လွှတ်တော်ဆောက်ရန် သိန်း ၅၀ အထက် အလှူခံ

E-mail Print
နေပြည်တော်မှ ဆောက်လုပ်နေဆဲ လွှတ်တော် အဆောက်အအုံအတွက် စီးပွားရေး လုပ်ငန်းရှင်များထံမှ တဦးလျှင် ကျပ်သိန်း ၅၀ ကျော်စီ အလှူခံလျက် ရှိကြောင်းသိရှိရသည်။

ထိုလွှတ်တော် အဆောက်အအုံသစ်အတွက် စီးပွားရေးလုပ်ငန်း အနေအထားပေါ်တွင် မူတည်ပြီး ကုမ္ပဏီတခုလျှင် အနည်းဆုံး ကျပ် သိန်း ၅၀ နှင့်အထက် အလှူခံလျက်ရှိကြောင်း စီးပွားရေး လုပ်ငန်းရှင် တဦးက ပြောဆိုသည်။

“ကျနော်တို့ ကုမ္ပဏီက သစ်တန်ချိန် ၅၅၀၀ လှူရမယ်။ ကျွန်း အပါအဝင် တခြား သစ်မာတွေပါရမယ်။ အမျိုးအစားညံ့တာတော့ လက်မခံဘူးလို့ မှာတယ်၊ ရှေ့အပတ်အတွင်း အရောက်ပို့ပေးရမယ်” ဟု သူက
ပြောသည်။

လက်ရှိသစ်ပေါက်ဈေး အနေနှင့် ကျွန်းသစ် တတန်လျှင် အကောင်းအညံ့ပေါ် မူတည်၍ ကျပ် ၁၈ သိန်းမှ ၂၂ သိန်း ၀န်းကျင်၊ အလယ်အလတ်တန်းစား သစ်မာ တတန်လျှင် ကျပ် ၈ သိန်းဝန်းကျင်အစားစား ရှိပြီး သစ်အညံ့စား များမှာမူ ကျပ် ၃ သိန်း ခွဲ ဝန်းကျင် ဈေးခန့် ရှိကြောင်း သိရှိရသည်။

ရန်ကုန် ပြည်သူ့ရင်ပြင်ရှေ့တွင် လွှတ်တော်အဆောက်အအုံ ရှိသော်လည်း ထိုလွှတ်တော်အဆောက်အအုံမှာ ခေတ်အဆက်ဆက် မအောင်မြင်သော အစိုးရများတက်ခဲ့သည့် လွှတ်တော်ဖြစ်၍ အတိတ်နိမိတ် မကောင်းဟု ယူဆသောကြောင့် ဗိုလ်ချုပ်မှူးကြီးက နေပြည်တော်တွင် လွှတ်တော် အဆောက်အအုံသစ် ဆောက်လုပ်ခိုင်းခြင်းဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များ အသိုင်းအဝန်းတွင် ပြောဆိုနေကြသည်။

ပြည်ပမှ မြေသြဇာများ၊ ပိုးသတ်ဆေးများကို ပြည်တွင်းသို့ တင်သွင်း ရောင်းချလျက်ရှိသော ကုမ္ပဏီ တခုကိုလည်း လိုအပ်သည့်ဘိလပ်မြေများအား ရက် ၁၀၀ အတွင်း ပို့ပေးရန် ပြောဆိုထားကြောင်း သိရှိရသည်။

“လွှတ်တော် အဆောက်အအုံအတွက် လုပ်ပေးရတဲ့ ပမာဏကတော့ တော်တော်များတယ်၊ ကိုယ် တယောက်တည်း လည်းမဟုတ်ဘူး၊ အဲဒီလို လုပ်ပေးတဲ့အတွက် တဘက်ကလည်း ပြန်ပြီး ကြည့်မှာပဲ။ အကျိုးအမြတ်တော့ရှိပါတယ်” ဟု စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။

ဆောက်လုပ်ဆဲ လွှတ်တော်အဆောက်အအုံကို ACE ဆောက်လုပ်ရေးကုမ္ပဏီ အပါအ၀င် တခြား ဆောက်လုပ်ရေးကုမ္ပဏီ ၂ ခုတို့က တာဝန်ယူဆောက်လုပ်ပေးနေပြီး ၂၀၁၀ မတိုင်မီ အပြီး ဆောက်လုပ်ရမည် ဟုလည်း ကြားသိရသည်။

မြန်မာနိုင်ငံတွင် အစိုးရနှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင် ၂၀ ကျော်ခန့်ရှိသည်ဟု သိရသည်။

ထိုလုပ်ငန်းရှင်များက အစိုးရလိုအပ်သော လုံခြုံရေး စရိတ်များနှင့် တခြား လိုအပ်သော ငွေကြေး အကူအညီများ ပေးလျက်ရှိပြီး အစိုးရကလည်း ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို ပြန်လည်ပံ့ပိုးပေးခြင်း၊ လုပ်ကွက်အသစ်များ ချပေးခြင်း၊ ပါမစ်များထုတ်ပေးခြင်း လုပ်ပိုင်ခွင့်များပေးခြင်းဖြင့် ကူညီပေးလျက် ရှိကြောင်း သိရှိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်