မြန်မာအလှဖန်တီးရှင်များ ပထမဆုံးအကြိမ် မယ်ရွေးပွဲ ကျင်းပ

E-mail Print
မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် တရားဝင် ခွင့်ပြုမှုဖြင့် ကျင်းပနိုင်ခဲ့သော အလှဖန်တီးရှင်များ အဖွဲ့၏ The Miss Red Ribbon Beauty Contest 2009 ပြိုင်ပွဲကို ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇ၏သား  ပြည်ဖြိုးတေဇနှင့် ဦးတေဇ၏မရီး ဒေါ်ယုဇော် (ခေါ်) မကြီးထူးတို့က ဦးစီးကျင်းပပေးခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲ ကျင်းပနိုင်ရေးကို အလှဖန်တီးရှင်များအဖွဲ့က အာဏာပိုင်များထံမှ ခွင့်ပြုမိန့် မရသဖြင့် မြန်မာနိုင်ငံ အတွင်း အလှကုန်ပစ္စည်းများ၊ ဆေးဝါးများ၊ လူသုံးကုန်ပစ္စည်းများ တင်သွင်းနေသော ZAR & ZAR CO., LTD ပိုင်ရှင် ဒေါ်ယုဇော်ထံ အကူအညီတောင်းခံ၍ HIV/ AIDS ရန်ပုံငွေပွဲဟူ၍ အမည်ခံကာ ကျင်းပနိုင်ခဲ့ကြောင်း ပြိုင်ပွဲစီစဉ်သူ တဦးက ပြောသည်။

“မိန်းမလျှာတွေအတွက်  ဒီပွဲက အကြီးကျယ်ဆုံးနဲ့ အခမ်းနားဆုံး ကျင်းပပေးနိုင်တာ။ ကျမတို့အတွက် ဒီလို အခွင့် အရေးတွေ ပေးသင့်ပါတယ်” ဟု ပြိုင်ပွဲဝင် အလှဖန်တီးရှင် တဦးက ဆိုသည်။

The Miss Red Ribbon Beauty Contest 2009 ပြိုင်ပွဲကို သြဂုတ်လ ၂၉ ရက်နေ့ညနေ ၅ နာရီမှစတင်၍ ရန်ကုန် ဆီဒိုးနားဟိုတယ်တွင် ကျင်းပခဲ့ပြီး အလှဖန်တီးရှင် ၃၅ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

“ကျနော်တို့ ပထမလျှောက်တုန်းက ပါမစ်မပေးဘူး။ ဦးတေဇရဲ့မရီး လုပ်မှ ပါမစ်ချပေးတာပါ” ဟု ၎င်း အခမ်းအနား ကျင်းပရန် စီစဉ်ဆောင်ရွက်သူ တဦးဖြစ်သည့် အလှဖန်တီးရှင် ရဲရဲက ဆိုသည်။

ယင်းပြိုင်ပွဲကို အနုပညာရှင်များ၊ စစ်အစိုးရ အသိုင်းအ၀န်းမှ ဗိုလ်မှူး၊ ဗိုလ်ချုပ်ကတော်များ၊ စာနယ်ဇင်းမှ သတင်းစာဆရာများ တက်ရောက်ခဲ့သည်။

“ဒီလိုပွဲတွေကြတော့ အစိုးရကခွင့်ပြုတယ်။ ဘုန်းဘုန်းတို့ တရားပွဲဖြစ်ဖို့ ဆိုရင် ထောက်ခံစာ ယူရတာနဲ့၊ အဲဒီလိုပွဲမှာ ကုန်မယ့်အစား လူမှုရေးတခုခုမှာ လှူလိုက်ရင် ကုသိုလ်ရတာပေါ့” ဟု ရန်ကင်းမြို့နယ်မှ ဆရာတော်တပါးက မိန့်သည်။

ZAR & ZAR CO., LTD မှ အဓိက ပံ့ပိုးစီစဉ်ခြင်းဖြစ်ပြီး တခြားသော ကုမ္ပဏီ၊ အဖွဲ့အစည်းများလည်း ပံ့ပိုးကူညီရကြောင်း သိရသည်။

“မကြီးထူးတို့ လုပ်တော့ စပွန်ဆာ ၀ိုင်းပေးကြတာပေါ့။ ဒါတောင် ကုမ္ပဏီ တော်တော်များများ ကျန်ခဲ့တာ။ ဒီမှာ ရောင်းရတဲ့ ငွေတွေကို လှူဒါန်းမှာပါ” ဟု အစီအစဉ်ဖြစ်မြောက်ရေးတွင် ပါဝင်သည့် ကုမ္ပဏီအကြီးအကဲ တဦးက ဆိုသည်။

အဆိုပါ ပြိုင်ပွဲ ကျင်းပရာတွင် သိန်း၂၀၀ နီးပါးကုန်ကျပြီး HIV/AIDS အတွက် ၃၄ သိန်းသာ လှူဒါန်းနိုင်ခဲ့ကြောင်း ပြိုင်ပွဲစီစဉ်သူများထံမှ သိရသည်။

“ဒီပွဲမှာ စပွန်ဆာပေးတဲ့ ကုမ္ပဏီတွေရဲ့ ပစ္စည်းကြော်ငြာတာမဆန်းပါဘူး။ ဒါပေမယ့် ဇာဇာ ကုမ္ပဏီက တင်သွင်း တဲ့ ယောက်ျားး အားတိုးဆေး MAXMATE အမှတ်တံဆိပ်ကို ဒီလိုပွဲမျိုးမှာ ကြော်ငြာတယ်။ သတင်းယူဖို့သာ လာရတယ်။ လုံးဝ မကြိုက်ဘူး” ဟု သတင်းထောက် တဦးက ပြောသည်။

နိုင်ငံတကာတွင် အလှဖန်တီးရှင်များအတွက် အဆိုပါ ပြိုင်ပွဲများကျင်းပခြင်းမျိုးသည် မဆန်းသော်လည်း မြန်မာနိုင်ငံတွင် လက်ခံနိုင်ရန် ခဲယဉ်းကြောင်း ပြိုင်ပွဲလာရောက်ကြည့်ရှုသူ အလှဖန်တီးရှင် တဦး၏ မိခင်က ဆိုသည်။

“တို့အတွက် အခွင့်အရေးလေးတော့ ပေးသင့်ပါတယ်။ မိန်းမလျှာ ဆိုတဲ့ နာမည်ကြီးကို ဘယ်လိုချင်မလဲ။ ဒီလို မိန်းမလို နေရတာကို ကြိုက်တာကိုး။ နောက်ဆို ငွေရှိလာရင် မိန်းမဘဝကို ပိုင်ဆိုင်လာနိုင်ပြီလေ။ ဒီ လိင် ပြောင်းလဲတာကိုလည်း မြန်မာလူမျိုးတွေက လက်မခံ ပေးနိုင်ပြန်ဘူး” ဟု အလှဖန်တီးရှင် တဦးက ပြောသည်။

The Miss Red Ribbon Beauty Contest 2009 ပြိုင်ပွဲတွင် ပထမဆုကို ကျပ် ၅ သိန်း၊ ဒုတိယဆု ကျပ် ၃ သိန်း၊ တတိယဆု ကျပ် ၂ သိန်းချီးမြှင့်ခဲ့ပြီး တခြားဆုများလည်း ချီးမြှင့်သည်ဟု သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်