ကိုးကန့်ခေါင်းဆောင် ဖုန်ကျားရှင်အိမ်ကို စစ်အစိုးရတပ်များ ၀င်ရောက်စီးနင်း

E-mail Print
စစ်အစိုးရ တပ်များက ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကျားရှင်၏ အိမ်ကို ၀င်ရောက်စီးနင်း ရှာဖွေသောကြောင့် ကိုးကန့်ဒေသတွင် စစ်ရေးတင်းမာမှုများ ထပ်မံဖြစ်ပေါ်လာသည်ဟု သိရသည်။

သြဂုတ်လ ၂၃ ရက်နေ့ ညနေက အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်လုံထိန်းများက ရုတ်တရက် ၀င်ရောက်စီးနင်းပြီး လက်နက်များ ရှာဖွေခဲ့ခြင်း ဖြစ်သည်။

“တနင်္ဂနွေညနေက ဥက္ကဋ္ဌ ဖုန်ကျားရှင်အိမ်ကို လုံထိန်းအင်အား ၁၀၀ ကျော်နဲ့ ၀င်စီးတယ်၊ ဥက္ကဋ္ဌအိမ်မှာ လက်နက်စက်ရုံ ရှိတယ်ဆိုတဲ့ သံသယနဲ့ ရှာတယ်၊ ဘာမှ တွေ့မသွားဘူး” ဟု တရုတ် မြန်မာနယ်စပ် စစ်ရေးနှင့် နိုင်ငံရေးအကဲခတ် ဦးအောင်ကျော်ဇောက ဧရာဝတီသို့ ပြောသည်။

ထိုသို့ ၀င်ရောက်စီးနင်းသည့် အချိန်တွင် ဦးဖုန်ကျားရှင်သည် နေအိမ်တွင် မရှိကြောင်း၊ ၎င်းအား လက်နက်အမှုနှင့် စွဲချက်တင်ထားပြီး လားရိုး တရားရုံးသို့ လာရောက် ဖြေရှင်းရန် ဆင့်ခေါ်ထားကြောင်း သိရသည်။

စစ်အစိုးရဘက်မှ စစ်ရေးအင်အား ဖြည့်တင်းမှုများကို ပြုလုပ်နေပြီး ယမန်နေ့က စစ်သားအင်အား ၁၀၀၀ ကျော်၊ ကားအစီး ပေါင်း ၆၉ စီးခန့်ဖြင့် ကိုးကန့်ဒေသသို့ ရောက်ရှိလာခဲ့သည်ဟု ဦးအောင်ကျော်ဇောက ပြောသည်။

ကိုးကန့် ခေါင်းဆောင်ပိုင်းတွင်လည်း သဘောထား ကွဲလွဲမှုများရှိနေပြီး ဦးဖုန်ကျားရှင်၏ အိမ်ကို စစ်အစိုးရတပ်များ ၀င်ရောက် စီးနင်းရာတွင် ခေါင်းဆောင်ပိုင်းမှ အကူအညီ ပေးခဲ့သည်ဟု သိရသည်။

“ပထမ ရဲတွေက အရပ်ဝတ်နဲ့လာတယ်၊ ဗဟိုကော်မတီဝင် ပယ်စောက်ချိန် အိမ်မှာပဲ ယူနီဖောင်းလဲပြီးတော့ ဖုန်ကျားရှင် အိမ်ကိုဝင်စီးကြတာ” ဟု ဦးအောင်ကျော်ဇောက ပြောသည်။

ယနေ့ နံနက်တွင် ကိုးကန့် MNNDA ဗဟိုကော်မတီ အစည်းအဝေးခေါ်ရန် စစ်အစိုးရက ပြောဆိုထားသည်ဟု သိရသည်။

“စစ်အစိုးရက ကိုးကန့်ဗဟိုကော်မတီ အစည်းအဝေး ခေါ်ခိုင်းတယ်၊ ဥက္ကဋ္ဌတို့ အဖွဲ့သွားသင့် မသွားသင့် ချိန်နေတယ်၊ သွားရင်လည်း အကျပ်ကိုင်ပြီးတော့ ဦးဖုန်ကျားရှင်ကို ဖမ်းနိုင်တယ်၊ မသွားရင်လည်း ဦးဖုန်ကျားရှင်ကို ဖယ်ပြီး ခေါင်းဆောင်အသစ် တင်နိုင်တယ်”ဟု ဦးအောင်ကျော်ဇောက ပြောသည်။

ယခုစီးနင်းမှုသည် အရှေ့မြောက်ပိုင်း စစ်ဌာနချုပ် ဗိုလ်ချုပ်အောင်သန်းထွဋ်၏ အမိန့်အရမဟုတ်ဘဲ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယ ရဲချုပ် ဇော်ဝင်း၏ အမိန့်အရ ၀င်ရောက်စီးနင်းခြင်း ဖြစ်သည်ဟု သိရသည်။

စစ်အစိုးရသည် သြဂုတ်လ ၈ ရက်နေ့က ဦးဖုန်ကျားရှင်၏ နေအိမ်နှင့် ဂိုဒေါင်တွင် လက်နက်များ ရှိသည်ဟုဆိုကာ  စစ်အစိုး ရတပ်များက ၀င်ရောက်ရှာဖွေရန် ကြိုးစားခဲ့ပြီး ၂၂ ရက်နေ့တွင် လောက်ကိုင်ရှိ ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ်သို့ လက်နက်များ အပ်နှံခဲ့သော်လည်း နောက်တကြိမ် ထပ်မံလာရောက် ရှာဖွေခြင်း ဖြစ်သည်။    

နောက်ဆုံး အခြေအနေအရ ယနေ့နံနက်တွင် ပြုလုပ်သည့် ဗဟိုကော်မတီ အစည်းအဝေးတွင် ကိုးကန့် ဗဟိုကော်မတီကို စစ်အစိုးရ လိုလားသူများ ဖြစ်သော ပယ်စောက်ချိန်၊ ကျန်းတက်ဝံနှင့် လျူကော်ရှင်း ဦးဆောင်၍ အသစ်ပြန်လည်ဖွဲ့စည်း လိုက်ကြောင်း သိရပြီး ဖုန်ကျားရှင်နှင့် အဖွဲ့အား ၀ရမ်းပြေးများအဖြစ် သတ်မှတ်လိုက်ကြောင်း၊ ဖုန်ကျားရှင်နှင့် အဖွဲ့သည် တရုတ်မြန်မာ နယ်စပ်ဒေသဘက်သို့ ရှောင်ထွက်သွားကြောင်း ဦးအောင်ကျော်ဇောက ပြောသည်။

ဖုန်ကျားရှင် ဦးဆောင်သော ကိုးကန့်အဖွဲ့သည် ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်