နအဖ လက်အောက်ခံ မရာ တပ်မတော်ဖွဲ့စည်း

E-mail Print
ချင်းမျိုးနွယ်စုဝင် မရာ တိုင်းရင်းသားတို့၏ ဒေသတွင် စစ်အစိုးရ၏ လမ်းညွှန်မှု၊ စစ်မှုထမ်းဟောင်းများ ပူးပေါင်း ဆောင်ရွက်မှုတို့ဖြင့် မရာ တပ်မတော် ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိ သည်။
 
အိန္ဒိယ - မြန်မာနယ်ခြားဒေသကို စောင့်ရှောက်ကာကွယ်ရန်နှင့် ၂ဝ၁ဝ ရွေးကောက်ပွဲ အတွင်း မငြိမ်မသက် ဖြစ်ပါက မြန်မာစစ်တပ်နှင့် ပူးပေါင်း၍ ကူညီဖြေရှင်းရန် မရာတပ်မတော်ကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။
 
“အစိုးရရဲ့ လမ်းညွှန်မှုနဲ့ ၂ဝဝ၉ ဇွန် ၁၅ ရက်နေ့မှာ စစ်တပ်ကနေ အနားယူတဲ့ စစ်မှုထမ်းဟောင်း အရာရှိတွေက ပြည်သူ့တပ်မတော် ဖွဲ့ပေးတာပါ” ဟု ဒေသခံ ချင်းတိုင်းရင်းသားတဦးက ဧရာဝတီသို့ ပြောသည်။
 
မရာ တိုင်းရင်းသားများသည် ချင်းပြည်နယ် မတူပီ၊ ပလက်ဝနှင့် ထန်တလန်မြို့နယ်တို့တွင် ပျံ့နှံ့ နေထိုင်ကြသူများ ဖြစ်ပြီး လူမျိုးစု တစုတည်းဖြစ်ရေးနှင့် မရာ သီးခြားမြို့နယ် ထားရှိပေးရန် စစ်အစိုးရထံ တောင်းခံ ထားသည်။
 
“အဓိက သူတို့ဦးတည်တာကတော့ မြို့နယ်သုံးခုမှာ ကွဲနေတဲ့ မရာလူမျိုးတွေကို တမြို့နယ်တည်းမှာ စုစည်းပြီး အုပ်ချုပ်ရေး တခုတည်းအောက်မှာ ထားဖို့အတွက်ပေါ့။ ဒီအတွက် သူတို့က တောင်းဆိုပြီး အစိုးရကို ဒါတွေ ပြန်လုပ်ပေးတဲ့သဘောပဲ။ သူတို့ ထုတ်ပြန်ချက်မှာလည်း အဲဒီလိုပဲရေးထားတယ်” ဟု ချင်းလက်နက်ကိုင်အဖွဲ့ ဖြစ်သော အိန္ဒိယ - မြန်မာနယ်စပ် အခြေစိုက် ချင်းအမျိုးသားတပ်ဦး (CNF) ၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးရာနှင်းက ပြောသည်။
 
ဆပေါင်းတည် နယ်မြေခံတပ်ရင်းမှ ဒုတပ်ရင်းမှူးက မရာလူမျိုးစုများနှင့် သြဂုတ် လဆန်းပိုင်းက တွေ့ဆုံ ဆွေးနွေးခဲ့ပြီး မြို့နယ် သီးခြားထားရှိပေးရန်ကိစ္စကိုမူ ပြောဆိုခဲ့ခြင်းမရှိဘဲ လာမည့် စက်တင်ဘာတွင် ထပ်မံတွေ့ဆုံရန် ချိန်းဆိုထားသည်ဟု ဆိုသည်။

