ရုပ်သေးဈေးကွက်လည်းပျက်

E-mail Print
နိုင်ငံခြားသားများ အထူးစိတ်ဝင်စား နှစ်ခြိုက်သော မြန်မာ့ရိုးရာ အမွေအနှစ် ရုပ်သေးရုပ်များ အရောင်းကျ လာကြောင်း ၎င်းဈေးကွက်မှ ကြားသိရသည်။

ယခင်က တနေ့လျှင် အရုပ် ၂၀ မှ ၃၀ ထိ ရောင်းချရလေ့ရှိသော ရုပ်သေးရုပ်များသည် နာဂစ်ဆိုင်ကလုန်း မုန်တိုင်း မြန်မာပြည်တွင်း ဝင်ရောက်ခဲ့ပြီးသည့် ၂၀၀၈ ခုနှစ် မေလမှစ၍ လုံးဝ မရောင်းရသည့် နေ့များပင် ရှိလာကြောင်း ဗိုလ်ချုပ်ဈေးမှ ရုပ်သေးလက္ကား အရောင်းဆိုင် တာဝန်ရှိသူ တဦးက ဧရာဝတီသို့ပြောသည်။

“ဒီပစ္စည်းတွေက နိုင်ငံခြားသား အကြိုက်ဆိုတော့လေ။ အခုက ဧည့်သည်မှ မရှိတော့တာ၊ ရုပ်သေး ဈေးကွက်ပျောက် မသွားတာကိုဘဲ ကျေးဇူးတင်ရမလို ဖြစ်နေပြီ” ဟု ၎င်းကဆိုသည်။

ပြည်ပမှ နမူနာမှာယူသဖြင့် ပို့ရန် ဌာနဆိုင်ရာသို့ ရုပ်သေးရုပ် ၂၀ ပြလျှင် ၁ ရုပ်၊ ၂ ရုပ်သာ ပို့ခွင့်ပေးကြောင်း၊ စုံစမ်း မေးမြန်းသော်လည်း မည်သို့မှ အကြောင်းပြန်ကြားခြင်း မရှိကြောင်း၊ နိုင်ငံခြားသားများမှာလည်း ပြည်ပသို့ အများအ ပြား သယ်ဆောင်ခွင့်မရသဖြင့် နောက်ပိုင်းတွင် ကိုယ်တိုင် ဝယ်ယူခြင်းများ မပြုတော့ကြောင်းသူက ဆက်လက်ရှင်း ပြသည်။

ထို့ပြင် ယခင်က တာချီလိတ်၊ မြဝတီ၊ ကော့ကရိတ် စသည့်နယ်စပ်ဒေသတို့ရှိ ကုန်သည်များ လာရောက် မှာယူကြ သော်လည်း ယခုနောက်ပိုင်းတွင် အဆိုပါ ကုန်သည်များလည်း မှာယူခြင်းမရှိတော့ကြောင်း ရုပ်သေးရုပ် အရောင်း ဈေးကွက်မှ သိရသည်။

မြန်မာပြည်တွင် ယင်းကဲ့သို့ ရုပ်သေးရောင်းအား ကျဆင်းလာခြင်းမှာ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း အပြီး နိုင်ငံခြားသား ဧည့်သည် လာရောက်မှုနှုန်း ကျဆင်းလာ ခြင်းကြောင့် ဖြစ်သည့်ပြင် ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့် တကမ္ဘာလုံးရှိ စီး ပွားရေး လုပ်ငန်းများလည်း ကျဆင်း လျက်ရှိသောကြောင့်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် စီးပွားရေး သမားများက သုံးသပ်သည်။

မြန်မာ့ရုပ်သေးကို အထူးစိတ်ဝင်စားသော တိုင်းပြည်များမှာ ဂျာမနီ၊ ပြင်သစ်၊ စပိန် စသည့် ဥရောပနိုင်ငံများဖြစ်ပြီး  အာရှတွင် ဂျပန်ဖြစ်သည်ဟု ဗိုလ်ချုပ်ဈေးရှိ ရုပ်သေးရုပ် အရောင်းဆိုင်များမှ သိရသည်။ ရုပ်သေးရုပ်များကို အရုပ်၏ အမြင့်အလိုက် ဈေးနှုန်းအသီးသီးရောင်းချပြီး အနိမ့်ဆုံး ၇ လက်မ အမြင့်ရှိသော အရုပ်တရုပ်လျှင် ကျပ် ၄၀၀၀ နှုန်း ဖြင့်လည်းကောင်း၊ ၁၀ လက်မ ၊ ၁၂ လက်မ ၊ ၁၈ လက်မ ဟူ၍ အစားအစားရှိပြီး အကြီးဆုံး ၂၂ လက်မ ကို ကျပ် ၁၀၀၀၀ ဝန်းကျင်ခန့် ရောင်းချလျက်ရှိကြောင်းလည်း သိရသည်။

