စက်မှု ၂ ထုတ်ကားတွေ ဘာကြောင့် ဈေးကြီးနေတာလဲ

E-mail Print
အမှတ်စက်မှု ၂ ၀န်ကြီး ဌာနထုတ် Double Cab နှင့် Wagon ကားများသည် အရည်အသွေး ညံ့ဖျင်းသော်လည်း ဂျပန် နိုင်ငံလုပ် လိုင်စင်မဲ့ ကားများနှင့် အလဲအလှယ် လုပ်နိုင်သောကြောင့် ကားဈေးကွက်တွင် ၀ယ်ယူလိုသူများပြီး တန်ဖိုးမြင့် တက်နေကြောင်း သိရသည်။

Myanmar Station Wagon (MSW) ဟု အမည်ပေးထားသည့် စက်မှု ၂ ထုတ် ကားများသည် အရည် အသွေး ညံ့သော်လည်း လိုင်စင်မဲ့ကားများနှင့် တရားဝင်လဲလှယ် နိုင်သောကြောင့် ၀ယ်ယူခွင့်ပါမစ်ဈေးများ မြင့်တက်နေကြောင်း သိရသည်။

“ထုတ်ဈေးက ကျပ် ၅၀၁ သိန်းပေးရပြီး ကားတွေကညံ့တယ်၊ တချို့ကားတွေဆိုရင် မောင်းလို့တောင် မရဘူး၊ ကရိန်းနဲ့ အစီးလိုက် ဆွဲထုတ်ရတယ်။ အဲဒီတော့ ပါမစ်ပဲယူတယ်၊ ကားကိုစက်ရုံမှာ ပြန်သွင်းတယ်၊ သိန်း၄၀ ပြန်ရတယ်” ဟု ကားဝယ်ရောင်း လုပ်ကိုင် နေသူတဦးက ဧရာဝတီသို့ပြောသည်။

ကားဝယ်ယူခွင့် ပါမစ်တန်ဖိုးမှာ ကားဈေးကွက်တွင် MSW2 မှာ ကျပ်သိန်း ၇၀၀ ကျော်ရှိပြီး MSW3 မှာ ကျပ်သိန်း ၉၀၀ ကျော်ပေးရသည်ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါကားများကို ၀ယ်ယူကာ  ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာန (ကညန) တွင် ဒဏ်ကြေး ပေးဆောင်၍ တရားမ၀င်လိုင်စင်မဲ့ ကားများဖြင့် လဲလှယ်နိုင်ကြောင်းလည်း သိရသည်။

“ကညန မှာ တရားဝင်ဒဏ်ကြေး သိန်း ၃၀ ဆောင်ပြီးတော့ လိုင်စင်မဲ့ ဂျပန်ကားတွေနဲ့ အလုံးလိုက် လဲလိုက်ရင် ဈေးကွက်မှာ MSW2 သိန်း၉၀၀ ကျော်၊ MSW3 သိန်း ၁၂၀၀ ကျော် ဈေးမြောက်သွားတယ်” ဟု၎င်းကပြောသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သားဖြစ်သူ ဦးကြိုင်ဆန်းရွှေက လစဉ် ကား ၄ စီးဝယ်ခွင့် ရယူ ထားကြောင်း ရန်ကုန် စီးပွားရေးအသိုင်းအ၀န်းမှ ကြားသိရသည်။

“ဦးကြိုင်ဆန်းရွှေက စက်မှု ၂ ကထုတ်တဲ့ MSW2 ၊ MSW 3 ကို တမျိုးကို တလ ၄ စီးယူတယ်၊ ပြီးရင် ပါမစ်ကို အပြင်မှာ ပြန် ရောင်းစားတယ်၊ အဲဒီ ကားတွေရဲ့ အမြတ်က သိန်း ၂၅၀ နဲ့ သိန်း ၄၀၀ ကြားမှာရတယ်လေ၊ ကျန်တဲ့အမျိုးအစားတော့ မယူဘူး၊ အမြတ်နည်းလို့” ဟု စက်မှု ၂ ၀န်ကြီးဋ္ဌာနနှင့် နီးစပ်သူတဦးက ဧရာဝတီသို့ပြောသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ကားခွဲတမ်းကို အခွင့်အရေးအပြည့်အ၀ယူပြီး၊ ဗိုလ်ချုပ်ကြီးမောင်အေးမှာ ၎င်းရရှိသည့် ကားခွဲတမ်းကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသို့ ချပေးသည်ဟု ၎င်းကဆက်ပြောသည်။

စက်မှု ၂   ထုတ်ကားများကို Grand Tiger ၊ ၊ MSW 1၊ MSW 2 ၊ MSW 3 ဟု အမည်များ ပေးထားပြီး အဆိုပါကားများ သည် ထိုင်းနိုင်ငံထုတ် Tiger ၊ ဂျပန်နိုင်ငံထုတ် Pajero 149 ၊ Toyota Surf 95 model ၊ Pajero V46 စသည့် အမျိုးအစား များနှင့် ပုံစံတူသည်ဟုသိရသည်။

ယခု စက်မှု ၂ ၀န်ကြီးဋ္ဌာန ကားစက်ရုံများကို ပဲခူးတိုင်း၊ ဆွာမြို့နယ် သာဂရတွင် တည်ဆောက်ထားသည်ဟုသိရသည်။

စက်မှု ၂ မှ ထုတ်သော ကားများကို ဦးကြိုင်ဆန်းရွှေက အဓိက ချုပ်ကိုင်ထားပြီး ကားလေလံဈေးကွက်ကို အဓိကလုပ်ကိုင်သူမှာ မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် ဖြစ်သည်ဟု ကားရောင်းဝယ်သူတဦးက ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်