“ကျနော်တို့ အနေနဲ့ကတော့ ဒီလိုလုပ်တာဟာ ကျနော်တို့ CNF ကို ဆန့်ကျင်တာပဲလားလို့တော့ တွေးစရာ ပေါ့လေ။ တိုင်းရင်းသားအချင်းချင်းကြားထဲမှာ၊ ကျနော်တို့ မျိုးနွယ်စု အထဲမှာ ပြဿနာ ဖန်တီးချင်တာလည်း ဖြစ်နိုင်တယ်။ ကျနော်တို့ကတော့ အရင်ကတည်းက သူတို့ဒီလိုမျိုး ခွဲထွက်လာတာကို လက်မခံဘူး။ အချင်းချင်း ကြားမှာ သွေးထွက်သံယိုဖြစ်လာမှာကို လက်မခံဘူး” ဟု ဦးရာနှင်းက ပြောသည်။
 
လက်တလောတွင်မူ စစ်အစိုးရက အဆိုပါ မရာတပ်မတော်ကို လက်နက်များ တပ်ဆင်ပေးခြင်း မရှိသေးဘဲ မရာတပ်မတော်အဖြစ် ဖွဲ့စည်းခြင်းကို တွေ့ဆုံလက်ခံသည့် အနေအထားသာ ရှိသေးသည်။
 
ယခင်အပတ်ကလည်း မတူပီ နယ်မြေခံတပ်ရင်း ၃၀၄ က ဦးဆောင်ပြီး မြို့နယ်အတွင်းရှိ ရွာ ၉ ရွာမှ အသက် ၁၈ နှစ်အထက် ချင်းတိုင်းရင်းသား လူငယ်များကို စစ်သင်တန်းတက်ရောက်ရန် စာရင်းများ ကောက်ယူခဲ့သေးသည်။
 
ထို့အတူ ချင်း ပြည်နယ်မြို့တော် ဟားခါးတွင်လည်း စစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံကို ကျင်းပခဲ့ပြီး ပြည်နယ် တွင်း တိုင်းရင်းသားများကို စည်းရုံးထိန်းချုပ်နိုင်ရေးနှင့် စစ်သင်တန်းပေးရန် ကိစ္စများကို ဆွေးနွေးကြ သည်ဟု ဒေသခံများကပြောသည်။
 
“စည်းရုံးရေးကတော့ နအဖအနေနဲ့က သူ့မူအတိုင်း လုပ်မှာပဲလေ။ အပစ်ခတ်ရပ်အဖွဲ့တွေအနေနဲ့ သတိထား ဖို့ကတော့ အခု နအဖရဲ့ ဖွဲ့စည်းပုံ၊ နောက် လာမယ့် ရွေးကောက်ပွဲ ဆိုတာက တိုင်းပြည်မှာ တကယ့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ့် အခွင့်လမ်းနည်းတယ်။ ကိုယ်က တော်လှန် တိုက်ပွဲဝင်ခဲ့တဲ့ အကြောင်းရင်း ကိုလည်း မမေ့ထားဖို့ လိုတယ်” ဟု ဦးရာနှင်းက ဆိုသည်။
 
CNF အနေနှင့်မူ စစ်အစိုးရ၏ လုပ်ဆောင်ချက်များနှင့် စစ်အစိုးရက ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ကန့်ကွက်သည်ဟုဆိုသည်။
 
သူကဆက်လက်၍ “ကျနော်တို့ CNF ကတော့ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ကန့်ကွက်တယ်။ ဒါပေမယ့် ကျနော်တို့ ဘယ်လောက် ကန့်ကွက်ကန့်ကွက် နအဖကတော့ သူ့အစီအစဉ်နဲ့သူ လုပ်မှာပဲ။ ၀င်ချင်တဲ့ ပြည်သူတွေကိုလည်း မတားပါဘူး။ ဒါပေမယ့် ပြည်သူတွေအနေနဲ့ကတော့ ဒီမိုကရေစီ အပြောင်းအလဲကို တကယ်လုပ်ချင်တဲ့၊ လုပ်နိုင်တဲ့ သူတွေကိုပဲ ရွေးချယ်သင့်တယ်” ဟုပြောသွားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်