ယက်ထော နောင်တ မရ၊ မြန်မာပြည် ထပ်သွားဦးမည်ဟုဆို

E-mail Print
အကျယ်ချုပ်ကျနေသူ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ ရေကူးဝင်ရောက်ခဲ့သူ ယက်ထောက သူ၏ အပြုအမူအတွက် နောင်တရမည် မဟုတ်ကြောင်း၊ အခွင့်အရေးရပါက ယင်းကဲ့သို နောက်ထပ် အကြိမ်ပေါင်း ၁ဝဝ  ထပ်မံ ပြုလုပ်မည် ဖြစ်ကြောင်း AP သတင်းဌာနကို ပြောလိုက်သည်။

မစ်ဇူရီပြည်နယ်၊ ဖယ်လ်ကွန်မြို့သို့ပြန်ရန် အတွက် ချီကာဂို လေဆိပ်တွင် စောင့်ဆိုင်းနေစဉ် မစ္စတာ ယက်ထော က ဒေါ်အောင်ဆန်းစုကြည်၏ အသက်ကို ကယ်တင်ရန် “နောက်ထပ် အကြိမ်ပေါင်း ၁ဝဝ လောက် ထပ်ကြိုးစားမယ်” ဟု ပြောလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် ထပ်မံ ထိန်းသိမ်းခံရသည့် အတွက် အလွန် စိတ်ထိခိုက်ရပါသည်ဟု ဆိုသည်။

မစ္စတာ ယက်ထော ရန်ကုန်သို့ သွားခဲ့ရခြင်းမှာ အကြမ်းဖက်သမားများက ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံမည်ဟု သူ၏ အာရုံတွင် ဖြစ်ပေါ်လာသည့် အတွက် ဘုရားသခင်က လွှတ်၍ သတိပေးရန် ရောက်ရှိလာခြင်း ဖြစ်သည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ တိတ်တဆိတ်  ဝင်ရောက်ခဲ့သော မစ္စတာ ယက်ထောသည် မေလ ၆ ရက် နေ့တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ထိုအချိန်သည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အကျယ်ချုပ် သက်တမ်း ၆ နှစ် ပြည့်တော့မည့် အချိန်နှင့် တိုက်ဆိုင်နေသည်။

အာဏာပိုင်တို့က မစ္စတာ ယက်ထော၏ ကျူးကျော် ဝင်ရောက်မှုကို အကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ချိုးဖောက်မှုဖြင့် တရား စွဲဆိုလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ နေထိုင်သည့် ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမ တို့သည်လည်း ထိုနည်းတူ တရားစွဲခံရသည်။

နောက်ဆုံးတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသမီး ၂ ဦးသည် နေအိမ် အကျယ်ချုပ် ၁ နှစ် ခွဲချမှတ်ခံရသည်။ ကျူးကျော် ဝင်ရောက်သူ မစ္စတာ ယက်ထော လည်း ထောင် ၇ နှစ် ချမှတ်ခံခဲ့ရသည်။

စီရင်ချက် ချသည့်နေ့တွင် ထုတ်ပြန်သော စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး၏ ကြေညာချက်တွင် “မလွှဲ မရှောင်သာဘဲ တရား စွဲဆိုမှု ပြုခဲ့ရခြင်း” ကြောင့် “စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်ခဲ့ပါသည်” ဟု ဖော်ပြထားသည်။

စီရင်ချက် ချပြီး ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ အမေရိကန် အထက်လွှတ်တော် အမတ် တဦး ရောက်လာသည်။ ထိုအချိန်တွင် စစ်အစိုးရက မစ္စတာ ယက်ထော ကျခံနေရသည့် ထောင်ဒဏ် သက်တမ်း တဝက် လျှော့ပေးလိုက်သည်။ ကျန်ရှိသည့် ထောင်ဒဏ်သက်တမ်းကိုလည်း ဆိုင်းငံ့၍ မစ္စတာ ယက်ထောကို အထက်လွှတ်တော် အမတ်၏ အပြန်ခရီးတွင် ထည့်ပေးလိုက်သည်။

အင်းစိန်ထောင်မှ လွတ်မြောက်ခဲ့ပြီးနောက် မစ္စတာ ယက်ထောသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ပုဂ္ဂလိက ဆေးရုံတွင် ၂ ရက်ကြာ ဆေးကုသမှု ခံယူခဲ့သည်။ ယမန်နေ့က ဘန်ကောက်မြို့မှ အမေရိကန် ပြည်ထောင်စုသို့ ထွက်ခွာသွားခြင်းဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်