“ကြယ်စင်မော်ကွန်း” စတင်ရိုက်ကူး၊ စစ်ဗိုလ်ချုပ်များ ကန်တော့ပွဲ အခမ်းအနားတက်

E-mail Print
မြန်မာ့ တပ်မတော် နောက်ခံ ရုပ်ရှင် ဇာတ်ကား “ကြယ်စင်မော်ကွန်း” ကို ရိုက်ကူးရေးတွင် သမိုင်းစဉ်ဆက် ဖြစ်ပွားခဲ့သည့် နေရာဒေသများသို့ သွားရောက် ရိုက်ကူးမည်ဖြစ်ရာ ရိုက်ကူးမှု စတင်နေပြီ ဖြစ်ကြောင်း ဒါရိုက်တာ ပန်းချီ စိုးမိုးကပြောသည်။

ထို ဇာတ်ကားရိုက်ကူးရေး အတွက် အခန်းဆက် အပိုင်းလိုက် ရိုက်ကူးရမည်ဖြစ်ပြီး ရိုက်ကူးရေး ကာလ တနှစ်ခွဲအထိအချိန်ယူ ရိုက်ကူးရမည်ဟု ခန့်မှန်းကြောင်း ၎င်းက ဆိုသည်။

ဒါရိုက်တာ ပန်းချီ စိုးမိုးသည် နယ်ချဲ့တော်လှန်ရေး၊ ဖက်စစ် ဂျပန် တော်လှန်ရေး၊ လွတ်လပ်ရေး ကြိုးပမ်းမှု အဆိုပါ ခေတ်သုံးခတ်၏ တပ်မတော်အခန်းကဏ္ဍ သမိုင်းကြောင်း နောက်ခံ ရုပ်ရှင်ဇာတ်ကား အဖြစ် “ကြယ်စင်မော်ကွန်း”ကို ရိုက်ကူးနေခြင်းဖြစ်ကြောင်း သိရသည်။

ဒါရိုက်တာ ပန်းချီစိုးမိုးက“တပ်မတော် စ ဖွဲ့တာက ဖွဲ့တဲ့နေရာမှာ သွားရိုက်မယ် ၊ ဘီအိုင်အေ ခေတ်ဆိုရင် ဘီအိုင်အေ ခေတ်ပေါ့၊ တပ်မတော်ဖွဲ့ပြီး ကာလ တော်လှန်ရေးပေါ့၊ တိုက်ပွဲတွေကလည်း တကယ့်ဖြစ်စဉ်ပေါ့၊ တကယ့်ဖြစ်စဉ် ဖြစ်ခဲ့တဲ့ နေရာတွေမှာ ရိုက်မှာပါ၊ နောက်ပိုင်း မဲသဝေါ ဆို မဲသဝေါမှာ ပေါ့၊ သူ့ဒေသလေး တွေအလိုက်ရိုက်မယ့်အတွက်  သာမန် ရုပ်ရှင်ကား တကားလို တနေရာတည်းမှာ မပြီးဘူး” ဟု ဧရာဝတီကို ပြောသည်။

သူကဆက်လက်ပြီး“တကယ့်ဖြစ်စဉ်တွေ ပျက်သွားရင်တော့ မတတ်နိုင်ဘူးပေါ့၊ ဥပမာ အင်းစိန် တိုက်ပွဲ ရိုက် မယ်ဆိုရင် အခု အဲဒီမှာ ဘုရားတည်လိုက်တော့ အဲဒီလို location ပြောင်းသွားရင်တော့ မရတော့ဘူးပေါ့၊ အဲလိုမျိုးကျတော့ ဆင်တူရိုးမားပေါ့၊ အရင်က ဓာတ်ပုံ၊ သမိုင်းအထောက်အထား အတိုင်း ဆင်တူရိုးမှား ရိုက်ရမှာပေါ”ဟု ဆိုသည်။

ရုပ်ရှင် ဇာတ်လမ်း သရုပ်ဖော် ဇာတ်ကောင်များအဖြစ် မင်းသား လူမင်း၊ ဝေဠုကျော်၊ နေတိုး၊ သူထူးစံ၊ ထွန်းထွန်း(Example) ၊ ဇင်ဝိုင်း၊ ရဲအောင် ၊ မင်းသမီး များဖြစ်သော အိန္ဒြာကျော်ဇင်၊ တင့်တင့်ထွန်း၊ ပန်းဖြူ စသည်တို့အား သရုပ်ဆောင်ရန် ရွေးချယ်ထားသည်။

ဗိုလ်ချုပ်အောင်ဆန်း အဖြစ်သရုပ်ဆောင်မည့် သရုပ်ဆောင်ကိုမှု မရွေးချယ်ရသေးကြောင်း သိရသည်။

