ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံ လာမည့်အပတ် တင်မည်

E-mail Print
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမှု အယူခံကို လာမည့်အပတ်တွင် ရန်ကုန် တိုင်းတရားရုံး၌ စတင်ကြားနာမည်ဟု ၎င်း၏ရှေ့နေ ဦးကြည်ဝင်းက ပြောသည်။

အဆိုပါကိစ္စ နှင့် ပတ်သက်၍ အယူခံလွှာ မူကြမ်းကို တင်ပြရန် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ၎င်း၏ရှေ့နေများက ယနေ့ သွားရောက် ဆွေးနွေးခဲ့ပြီး လိုအပ်သည့် အချက်များကို ပြင်ဆင်ရေးသားကာ တရားရုံးသို့ တင်မည်ဟု ဦးကြည်ဝင်းက ဆိုသည်။

“အယူခံကို ပြန်ရေးမယ်၊ အချိန်ရရင် ဒီည ရေးမယ်၊ ရေးပြီး မနက်ဖြန် စကားပြောဖြစ်မယ်၊ ညှိနှိုင်းမယ်၊ အဆင်ပြေရင် လာမယ့်အပတ် တနင်္လာနေ့နဲ့ အင်္ဂါနေ့လောက်မှာ တင်ဖြစ်မယ်” ဟု ၎င်းက ဆက်ပြောသည်။

အယူခံ မူကြမ်းတွင် မည်သည့် အကြောင်းအရာများ ရေးသားထားသည်ကို မသိရှိရသေးပေ။ ဒေါ်အောင်ဆန်းစု ကြည်၏ အမှုတွဲတွင် ပါဝင်သော ဒေါ်ခင်ခင်ဝင်းနှင့် မ၀င်းမမ တို့ကိုလည်း အယူခံတင်ရန်အတွက် ဆွေးနွေးခဲ့ ကြောင်း သိရသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး ပုံမှန် စစ်ဆေးပေးနေကျ ဆရာဝန် ဒေါက်တာ တင်မျိုးဝင်းနှင့် ဆက်လက် ကုသခွင့်ရရန် အာဏာပိုင်များထံ တောင်းဆိုထားကြောင်းကိုလည်း ဆွေးနွေးခဲ့ သည်ဟု  ဦးကြည်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ကျန်းမာရေး စစ်ဆေးရန်အတွက် အစိုးရ အာဏာပိုင် များက သြဂုတ်လ ၁၁ ရက်နေ့တွင် စီစဉ်ပေးခဲ့သည့် အမျိုးသမီး ဆရာဝန်ကို လက်မခံလိုသောကြောင့် ဒေါက်တာ တင်မျိုးဝင်းနှင့် ပြန်လည် ကုသစစ်ဆေးခွင့်ရရန် တောင်းဆိုထားခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေလအတွင်း ၎င်း၏နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသားကြောင့် ရုံးတင် တရားစွဲခံခဲ့ရခြင်းဖြစ်သည်။ ထိုအမှုတွင် အင်းစိန်ထောင်တွင်း အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။ သို့သော် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ကျခံရမည့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ စီရင်ချက် ချမှတ်ခံခဲ့ရသည်။

ထိုသို့ ပြစ်ဒဏ်လျှော့ပေါ့ရခြင်း အကြောင်းအရင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်၍ လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ အာဃာတ မရှိစေရေး အတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေး အတွက် လည်းကောင်း ဖြစ်သည်ဟု အာဏာပိုင်တို့က ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်