နိုင်ငံခြား ဆန်တင်ပို့မှု ရာထားချက်တိုး၊ ဆန်ဈေးတက်

E-mail Print
ယခုနှစ် မြန်မာနိုင်ငံမှ နိုင်ငံခြားသို့ ဆန်တင်ပို့မှုကို ပြီးခဲ့သည့်နှစ်ထက် တိုးမြှင့်ပြီး ပို့ရန်စီစဉ် နေသောကြောင့် ရန်ကုန်မြို့ တွင် ဆန်ဈေးများ တက်သွားကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်က ဆန်တန်ချိန် ၆သိန်းကျော်တင်ပို့ခဲ့သော်လည်း ယခုနှစ်တွင် ဆန်တန်ချိန် ၁ သန်းကျော် တင်ပို့နိုင်ရန် စစ် အစိုးရမှ စီစဉ်နေပြီး၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်(UMEHL) တခုတည်းကိုပင် ဆန်တန်ချိန် ၆သိန်းခွဲ သတ်မှတ် ထားကြောင်း၊ ထို့အတွက်ကြောင့် ဆန်ဈေးများ တက်သွားခြင်းဖြစ်နိုင်ကြောင်း ဆန်ကုန်သည်ကြီးများ အသိုင်းအ၀ိုင်းက ပြောဆိုနေကြသည်။

“အိတ်စ်ပို့ဆန် ဈေးတက်သွားတယ်၊ မနေ့ကစပြီး တအိတ်ကို ကျပ် ၃၀၀ လောက်တက်သွားတယ်” ဟု ဘုရင့်နောင်ပွဲရုံ တန်းမှ ဆန်လုပ်ငန်းရှင်တဦး ကပြောသည်။

အဆိုပါ နိုင်ငံခြားသို့တင်ပို့နေသော အိတ်စ်ပို့ ဆန်အမျိုးအစားသည် မြန်မာနိုင်ငံရှိ လူများစုစားသုံးနေသော ဧည့်မထ နှင့် ငစိန်ဆန် အမျိုးအစားဖြစ်ကြောင်း၊ ပြီးခဲသည့် ရက်ပိုင်းက တတင်းခွဲ တအိတ်လျှင် ၁၃၇၀၀ကျပ်ဈေးမှ ယနေ့၁၄၀၀၀ကျပ် အထိဈေးနှုန်း မြင့်တက်သွားကြောင်းသိရသည်။

ယခုနှစ်အတွက် ဦးပိုင်လီမိတက် တခုတည်းကိုပင် တန်ချိန် ၆သိန်း ခွဲရာထားကြောင်း ၊ အခြားသော ကုန်သည် ကြီးများ မှလည်း ဆန်တင်ပို့မှုကိုတိုးမြှင့်လျှင် ဆန်တန်ချိန် ၁သန်း ကျော်ဖြစ်သွားနိုင်ကြောင်း ဆန်ကုန်သည် အသိုင်းအ၀ိုင်းက ခန့်မှန်းပြောဆိုကြသည်။

“မနှစ်က  နိုင်ငံခြားကို ပို့တာ ဦးပိုင်တခုတည်း တန်ချိန်၂သိန်းခွဲလောက်ပဲရှိတယ်၊ အခုဦးပိုင်ကို တန်ချိန် ၆သိန်းခွဲ ချပေး ထားတယ်၊ ဒါတောင် ဧရာရွှေဝါတို့၊ ဧရာဟင်္သာတို့မပါသေးဘူး”ဟု ဘုရင့်နောင်ပွဲရုံ ဆန်လုပ်ငန်းရှင် က ဆိုသည်။

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်(UMEHL ) က နိုင်ငံခြားတိုင်းပြည်များသို့ ဆန်တင်ပို့မှု ပိုမိုပြုလုပ်နိုင်ရန်အတွက် မြန်မာနိုင် ငံ၌ အကြီးဆုံးဆန်စက်ဖြစ်သည့် လှိုင်သာယာမြို့နယ်ရှိ တန်၃၆၀ကျ ဆန်စက်ကို ကျပ်၆၅၅သန်း ဖြင့် ယခုနှစ် ဇန်န၀ါရီလ တွင် ၀ယ်ယူခဲ့သည်။

