ချင်းပြည်နယ်တွင် စစ်သင်တန်းတက်ရန် လူစုဆောင်းနေ

E-mail Print
ချင်းပြည်နယ်၊ မတူပီမြို့နယ်မှ ကျေးရွာများတွင် ဒေသလုံခြုံရေး အတွက်ဆိုကာ ကျေးရွာလူထုကို စစ်သင်တန်းတက်ရန် ရယက ဥက္ကဌများမှတဆင့် နယ်မြေခံ တပ်ရင်းမှ လူသူစုဆောင်း နေသည်ဟု သိရသည်။
 
မတူပီမြို့နယ်တွင်းမှ ရွာများဖြစ်သည့် လေဆင်း၊ ၀ါလန်ပီ၊ ၀ါလန်တဲ၊ လာလွီး၊ တွီဘွေး၊ ကိုလား၊ တာဒိုး၊ စန်တပ် နှင့် ဗန်ကိုင်ရွာများမှ စုစုပေါင်း လူငယ် ၇၀ ခန့်ကို သင်တန်း မတက်မနေရ တက်ရောက်ရန်၊ စာရင်းတွင် ထည့်သွင်းထား၍ သင်တန်းအတွက် အသင့်ပြင်ဆင်ထားရန် မှာကြားထားသည်ဟုဒေသခံများက ဆိုသည်။
 
“နယ်မြေခံတပ်ရင်း (၃၀၄) ဒုတပ်ရင်းမှူး ဇော်မြင့်ဦးရဲ့အမိန့်နဲ့ပေါ့ဗျာ။ မတက်မနေရ အတင်းလုပ်တာပေါ့။ အသက် ၁၈ နှစ်အထက်အကုန်တက်ရမယ်ပြောတယ်။ လောလောဆယ်တော့ အဲဒီလူတွေရဲ့ ကိုယ်ရေး ရာဇ၀င်တွေကောက်သွားပြီ။ ဘယ်နေ့တော့တက်ရမယ်၊ ဘယ်လိုဆိုတာတော့ မသိရသေးဘူး” ဟု ဒေသခံတဦးက ဧရာဝတီကိုပြောသည်။
 
အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း အဆိုပါ စစ်သင်တန်းကို မဖြစ်မနေတက်ရမည်ဟု နယ်မြေခံတပ်ရင်း၏ သြဂုတ် ၇ ရက်နေ့စွဲပါ ထုတ်ပြန်စာတွင်ပါရှိပြီး သက်ဆိုင်ရာ ကျေးရွာ ရယက များမှ လူစာရင်းများလာရောက် ကောက်ယူသွားခြင်းဖြစ်သည်။

ယမန်နှစ်ကလည်း ချင်းပြည်နယ်အတွင်း လယ်ယာများတွင် ကြွက်များ ဝင်ရောက်ဖျက်ဆီးသောကြောင့် သီးနှံများ ပျက်ဆီးကာ ဒေသခံအများစု အငတ်ဘေးပြဿနာနှင့် ရင်ဆိုင်ခဲ့ကြရသည်။
 
“ဒီဘက်တွေမှာက ၁၈ နှစ် ၀န်းကျင်ကလေးတွေဆို ၀မ်းစာအတွက် အလုပ်လုပ်နေကြရပြီ၊ သူတို့က ဘယ်လိုမှကို မတက်ချင်တာ။ အခုအချိန်က တောင်ယာ လုပ်နေတဲ့အချိန်မို့လိုပါ။ ဒီကြားထဲ လုပ်အားပေး ကလည်း တပတ်ကို ၃ ရက်လောက်က သွားရသေးတယ်။ တဘက်ကလည်း စားဝတ်နေရေးက ရှိနေတော့ အလုပ်ဖျက်ပြီး မသွားချင်ကြဘူးဖြစ်နေတယ်” ဟု ဒေသခံက ဆက်ပြောသည်။

အဆိုပါ စစ်သင်တန်းအတွက် ရွာတရွာလျှင် အနည်းဆုံး ၅ ဦးမှ ၇ ဦးအထိ ပါဝင်ရမည် ဖြစ်ပြီး သင်တန်းပြီးသွားပါက စစ်တပ်တွင် တာဝန်ထမ်းဆောင်ရမည်ကို ဒေသခံများက စိုးရွံ့နေကြသည်။
 
အိန္ဒိယ - မြန်မာနယ်စပ်မှ နယ်ခြားစောင့်တပ်များ လေးလတကြိမ် နေရာပြောင်းရွှေ့သည့်အခါတိုင်း နယ်မြေခံ ကျေးရွာလူထုမှ စခန်းဆောက်ခြင်း၊ ပစ္စည်းနှင့် ရိက္ခာများသယ်ယူခြင်းတို့တွင် လုပ်အားပေးအဖြစ် မဖြစ်မနေ လိုက်လံလုပ်ဆောင်ပေးကြရသည်။ ထို့အတွက် ရွာတိုင်းတွင် ရွာသား ၂ ဦးမှ ၃ ဦးအထိ အဆင်သင့် ထားပေးနေရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်