မြန်မာ့အရေး ဖိအား ပိုပေးရန် ဂျပန်အစိုးရသစ်ကို တောင်းဆို

E-mail Print
မြန်မာပြည်အပေါ် ထားရှိသော ဂျပန်နိုင်ငံ၏ မူဝါဒကို ပြန်လည် သုံးသပ်၍ ပိုမို ပြင်းထန်သော နည်းလမ်းကို စဉ်းစားသင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ HRW က ဂျပန် နိုင်ငံခြားရေး ၀န်ကြီးသစ် မစ္စတာ ကာဆူယာ အိုကာဒါ ထံသို့ စာရေးသားပေးပို့ တောင်းဆိုလိုက်သည်။

ဂျပန်အစိုးရသစ်သည် မူဝါဒ ပိုမို ထိရောက်စေရေးအတွက် သံတမန်ရေး၊ ပိတ်ဆို့ ဒဏ်ခတ်ရေး၊ အကူအညီ ပေးရေး စသည့် နည်းလမ်းများဖြင့် လုပ်ဆောင်သင့်သည်ဟုလည်း စာတွင် ရေးသားထားသည်။

“အရင် ဂျပန်အစိုးရက လူ့အခွင့်အရေးကို မြှင့်တင်ဖို့ ကတိပေးခဲ့ပေမယ့် ထင်သာ မြင်သာတဲ့ အပြောင်းအလဲ တစုံတရာ မဖြစ်ခဲ့ပါဘူး။ အစိုးရသစ် အနေနဲ့ လူ့အခွင့်အရေးကို အဓိကထားတဲ့ နိုင်ငံခြားရေး မူဝါဒကို စတင် ကျင့်သုံးဖို့ အတွက် မြန်မာပြည်က အသင့်တော်ဆုံးနေရာ ဖြစ်ပါတယ်” ဟု HRW အဖွဲ့၏ ဂျပန် နိုင်ငံ ဆိုင်ရာ ညွှန်ကြားရေးမှူး ဒါရိုက်တာ မစ္စ ကာနေဒွိုင်းက ပြောသည်။

ဂျပန်နိုင်ငံ၏ လက်ရှိ မူဝါဒက စေ့စပ်ညှိနှိုင်းရေးနှင့် ကူညီ ထောက်ပံ့ရေးကို အဓိက ထားသည့် အတွက် လူ့အခွင့် အရေးနှင့် ပတ်သက်၍ တိုးတက်မှု အနည်းငယ်သာ ရှိကြောင်း၊ မြန်မာပြည် အတွက် အဓိပ္ပာယ် ရှိသော အပြောင်း အလဲ ပေါ်ပေါက်ရန် ငွေကြေးနှင့် ပတ်သက်သော ပိတ်ဆို့ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရာတွင် စစ်အစိုးရ ခေါင်းဆောင်များကို အဓိက ဦးတည်၍ ဖိအား ပေးသင့်ကြောင်း ယင်းစာတွင် ရေးသားထားသည်။

ဂျပန်အစိုးရ မူဝါဒ ပြောင်းလဲရေးအတွက် HRW အဖွဲ့ကြီးက တောင်းဆိုသကဲ့သို့ ဗြိတိန်နိုင်ငံမှ ထင်ရှားသူတဦးကလည်း အလားတူ တောင်းဆိုထားသည်။

ဗြိတိသျှ အမျိုးသမီး အဆိုတော်နှင့် ရုပ်ရှင် သရုပ်ဆောင် Jane Birkin က ဂျပန်အစိုးရသစ်သည် မြန်မာပြည် ဒီမိုကရေစီ အရေး အတွက် စစ်အစိုးရအပေါ် ပိတ်ဆို့ အရေးယူမှုများ ဆောင်ရွက်သည့်နည်းဖြင့် ပိုမို ဖိအားပေးရန် တောင်းဆိုလိုက်သည်။

အသက် ၆၂ နှစ်အရွယ်ရှိ Jane Birkin သည် ဒေါ်အောင်ဆန်းစုကြည်ဟု အမည်ရသော သီချင်းကို ရေးစပ်ခဲ့ပြီး စစ်အစိုးရ ဆန့်ကျင်သည့် ဆန္ဒပြပွဲများတွင်လည်း ပါဝင်ခဲ့သူ ဖြစ်သည်။

ဗုဒ္ဓဟူးနေ့က ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသူ မစ္စတာ ဟာတိုယာမသည် မြန်မာပြည် ဒီမိုကရေစီရေး အတွက် ဖွဲ့စည်းထားသော လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ (Parliamentary League to Promote Democracy in Burma) တွင် ပါဝင်ခဲ့ပြီး မြန်မာ့ ဒီမိုကရေစီရေးနှင့် ဒေါ်အောင်ဆန်းစုကြည်ကို အစဉ်တစိုက် ထောက်ခံခဲ့သူဖြစ်သည် ဟု ဂျပန် သုတေသနပညာရှင် မစ္စ ယူကီ အာကီမိုတိုက ပြောသည်။

သြဂုတ်လ ဂျပန်ရွေးကောက်ပွဲ မတိုင်မီ ဂျပန်နိုင်ငံသို့ တပတ်ကြာ သွားရောက်ခဲ့သည့် စစ်အစိုးရ ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်ချုပ်ဌေးဦး၏ ခရီးစဉ်သည် DPJ ပါတီ အာဏာရလာပါက ဖြစ်ပေါ်လာနိုင်သော အကျိုးသက်ရောက်မှုကို လေ့လာရန်အတွက် ဖြစ်ပြီး၊ နောင် တက်လာမည့် ၀န်ကြီးချုပ် ဟာတိုယာမ၏ တင်းမာသည့် သဘောထားကို ဗိုလ်ချုပ်ဌေးဦးက ရိပ်စားမိသွားသည်ဟု လေ့လာသူများက ဆိုသည်။

ခရီးစဉ်အတွင်း ဂျပန်အစိုးရက လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီး၊ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးအသင်း၏ အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ်ဌေးဦးကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ရန် တောင်းဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် စီရင်ချက် ချခံရအပြီးတွင် ဂျပန်နိုင်ငံက စိတ်ပျက်မိသည်ဟု ထုတ်ဖော် ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ရန် ကြေညာချက် ထုတ်ပြန်ခဲ့သေးသည်။

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိက အလှူရှင် နိုင်ငံ တနိုင်ငံ ဖြစ်ပြီး ၁၉၉၉ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ဖွံ့ဖြိုးရေး ဆိုင်ရာ ထောက်ပံ့မှုအတွက် အမေရိကန် ဒေါ်လာ ၂.၉၆ ဘီလျံ ပေးလှူခဲ့ကြောင်း ဂျပန် တာဝန်ရှိသူများ၏ ပြောဆိုချက်အရ သိရသည်။

၂၀၀၇ ခုနှစ် ရန်ကုန်မြို့ရှိ သံဃာများ ဆန္ဒပြစဉ် သတင်း ယူနေသော ဂျပန်သတင်းထောက် မစ္စတာ ကန်ဂျီး နာဂါအိ ပစ်ခတ်ခံရသဖြင့် သေဆုံးပြီးနောက် ဖွံ့ဖြိုးရေး ဆိုင်ရာ အလှူငွေများကို ဂျပန်အစိုးရက ခေတ္တ ရပ်ဆိုင်းထားခဲ့သေးသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်