ယခုအခါ မိုးစပါး စတင်ထွက်ရှိနေပြီဖြစ်ပြီး၊ ဆန်အစိုဓာတ်မှာ ကျန်ရှိနေသေးကြောင်း၊ ဘုရင့်နောင်ဆန်ဈေးကွက်သို့ စက် တင်ဘာ ၁၇ရက်မှ စတင်ပြီး အိတ်ရေ ၂၅၀ ၀င်ရောက်လာကြောင်း၊ UMEHL  တွင် လက်ကျန် ဆန်တန်ချိန်များစွာ ရှိ နေပြီး ဈေးနှုန်းမကိုက်၍ လှောင်ထားရာမှ ပျက်စီးနေပြီဖြစ်ကြောင်း ၊ အဆိုပါ ပျက်စီးနေသော ဆန်များကို စစ်တပ်ရိက္ခာ နှင့် အကျဉ်းဦးစီး ဌာနသို့ ရောင်းချကြောင်း ဆန်ကုန်သည်အသိုင်းအ၀ိုင်းမှသိရသည်။

“အိတ်စ်ပို့သွားမရ၊လက်လီလက်ကားရောင်း မရတာတွေကတော့ တပ်ရိက္ခာ နဲ့ ထောင်ပဲ ရောင်းတာပေါ့”ဟု ဆန်ကုန်သည် ကြီးများအသင်းနှင့် နီးစပ်သူတဦးက ဆိုသည်။

ထိုသို့ အိတ်စ်ပို့ ဈေးကွက်ကြောင့် ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်မှ ဆန်များ ရန်ကုန်ဈေးကွက်သို့ ၀င်ရောက် နေကြောင်း သိရသည်။

“တရုတ်ဘက်ကို မသွားဘူး ၊ ရခိုင်ဆန်တို့ အညာဆန်တောင် ရန်ကုန်ဆင်းလာတယ်” ဟု အဆိုပါ ဆန်ကုန် သည်က ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ရန်ကုန်မြို့ရှိ ဆန်ကုန်သည်ကြီးများ အသင်းသို့ ဧရာဝတီမှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

ထို့အပြင် စစ်ဗိုလ်ချုပ်ကြီးများ နုတ်ထွက်ပြီး ရွေးကောက်ပွဲဝင်မည်ဟုသော အတည်မပြုနိုင်သော သတင်း များကြောင့် ရန်ကုန်မြို့ရှိ ပြည်သူများ  ဆန် နှင့် အခြား လူသုံးကုန်ပစ္စည်းများဝယ်ယူ စုဆောင်းနေသောကြောင့် ကုန်ဈေးနှုန်းများ တက် သွားကြောင်း ရန်ကုန်မြို့ခံများကလည်းပြောဆိုနေကြပြီး ၊ရှမ်းပြည်နယ်ရှိ ကိုးကန့်ဒေသတွင်လည်းစားနပ်ရိက္ခာ ပြတ်လပ် နေသည်ဟု သိရသည်။

မြန်မာဆန်များကို နိုင်ငံခြားတင်ပို့ရာတွင် စစ်အစိုးရ၏ စီးပွားရေးအဖွဲ့အစည်းဖြစ်သည့် မြန်မာ့စီးပွား ရေးဦးပိုင်လီမိတက် (UMEHL )  နှင့် ဗိုလ်ချုပ်ကြီး ရွှေမန်းသားပိုင် ဧရာရွှေဝါကုမ္ပဏီ၊ ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးသား တေဇာစောဦး ၏ ဧရာဟင်္သာကုမ္ပဏီ၊ ဦးဇော်ဝင်းရှိန် နှင့် ဦးတေဇပိုင်ထူးကုမ္ပဏီတို့ ပေါင်းထားသည့် Ayeyar Delta ကုမ္ပဏီတို့က လက်ဝါးကြီးအုပ်ထားကြောင်း နီးစပ်သူများက ပြောသည်။

မကြာသေးမီကလည်း ထိုင်းနိုင်ငံမှ ဆန်စက်အသင်း ဥက္ကဋ္ဌ နှင့်  မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌတို့ မြန်မာ့လယ်ယာကဏ္ဍတိုးတက်ရန် ၊ ခေတ်မီဆန်စက်များတည်ထောင်ရန် နှင့် မြန်မာ-ထိုင်း- ဗီယက်နမ် တို့ပူးတွဲပြီး အာရှ ဆန်ဈေးကွက်ကို ဦးဆောင်ရန် ဆွေးနွေးခဲ့ကြသည့်ဟုသိရသည်။

မြန်မာဆန်များကို ယခုအခါ အာဖရိက နိုင်ငံများမှ အများဆုံးဝယ်ယူနေပြီး၊ ဟန်ဂေရီ ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှလည်း ၀ယ်ယူနေသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်