထားသည်ဟု ဆန်စက်လုပ်ငန်းရှင်တဦးက သည်။

“၁၉၉၈-၁၉၉၉ စက်ရုံဆောက်တုန်းက ကုန်ကျစရိတ် သိန်း ၅၀ လောက်ရှိတယ်၊ အခုဆိုရင်မြေကွက်ပဲရမယ်၊ အ ဆောက်အဦးကိုဖျက်ယူရင်လည်း၊ အုတ်အကျိုးပဲရမယ်၊ရွှေ့ရင်လည်း ငွေအား လူအား တော်တော် ကုန်မှာ၊ မတတ်နိုင်တော့ဘူး”ဟု  အထက်ပါ ဆန်စက် လုပ်ငန်းရှင်က ပြောသည်။

ယခင်စက်မှုဇုန်ဟောင်းတွင် Hi -Tech မြေပဲဆီသန့်စက်ရုံသည် ခေတ်မီပုံစံ ကြီးမားစွာဆောက်လုပ်ထားပြီး ၁၉၉၉ ခုနှစ်တွင်ကပင် ကုန်ကျစရိတ် ကျပ် သိန်း၁၀၀ ကျော်ကုန်ကျကြောင်း၎င်းကပြောသည်။

ဤကိစ္စနှင့်ပတ်သက်ပြီး ပြည်မြို့ရှိ ပဲခူတိုင်းအနောက်ခြမ်း အုပ်ချုပ်ရေးရုံးသို့ ဧရာဝတီမှ ဆက်သွယ်မေးမြန်းခဲ့သော် လည်း ပြန်လည်ဖြေဆိုခြင်းမရှိပေ။

ပြည်မြို့ရှိ မူလ ခေတ္တရာစက်မှုဇုန်ကို ၁၉၉၅ ခုနှစ်တွင် တောင်ပိုင်းတိုင်းစစ်ဋ္ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ်တင်အေးက သန္ဓေပင် ရပ်ကွက် ဂန္ဓမာရွာရှိ လယ်မြေများ၊ ဥယျာဉ်ခြံများကို သိမ်းယူ၍ အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး စစ်အစိုးရလက်ထက် ပထမဦးဆုံးအကောင်အထည်ဖော်ခဲ့သော စက်မှုဇုန် ၁၈ ခုတွင် တခုအပါအ၀င်ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်