ရန်ကုန်တိုင်းနှင့် ဒေသတချို့တွင် ၁၈ နှစ်အထက် လူဦးရေစာရင်းကောက်ယူ

E-mail Print
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် သက်ဆိုင်ရာ အာဏာပိုင်များက အသက် ၁၈ နှစ် ပြည့်ပြီးသော လူဦးရေ စာရင်းများလိုက်လံ ကောက်ယူလျက်ရှိရာ ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေခြင်းဖြစ်မည်ဟု အများက ယူဆနေကြသည်။

ထိုလူဦးရေစာရင်းများကို ရန်ကုန်တိုင်းအတွင်းရှိ သင်္ဃန်းကျွန်း၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ သာကေ တ၊ ကျောက်တံတား၊ အလုံ စသောမြို့နယ်များတွင် အထက်ညွှန်ကြားချက်အရ လိုက်လံကောက်ယူခြင်း ဖြစ် ကြောင်း ရန်ကုန်တိုင်းအေးချမ်းသာယာရေးနှင့်ဖွံ့ ဖြိုးရေးကောင်စီမှ တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောသည်။

ဤသို့ စာရင်းများလိုက်လံကောက်ယူရာ၌ အိမ်ထောင်စု တစုတွင်ရှိသည့် အသက် ၁၈ နှစ် ပြည့်ပြီးသော လူဦးရေ ထဲမှ နိုင်ငံရပ်ခြားနှင့်ပြည်တွင်းရှိ တခြားသောဒေသများတွင် လ ၊ နှစ် ချီ၍ အလုပ်လုပ်ကိုင်နေသူများကို သန်းခေါင် စာရင်းမှ ပယ်ဖျက်အဖြစ် သတ်မှတ်ကြောင်းလည်း ၎င်း တာဝန်ရှိသူက ဆိုသည်။

ယင်းလူဦးရေစာရင်းကောက်ယူခြင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့ အစည်းများက မည်သည့် အတွက် ကောက်ယူခြင်းဖြစ်ကြောင်း ရှင်းလင်းမှုမရှိဟု သင်္ဃန်းမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။

“တအိမ်ဝင် တအိမ်ထွက်လာကောက်တယ်။ ဘာလုပ်ဖို့ ဆိုတာ မပြောဘူး။ မှန်မှန် ကန်ကန်ဆိုရှင်းပြသင့် တယ်”ဟု ၎င်းက ဆိုသည်။

ထိုသို့ အကြောင်းပြချက်မပေးဘဲ လူဦးရေ စာရင်းကောက်ခံနေမှုသည် ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်ဆင် နေခြင်း ဖြစ်နိုင်ကြောင်း ရန်ကုန်လူထုကြားတွင် ပြောဆိုမှုများရှိနေသည်။

လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် မေလက စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် အတည်ပြု ဆန္ဒခံယူပွဲ မကျင်းပမီ ယင်းကဲ့သို့ လူဦးရေ စာရင်းကောက်ယူရာတွင် အဝေးရောက်နေသူများကို မိသားစု သန်းခေါင်စာရင်းမှ ပယ် ဖျက်ခဲ့ကြောင်း ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်မှ ဒေသခံ လူငယ်တဦး ကပြောပြသည်။

“အဲဒီတုန်းက ကျနော်က ထိုင်းမှာ လာအလုပ်လုပ်နေတာ၊ ကျနော့်နာမည်ကို သန်းခေါင် စာရင်း က ပယ်ထား တယ်”ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင်လည်း မယက နှင့် လူဝင်မှုကြီးကြပ်ရေး ဌာနတို့မှ ယခုလအတွင်း သန်းခေါင်စာရင်း စစ်တမ်း ကောက်ယူများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်အတွင်းရှိကျေးရွာများတွင် ဒေသအာဏာပိုင်များက သန်းခေါင်စာရင်း စစ် တမ်းကောက်ယူမှုများ ပြုလုပ်သည်ဟု မွန် လူ့အခွင့်အရေးအဖွဲ့မှ အော မွန် က ပြောသည်။

“မိသားစု စာရင်းတွေကောက်ဖို့ ရွာတိုင်းမှာရှိတဲ့ ရွာလူကြီးတွေကို ညွှန်ကြားထားတယ်”ဟု ၎င်းက ပြောဆိုသည်။
ယင်းသို့ မိသားစုဝင် သန်းခေါင်စာရင်းအသစ် ကောက်ယူမှု ပြုလုပ်နေခြင်းနှင့် ပတ်သက်ပြီး ဒေသခံများက ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ယူဆနေကြသည်။

တချိန်တည်းတွင်ပင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း(ကြံ့ဖွံ့) ကလည်း ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပြင်ဆင်စည်းရုံးသည့်အနေဖြင့် ရန်ကုန်တိုင်း ဒလမြို့နယ်ရှိ အခြေခံလူတန်းစားများကို ငွေကြေး ထုတ်ချေး မှုများ ပြုလုပ်နေ ကြောင်း ဒေသခံများက ပြောသည်။

“ဟိုဘက် ရက်ပိုင်း လောက်က နာမည်စာရင်းကောက်သွားတယ်။ နောက်ပြီး ကြံ့ ဖွံ့ တွေက ပိုက်ဆံ ချေးမယ်။ ရွေးကောက်ပွဲမှာ သူတို့ ထည့်ခိုင်းတဲ့မဲပုံးထဲ မဲထည့်ဖို့ ပြောသွားတယ်”ဟု ဒလမြို့ ခံတဦးက ဧရာဝတီကိုပြော သည်။

ကြံ့ဖွံ့အသင်းက ရန်ကုန်မြို့တွင်းတွင် လမ်းခင်းခြင်း၊ ရေ အခက်အခဲ ဖြစ်ပွားသော နေရာများတွင် ရေဝေ ခြင်း၊ နောက်ဖေးလမ်းကြားများကို သန့်ရှင်းရေးလုပ်ပေးခြင်း၊ ကျောင်းဆောက်ခြင်း စသည့် လုပ်ငန်းများကို လုပ်ကိုင် ပေးနေပြီး အဆိုပါ အသင်းကို ပြည်သူများယုံကြည်မှုရှိလာစေရန် ယင်းကဲ့သို့ ပြုလုပ်စည်းရုံးနေခြင်းဖြစ်ကြောင်း ရန်ကုန် မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ပြည်တွင်း သတင်းထောက်များကို ပြောကြားသည်။

ထို ကြံ့ဖွံ့အသင်းသည် ၂၀၁၀ရွေးကောက်ပွဲဝင်ရန် နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းလဲ မည်ဆိုသော သတင်းများ လည်းထွက်ပေါ်နေသည်။

စစ်အစိုးရက ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်ပေးမည်ဟု ကြေညာထားသော်လည်း ရွေးကောက်ပွဲ ဥပဒေ အား ယခုအချိန်အထိ ထုတ်ပြန်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် အပတ်အတွင်း ဖြစ်ပွားသော စစ်အစိုးရက တရုတ်-မြန်မာ နယ်စပ်ဒေသရှိ ကိုးကန့် တပ်ဖွဲ့ဝင်များကို တိုက်ပွဲ ဆင်နွဲခြင်းသည် ၂၀၁၀ ရွေးကောက်ပွဲအား ရွှေ့ဆိုင်းလို၍ ဖြစ်ကြောင်း ဝေဖန်ပြောဆိုမှုများလည်း ရှိနေသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်