တာချီလိတ်တွင် မူးယစ်ဆေးဝါး အမြောက်အမြားဖမ်းမိ

E-mail Print
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ရာဘ (ခေါ်) မက်သာ အဖက်တမင်း စိတ်ကြွဆေးပြားများ အပါဝင် ဘိန်းဖြူအ မှုန့် နှင့် ဘိန်းဖြူ ဘလောက်တုံးများကို တနင်္လာနေ့က တရားခံနှင့် အတူ ဖမ်းဆီးမိခဲ့ကြောင်း ယနေ့ထုတ် စစ်အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

တာချီလိတ်မြို့နယ်ရှိ ၀မ်လိကျေးရွာမှ နေအိမ်တအိမ်ကို ၀င်ရောက်စစ်ဆေးရာမှ ၎င်း တရားခံများနှင့်အတူ စိတ် ကြွဆေးပြား ၉၆၄၀၀၀ ၊ ဘိန်းဖြူမှုန့် ၂၁ ကီလိုနှင့် ဘိန်းဖြူ ဘလောက်တုံး ၁၀၂ တုံး တို့ကိုဖမ်းဆီးရမိခဲ့ ခြင်းဖြစ် သည်။

၎င်း အပြင် ဖမ်းမိထားသော တရားခံ စိုင်းဝင်းနိုင် ( ခ ) အားဖင်၏ ထွက်ဆိုချက်အရ ၀မ်းလုံကျေးရွာ အမှတ် ၂၁၂ နေအိမ်သို့ ဆက်လက်ရှာဖွေမှုပြုလုပ်ခဲ့ရာ စိတ်ကြွဆေးပြား ၁၉၆၂၀၀၀ ၊ ဘိန်းဖြူ ဘလောက်တုံးများကိုပါ ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း ၎င်း သတင်းစာတွင် ဖော်ပြထားသည်။

သေနတ်အရှည်တလက် ၊ ပစ္စတို နှင့် ကျည်ဆန်တချို့ကိုလည်း ဖမ်းဆီးရမိခဲ့သည်။ ၎င်း ဖမ်းမိထားသော တရားခံများကို စစ်ဆေးလျက်ရှိပြီး ကွင်းဆက်တရားခံများကို ဖမ်းဆီးရမိရန်အတွက် ဆက်လက် စုံစမ်းနေ ကြောင်း သိရှိရသည်။

ရဲနှင့် နီးစပ်သူ ဒေသခံ တဦးအဆိုရ ဖမ်းမိခံရသော တရားခံများသည် တရုတ်လူမျိုးများဖြစ်သည်ဟု ဆိုသည်။  

တာချီလိတ်မြို့နယ်အတွင်း မူးယစ်ဆေး ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး တာချီလိတ်ရဲစခန်းသို့ တယ်လီဖုန်းဖြင့် ဆက် သွယ် မေးမြန်းခဲ့ရာ တာဝန်ရှိသူတဦးက ဟုတ်မှန်သည်ဟု အတည်ပြုပြောသည်။ အသေးစိတ်ကိုမူ ဖြေကြားခြင်း မရှိပေ။

အဆိုပါ ဖမ်းမိထားသော မှုးယစ်ဆေးဝါး၏ တန်ဖိုးမှာ ခန့်မှန်းခြေအားဖြင့်  မြန်မာ ကျပ်ငွေ သန်း ၂ သောင်းကျော် ရှိပြီး အမေရိကန် ဒေါ်လာဖြင့် သန်း၂၀ ခန့်ရှိကြောင်း သိရသည်။

လွန်ခဲ့သည့် ဇူလိုင်လကုန်အတွင်း ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်မှ တာချီလိတ်မြို့ လွယ်တော်ခမ်း ကျေးရွာ အနီးတွင် မိုင်းဆတ် ဘက် မှ မောင်းနှင်လာသော ဆိုင်ကယ်နှစ်စီးပေါ်တွင် စိတ်ကြွဆေးပြား၂ သိန်းခန့်ကိုလည်း ဖမ်းဆီးမိခဲ့သေးသည်။

မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်အတွင်းရှိ တချို့သော တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့များက ထုတ်လုပ်နေကြပြီး တာချီလိတ်မြို့ဘက်မှ ထိုင်းနိုင်ငံအတွင်းသို့ သယ်ဆောင်ရောင်းချမှုများလည်း ရှိကြောင်း သတင်းဖော်ပြချက်များအရ သိရှိရသည်။

ယင်း ဒေသတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့ တဖွဲ့ ဖြစ်သော ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်ဖွဲ့(UWSA) သည် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများကို အာရှတွင် အမြောက်အမြား ကျယ်ပြန့်စွာ ထုတ်လုပ်နေသည့် အဖွဲ့ တဖွဲ့ဖြစ်ကြောင်း အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ကဆို သည်။

တချိန်တည်းတွင်ပင် မြန်မာအာဏာပိုင်များကလည်း မူးယစ်ရာဇာ နော်ခမ်းကို ဖမ်းဆီးမိန့် ထုတ်ပြန်ထားသည်။ နော်ခမ်းသည် ရွှေတြိဂံဒေသတွင် မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးနေသူဖြစ်ပြီး ၎င်းမှာ တရုတ်၊ ထိုင်းနှင့် လာအို နိုင်ငံများကလည်း အလို ရှိနေသူ ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်