မြင်းခြံတွင် လူငယ် ၄ ဦးထပ်မံ ဖမ်းဆီးခံရ

E-mail Print
စစ်အာဏာပိုင်များက ယခု ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ၂နှစ်ပတ်လည် ကာလအတွင်း မန္တလေးတိုင်း မြင်းခြုံမြို့မှ နိုင်ငံရေး တက်ကြွ လှုပ်ရှားသည့် လူငယ် ၄ ဦးကို ထပ်မံ ဖမ်းဆီးလိုက် ကြောင်း သိရှိရသည်။

အဆိုပါ မြင်းခြံမြို့ အမှတ် ၆ ရပ်ကွက်မှ ကိုနိုင်နှင့်ကိုအောင် အပါအ၀င် လူငယ် ၄ ဦးကို အာဏာပိုင်များက ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံ ကိုကြည်ဝင်းက ဧရာဝတီ သို့ ပြောသည်။   

“မြို့ထဲမှာ ပြောနေတာကတော့ နာဂစ်အတွက် အလှူခံတယ်လို့ကြားတယ်၊ အတိအကျတော့ မသိရသေးဘူး၊ ဘာကြောင့်ဖမ်းတယ်ဆိုတာလဲ အာဏာပိုင်တွေက မပြောဘူး၊ ဒီကလူတွေကလည်း ဘာမှ လုပ်တာမရှိဘူး”ဟု ၎င်းက ဆိုသည်။

ကိုကြည်ဝင်းသည် လွန်ခဲ့သည့် အပတ် စက်တင်ဘာ ၁၆ ရက်နေ့က မြင်းခြံမြို့မှဖမ်းဆီးခံရသည့် ၈ ဦးထဲတွင် ပါဝင်သော ဒေါက်တာဝင့်သူ၏ မိသားစုဝင် တဦးဖြစ်သည်။ ယင်း ၈  ဦးတွင် သံဃာတော် တပါးလည်း ပါဝင်သည်။

၎င်းတို့ကို မန္တလေးတိုင်း အထူးရဲတပ်ဖွဲ့မှ အကြောင်းပြချက် တစုံတရာမရှိဘဲ လာရောက်ခေါ်ဆောင်သွားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူ လူငယ်များကို မန္တလေးမြို့သို့ ခေါ်ဆောင်သွားသည့်သတင်းသာ ကြားရသော်လည်း မိသားစုဝင် များက လိုက်လံစုံစမ်းမေးမြန်းခဲ့ရာ မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိရသေးကြောင်း မိသားစု ဝင်များက ပြောပြသည်။

အဖမ်းခံရသော လူငယ်များမှာ မည်သည့်အဖွဲ့အစည်းနှင့်မျှ ပတ်သက်ခြင်းမရှိသော်လည်း ဒေါ်အောင်ဆန်းစု ကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ၀တ်ပြုဆုတောင်းပွဲများတွင် တက်တက်ကြွကြွပါဝင်ခဲ့ဖူး ၍ မြင်းခြံမြို့ရှိ မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (မယက)မှ တာဝန်ရှိသူများက ခေါ်ယူသတိ ပေးခြင်းခံရဖူး ကြောင်းသိရသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်အသင်း (AAPP) တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်ကမူ နိုင်ငံရေး တက်ကြွလှုပ်ရှားနေသည့် လူငယ်များကို ဖမ်းဆီးမှုနှင့် ပတ်သက်၍ စစ်အစိုးရ အာဏာပိုင်များက လူထုလှုပ်ရှားမှုမျိုးထပ်ဖြစ်မည်ကို စိုးရိမ်သည့်အတွက် ယခုကဲ့သို့ ဖမ်းဆီးခြင်း ဖြစ်နိုင်သည် ဟု ပြောသည်။  

“အဓိကတော့ စက်တင်ဘာ ကိစ္စလိုမျိုး တခုခုထပ်ဖြစ်မှာကို စိုးရိမ်နေတဲ့ပုံရှိတယ်၊စိုးရိမ်နေတဲ့ပုံရှိတဲ့အခါကျတော့ နိုင်ငံရေး တက်ကြွလှုပ်ရှားတယ်ဆိုလို့ရှိရင် အကြောင်းအမျိုးစုံပြပြီး ဖမ်းဖို့အမြဲတမ်းပြင်ဆင်နေတယ်”ဟု ၎င်းက ဆိုသည်။   

AAPP ၏ ပြောပြချက်အရ ယခုလ အတွင်း နိုင်ငံရေး လှုပ်ရှားသူများအပါဝင် စုစုပေါင်း လူဦးရေ ၃၀ ခန့် ရှိကြောင်း သိရသည်။

လွန်ခဲ့သည့် အပတ်က မကွေးတိုင်း ပခုက္ကူမြို့ရှိ သာသနာ့ ဝိပုလာရာမ ပါဠိတက္ကသိုလ် (အနောက်တိုက်) တွင်  ၀င်ရောက်သတင်းမေးခဲ့သော အမျိုးသမီးတဦးအပါဝင် အကူ အညီပေးခဲ့သည့် အမျိုးသား၂ ဦး ကို အာဏာ ပိုင်များက ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်းလည်း သိရသည်။

ထို့အပြင် လွန်ခဲ့သည့် စက်တင်ဘာလဆန်းပိုင်းမှ စတင်၍ ရန်ကုန် နှင့် ရခိုင်ပြည်နယ် စစ်တွေမြို့အပါအ၀င် မြောက်ဦး၊ ပုဏ္ဏား ကျွန်း၊ မြေပုံမြို့နယ် စသည်တို့မှ ရခိုင် ကျောင်းသားနှင့် လူငယ် (၁၆) ဦးခန့်ကို အဆောင်နှင့် နေအိမ်များတွင် ရန်ကုန်မြို့ရှိ ရဲအထူးတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

စစ်အစိုးရက ပြီခဲ့သည့် စက်တင်ဘာ ၁၈ရက်နေ့မှ စတင်ပြီးအကျဉ်းသား ၇၁၁၄ ဦးကို လွှတ်မည်ဟု ကြေညာ၍ လွှတ်ပေးရာတွင် နိုင်ငံရေး အကျဉ်းသား ၁၂၈ ဦးသာပါဝင်ကြောင်း AAPP က ထုတ်ပြန်ထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်