ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဝါရင့်နိုင်ငံရေးသမားကြီးများ တောင်းဆို

E-mail Print
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းကြည်အပေါ် ချမှတ်ထားသော ဆိုင်းငံ့ပြစ်ဒဏ်များ အပါအ၀င် အားလုံးသော ပြစ်ဒဏ်များကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထံသို့ ၀ါရင့် နိုင်ငံရေး လှုပ်ရှားနေသူများက တောင်းဆိုလိုက်သည်။

အဆိုပါ ၀ါရင့်နိုင်ငံရေးသမားများက ရဲတာဝန်ရှိသူများနှင့်တဆင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထံသို့ လွန်ခဲ့သည့် အပတ် စနေနေ့တွင် “အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား ချ မှတ်ထားသည့် ပြစ်ဒဏ်များမှ လွတ်ငြိမ်းခွင့်ပြုပါရန် မတ္တာရပ်ခံခြင်း”ဟု ရေးသားထားသော စာကို ပေးပို့ခဲ့ခြင်းဖြစ် သည်။

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရေးနှင့် တွေ့ဆုံဆွေးနွေးရေးများကို အမြဲတမ်း တောင်းဆိုနေသော်လည်း အာဏာပိုင်များက တစုံတရာ အကြောင်းပြန်မကြားခဲ့ကြောင်း ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ဧရာဝတီသို့ပြောသည်။

“အကြောင်း မပြန်ပေမယ့် အရေအတွက်ကနေ အရည်အချင်း ဖြစ်ရမယ်ဆိုတဲ့ သဘောမျိုးနဲ့ တောင်းပါများရင် သူတို့ သဘော ပေါက်လာမယ်၊ နားလည်လာပြီးတော့ လိုက်ပြီး ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ပြီးတော့ အခါအခွင့်သင့်တိုင်း ပေးပို့ မတ္တာရပ်ခံတာပါ”ဟု သခင်ချန်ထွန်းက ဆိုသည်။

ဝါရင့်နိုင်ငံရေးသမားများ၏ ပေးပို့စာတွင်“ ဒေါ်အောင်ဆန်းစုကြည်အား တရားရုံးမှ ချမှတ်သည့် ပြစ်ဒဏ်ကို ထက်ဝက်မျှကျခံစေရန် နှင့် ကျန်ရှိသောပြစ်ဒဏ်ကိုလည်း ဆိုင့်ငံ့လိုက်သည်ဟု သတင်းစာများတွင် ဖတ်ရှုသိရှိရ သဖြင့် ဗိုလ်ချုပ်အောင်ဆန်း နှင့်အတူ မြန်မာ့ လွတ်လပ်ရေးအတွက် ကြိုးပမ်း တိုက်ပွဲဝင်ခဲ့ကြရာတွင် အသက် မသေဘဲ ကျန်ရှိနေသော သက်ကြီးရွယ်အို နိုင်ငံရေးသမားများအနေ နှင့် တစုံတခုသော အတိုင်းအတာအထိ စိတ်သက်သာရာ ရရှိခဲ့သည်” ဟု ရေးသား ဖော်ပြထားသည်။

ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီး၌ ရှိသော အုပ်ချုပ်မှုဆိုင်ရာ အခွင့်အာဏာများ၊ လုပ်ပိုင်ခွင့်များ အရ ဒေါ်အောင်ဆန်း စုကြည် အပေါ် ချမှတ်ထားသော ဆိုင်းငံ့ပြစ်ဒဏ် အပါအ၀င် အားလုံးသော ပြစ်ဒဏ်များမှ လုံးဝ လွတ်ငြိမ်း ချမ်းသာပေးပါရန် ၀ါရင့်နိုင်ငံရေးသမားများက မတ္တာရပ်ခံကြောင်း ၎င်း ပေးပို့စာတွင် ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေလအတွင်း သူ၏အိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန်နိုင်ငံ သားတဦးကြောင့် အင်းစိန်ထောင်တွင်း အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ သည်။

သို့သော်လည်း စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး သန်းရွှေ ၏ အမိန့်ဖြင့် ကျခံရမည့် ထောင်ဒဏ်ကို ထက် ဝက် လျှော့ချ၍ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ စီရင်ချက် ချမှတ်ခံရကာ နေအိမ်သို့ ပြန်လည် ပို့ဆောင် ထိန်းသိမ်း လိုက်သည်။

ထို ပြစ်ဒဏ်လျှော့ပေါ့ရခြင်း အကြောင်းအရင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်၍ လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ အာဃာတ မရှိစေရေး အတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေး အတွက် လည်းကောင်း ဖြစ်သည်ဟု ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်