ဒေါ်အောင်ဆန်းစုကြည် အယူခံတင်ပြီ

E-mail Print
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား စစ်အစိုးရက ၁ နှစ်ခွဲ နေအိမ်အကျယ်ချုပ် စီရင်ချက်ချထားမှုနှင့် ပတ်သက်ပြီး ယနေ့ ရန်ကုန်တိုင်း တရားရုံးသို့ အယူခံတင်ခဲ့ ကြောင်း ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။
 
ယနေ့ နံနက် ၁၁ နာရီတွင် စတင် အယူခံတင်ခဲ့သော်လည်း တရားရုံးက နေ့လယ် ၂ နာရီခန့်မှ  လက်ခံရေး၊ လက်မခံရေးအတွက် ၄ ရက်နေ့ကို ရက်ချိန်ပေးလိုက်သည်ဟု ဦးဉာဏ်ဝင်း ကပြောဆိုသည်။  
 
“နက်ဖြန်ခါ လက်ခံရေး၊ လက်မခံရေး မနက် ၁၀ နာရီမှာ လျှောက်လဲချက်ပေးပါတဲ့၊ ကျနော်တို့ကတော့ လက်ခံဖို့ လျှောက်လဲချက်ပေးမှာပေါ့၊ အဲဒါပေးပြီးတော့မှ လက်ခံတယ် မခံဘူး အမိန့်ချမယ်၊ ဒါ ပထမအဆင့် ပါ၊ တကယ်လို့ လက်မခံဘူး ဆိုရင်တော့ high court သွားရမှာပေါ့၊ လက်ခံတယ် ဆိုရင်တော့ ဒီရုံးမှာပဲ နောက်ထပ် နောက်ဆုံး လျှောက်လဲချက်ပေးရဦးမှာပေါ့”ဟု ၎င်းက ပြောသည်။
 
အဆိုပါ အယူခံလွှာတွင် ဥပဒေကြောင်းဆိုင်ရာ အချက် ၁၁ ချက် ပါဝင်သည်ဟု ဆိုသော်လည်း ထိုအချက် အလက်နှင့်ပတ်သက်ပြီး ပြောခွင့်မရှိကြောင်း ဦးဉာဏ်ဝင်းက ဆိုသည်။
 
“တရားရုံးမှာ လျှောက်လဲရမယ့် ကိစ္စကို မလျှောက်လဲခင် ကျနော်တို့ မပြောနိုင်ပါဘူး”ဟု ၎င်းက ပြောသည်။
 
ယနေ့ အယူခံတင်ရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဖြစ်သော ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်းနှင့် ဒေါ်ခင်ဌေးကြွယ်တို့ သွားရောက်ခဲ့ကြောင်း သိရသည်။
 
ထို့အပြင် သြဂုတ်လ ဒုတိယပတ်အတွင်းက ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး အာဏာ ပိုင်များကစီစဉ်ပေးသော ဆရာဝန် အမျိုးသမီးတဦးကို လက်မခံလိုသောကြောင့် သူ၏ ပုံမှန် ဆေးကုသ စစ်ဆေး ပေးနေသည့် ဒေါက်တာ တင်မျိုးဝင်းနှင့်ဆက်လက် ကုသခွင့်ပေးရန်တောင်းဆို ထားသေးသည်။
 
ယင်း တောင်းဆိုချက်နှင့် ပတ်သက်ပြီး ဒေါက်တာ တင်မျိုးဝင်နှင့် ဆက်လက်ကုသခွင့် ပေးသည်၊ မပေးသည်ကို အာဏာပိုင်များက အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်းကိုလည်း ဦးဉာဏ်ဝင်း ကပြောသည်။
 
စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ချထားသည့် သက်တမ်း ၆ နှစ်ပြည့်မည့်  မေလပိုင်းတွင် အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထောက သူ၏ နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်မှုကို အကြောင်းပြုပြီး နေအိမ်အကျယ်ချုပ်ချိုးဖောက်မှုဖြင့် တရားဆွဲကာ အင်းစိန်ထောင်သို့ ပြောင်းရွှေ့လိုက်သည်။
 
သြဂုတ်လ ၁၁ ရက်နေ့၌ အင်းစိန်ထောင်တွင်း အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်သည်ကို စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ အမိန့်ဖြင့် ထက်ဝက် လျှော့ချ၍ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲဖြင့် ဆိုင်းငံ့ပြစ် ဒဏ်ချမှတ်ခဲ့သည်။
 
ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ နေထိုင်သည့် ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမ တို့သည်လည်း ထိုနည်းတူ တရားစွဲခံရသည်။ ကျူးကျော် ဝင်ရောက်ခဲ့သူ မစ္စတာ ယက်ထောကိုမူ ထောင် ၇ နှစ် စီရင်ချက်ချခဲ့ သော် လည်း ရက်ပိုင်းအတွင်း ပြန်လွှတ်ပေးခဲ့သည်။
 
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်