မန္တလေးမှ ရုပ်သေးရုပ် ထုလုပ်သည့်လုပ်ငန်း လုပ်ကိုင်သူတဦးကလည်း “ရုပ်သေးဟာ ကျနော်တို့ တိုင်းပြည်ရဲ့ ယဉ် ကျေးမှုပြယုဂ်တခုပါ။ နိုင်ငံခြားတိုင်းပြည်တွေက အရမ်းစိတ်ဝင်စားတဲ့ ဒီလို ရိုးရာအမွေအနှစ် ရုပ်သေးရုပ်တွေကို နိုင်ငံခြားသားတွေက စိတ်ဝင်စားရက်နဲ့ မဝယ်ကြတော့ဘူးဗျ။ ဒီမှာဆိုရင် တခြားယွန်းထည်နဲ့ ရွှေချည်ထိုးတွေ လောက် ပဲ ဝယ်ကြတော့တယ်။ တော်တော် နှမြောဖို့ကောင်းတယ်။ အရုပ်တရုပ် ဖြစ်ဖို့ ဆိုတာမလွယ်ဘူးဗျ။ ကျနော်တို့ ကြိုးစား ထုလုပ်ရကျိုးမနပ်ဘူး ပေါ့ဗျာ” ဟုမြန်မာ့ရုပ်သေးဈေးကွက်နှင့် ပတ်သက်၍ ပြောပြသည်။

မြန်မာ့ရုပ်သေးကို နိုင်ငံခြားသားအများစုက အိမ်ဧည့်ခန်း၊ ဟိုတယ် ဧည့်ခန်းအစရှိသည့် နေရာများ၌ အလှထား ချိတ် ဆွဲလို၍ ဝယ်ယူကြခြင်းဖြစ်ကြောင်း သိရသည်။ထို့ပြင် မြန်မာ့ရုပ်သေးပွဲများကိုလည်း နိုင်ငံခြားသားများ အထူး နှစ်ခြိုက် အားပေးကြကြောင်းလည်း သိရသည်။

“နိုင်ငံခြားတိုင်းပြည်တွေက မြန်မာ့ရုပ်သေးပွဲဆိုရင် ရုံပြည့်၊ ရုံလျှံ အားပေးကြတယ်။ ဘာလို့လည်းဆိုတော့ သူတို့ ဆီမှာရှိတဲ့ ရုပ်သေးဆိုတာက ကလေးတွေပျော်အောင် ဖျော်ဖြေရုံသက်သက်ပဲလေ။ မြန်မာ့ရုပ်သေး ပညာက ခက်ခဲ၊ နက်နဲတာကိုး။ တကယ့် ရသမျိုးစုံကို ပေးစွမ်းနိုင်တဲ့ပညာရပ်ပါပဲ” ဟု ရုပ်သေးပညာဖြင့် ကမ္ဘာအရပ်ရပ်သို့ သွားရောက် ဖျော်ဖြေကပြလျက်ရှိသည့် နာမည်ကျော် မန္တလေးရုပ်သေးအဖွဲ့မှ ဒေါ်မမနိုင်က ဧရာဝတီသို့ပြောသည်။

ရုပ်သေးသဘင်မှာ ရှေးအခါက သီဆိုခြင်း၊ ကခုန်ခြင်းတို့ကို လူကိုယ်တိုင်ပြုလုပ်ရန် ရှက်ရွံ့ဝန်လေး ရုံသာမက ကြည့်ရှု ရန်ကိုပင် ရှက်ကြောက်ကြသဖြင့် မြဝတီမင်းကြီးဦးစက သဘင်သည်တို့အစား အရုပ်များဖြင့် အစားထိုး ဖျော်ဖြေတင် ဆက်ရန် ကြိုးပမ်းခဲ့ရာမှ မြန်မာ့ရုပ်သေးပေါ်ထွန်းလာခြင်းဖြစ်ပြီး ရုပ်သေးသဘင်ကို စင်မြင့်ဖြင့် က ပြရသဖြင့် အမြင့်သဘင်ဟုလည်းခေါ်ဆိုသည်ဟု အဆိုရှိခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်