ယင်းရုပ်ရှင် ဇာတ်ကားကို တက္ကသိုလ် စိန်တင်၊ ဗိုလ်ချုပ်အောင်ဆန်း ၏ ကိုယ်ရေးအရာရှိ ဗိုလ်ထွန်းလှ (စာရေးဆရာ တက္ကသိုလ် နေဝင်း) စာရေးဆရာ ကျော်ငြိမ်း၊ ဒေါက်တာ မောင်မောင်၊ သုတေတီ မြင့်ထွန်း၊ တပ်မတော် မှတ်တမ်း စာအုပ် ၁၉၄၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ သမိုင်းဖြစ်စဉ် စာအုပ်များနှင့် သိမီ လိုက်သူ များအား မေးမြန်းခြင်းဖြင့် မှီငြမ်း ကိုးကားပြီး သမိုင်းကြောင်း နောက်ခံ ရုပ်ရှင် ဇာတ်ကားအဖြစ် ရိုက်ကူးမည် ဖြစ်ကြောင်း ဒါရိုက်တာ စိုးမိုးက ပြောသည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်ရေးအတွက် စစ်အစိုးရနှင့် နီးစပ်သူ မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက် (UMEHL ) ဒါရိုက်တာ ဗိုလ်ချုပ်ကြီးတင်အေး၏ သား ဦးဇော်မင်းအေးက တာဝန်ယူထားကြောင်း သိရသည်။ ဦးဇော်မင်းအေးသည် အနုပညာလုပ်ငန်းဖြစ်သော ပန်းချီ ကား အရောင်း၊ အဝယ် လုပ်ငန်း လုပ်ကိုင်ဖူးသူ ဖြစ်သည်။

ယမန်နေ့က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ ချက်ထရိယံ ဟိုတယ်၌ “တပ်မတော် ဂုဏ်ပြု ကြယ်စင်မော်ကွန်း” ဇာတ်ကား စတင်ရိုက်ကူးခြင်းနှင့် ကန်တော့ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း ယနေ့ အစိုးရထုတ် သတင်းစာ ရှေ့မျက်နှံဖုံးတွင်ဖော်ပြထားသည်။ အလားတူ မြန်မာ့ရုပ်မြင်သံကြားနှင့် မြဝတီရုပ်သံတွင်လည်း ဖော်ပြခဲ့ ကြောင်း သိရသည်။

ယင်းအခမ်းအနားသို့ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေနှင့် တိုင်းမှူး ဗိုလ်ချုပ် ဝင်းမြင့် တို့ တက်ရောက်ကြောင်း ပါရှိသည်။

ဒါရိုက်တာ ပန်းချီစိုးမိုးကလည်း“နိုင်ငံတော်အနေနဲ့ ရိုက်ချင်တယ်ဆိုပြီး ဇာတ်လမ်း တောင်းတယ်၊ ကျနော်က ဘာရိုက်ရင် ကောင်းမလဲ စဉ်စားပြီး နောက်တော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ် တပ်မတော် ထူ ထောင် တာပေါ့၊ ဗိုလ်ချုပ်အောင်ဆန်း သီးသန့်မဟုတ်ဘူး၊ ဒီဇာတ်လမ်းကို ကျောရိုးရေးပြီး တင်ပြလိုက်တယ်၊ သူတို့ ခွင့်ပြုတယ်၊ ပြီးတော့ အပြင် ထုတ်လုပ်သူကို ခွင့်ပြုလိုက်တယ်” ဟု ရှင်းပြသည်။

ဆက်လက်ပြီး“ တိုက်ပွဲမှာ သုံးတဲ့ ပစ္စည်းတွေ၊ ရှေ့ခေတ်က အသုံးပြုတဲ့ ပစ္စည်းတွေကိုလည်း နိုင်ငံတော်က ကူ ပါတယ်၊ အတုတွေနဲ့ ရိုက်ရင်လည်း ပရိသတ်က ရယ်မှာလေ၊ ကူညီပံ့ပိုးမှု က အဓိကကျပါတယ်”ဟု ၎င်းက ပြောသည်။

အသက် ၆၅ နှစ် ရှိပြီဖြစ်သော ဒါရိုက်တာ ပန်းချီ စိုးမိုး သည် လွန်ခဲ့သည့် နှစ်များအတွင်းက တပ်မတော် ဆိုင်ရာ ဇာတ်ကားများဖြစ်သော“သူရဲကောင်းများ ထွန်းကားသည်” “သားကောင်း မိခင်”နှင့် “ဖအေတူသား” စသည့်ကားများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်