ငွေစက္ကူ အသစ် ရိုက်နှိပ်သုံးစွဲမည် ဆိုသောကြောင့် ဈေးကွက် မတည်မငြိမ်ဖြစ်

E-mail Print
ငါးထောင် ကျပ်တန် ငွေစက္ကူ အမျိုးအစားသစ်ကို ထုတ်ဝေမည်ဟု စစ်အစိုးရ၏ ယနေ့ကြေညာ ချက်ကြောင့်၊ ရွှေ၊ ငွေကြေး နှင့် ဆန်ဈေးကွက်များတွင် ဈေးနှုန်းများ မတည်မငြိမ် ဖြစ်သွားပြီး အရောင်းအ၀ယ်များ ခေတ္တရပ်ဆိုင်းထားကြောင်း သိရ သည်။

ဘုရင့်နောင်ပွဲရုံတန်းရှိ ဆန်လုပ်ငန်းရှင်တဦးက“ဆန်သစ်ပေါ်ဖို့လည်း လိုသေးတယ်၊ ဆန်ဟောင်းလည်းပြတ်ပြီဆို တော့ မနေ့ကစပြီးဈေးတက်တယ်၊ ဒီနေ့လည်း ငွေစက္ကူကြေညာချက် ထွက်တော့ အရောင်းအ၀ယ် ရပ်ထားပြီး စောင့်ကြည့် ရဦးမယ်”ဟုဧရာဝတီကို ပြောသည်။

ယမန်နေ့က ပေါ်ဆန်းရှယ် အမျိုးအစား တတင်းခွဲတအိတ်လျှင် ၂၆၅၀၀ ကျပ်၊ လူအများစားသုံးသည့် ပေါ်ကျွဲအမျိုးအစား ဆန်အလတ်စမှာ ၁၆၅၀၀ကျပ်ဖြင့် အရောင်းအ၀ယ်ဖြစ်နေရာမှ ယနေ့ ပေါ်ဆန်းရှယ်သည် ၂၈၀၀၀ ကျပ်ခန့် ၊ ပေါ်ကျွဲ သည် ၂၃၀၀၀ ကျပ်ခန့် ဈေးတက်သွားသည်ဟု သိရသည်။

လောင်စာဆီဖြစ်သော ဒီဇယ် ဂါလန် ၅၀ ဝင် တပီပါလျှင် ယမန်နေ့အထိ ကျပ် ၁၂၂၀၀၀ မှ ယနေ့တွင် ကျပ် ၁၂၅၀၀၀ သို့ တက်သွားကြောင်းလည်း ရန်ကုန်မြို့မှ အရောင်းအဝယ်လုပ်သူ တဦးကပြောသည်။

ရွှေရောင်းဝယ်မှုပြုလုပ်သော  ရွှေဘုံသာဈေးကွက်တွင်လည်း ရွှေဈေးနှုန်းမြင့်တက်လာပြီး စစ်အစိုးရ၏ ဖမ်းဆီးမှုများ ဖြစ် လာနိုင်သောကြောင့် ရွှေဈေးကွက်ကို ပိတ်ထားကြောင်း ရွှေလုပ်ငန်းရှင်များက ပြောသည်။

“အရောင်းအ၀ယ်အကုန်ပိတ်ထားတယ်၊ ရွှေဈေးလည်းမဖွင့်ရဲဘူး၊ ဖွင့်ရင်လည်း အ၀ယ်မရှိဘဲ အရောင်းပဲ ဖြစ်နေမှာစိုး ရတယ်၊ အစိုးရကလည်း ဈေးတက်သွားရင် အဖမ်းအဆီးရှိလာနိုင်တယ်” ဟု ရွှေဘုံသာလမ်းမှ ရွှေလုပ်ငန်း ရှင်တဦး ကပြောသည်။

ရွှေဈေးမှာ ယနေ့ တစ်ကျပ်သားလျှင် ၆၀၀၀၀၀ ကျပ်ခန့် ဈေးဖွင့်ထားသော်လည်း ဈေးနှုန်းမှာ တက်ရိပ်ရှိနေသောကြောင့် အခြေအနေကို ဆက်လက် စောင့်ကြည့် နေကြ ကြောင်း၊ ယမန်နေ့ က ၅၉၀၀၀၀ ကျပ်နှုန်းဖြင့် ဈေးပိတ်သွား ကြောင်း သိရသည်။

နိုင်ငံခြားငွေကြေး ရောင်းဝယ်မှုဈေးကွက်သည်လည်း ရွှေဈေးကွက်နှင့်  ဆက်စပ်မှုရှိနေသောကြောင့် အရောင်းအ၀ယ် များကို ယာယီရပ်ဆိုင်းထားသည်ဟု အဆိုပါကုန်သည်ကပြောသည်။

ယမန်နေ့က အမေရိကန်တစ်ဒေါ်လာပေါက်ဈေးသည် မြန်မာငွေ ၁၀၆၀ကျပ် ၊ တစ်ယူရိုလျှင် ၁၀၇၀ကျပ်ဖြင့်ဈေးပိတ်သွား သည်ဟုသိရသည်။

ယခုကဲ့သို့ ငွေကြေးအသစ်ထုတ်ခြင်းသည် မြန်မာ့စီးပွားရေးအတွက် အလွန်အန္တရယ် ရှိနိုင်ပြီး၊ ငွေကြေးဖောင်းပွမှုနှုန်း လည်း ၇၀၀ ရာခိုင်နှုန်းအထိ အလွန်အမင်းမြင့်တက်လာနိုင်ကြောင်းထိုင်းနိုင်ငံတွင်နေထိုင်သည့် မြန်မာ့စီးပွားရေးပညာရှင် တဦးက ခန့်မှန်းသည်။

“နိုင်ငံခြားအစိုးရတွေက ငွေစက္ကူ အသစ်ရိုက်မယ်ဆိုရင် ဘယ်လောက်ထုတ်မယ်ဆိုတာကို ကြေညာပေးတယ်၊ စစ်အစိုးရ ကတခါမှ မကြေညာပေးဘူး၊ ဘယ်လောက်ထုတ်မယ်မှန်း မသိရဘူး၊ အကန့်အသတ်မရှိ ဂယက်ရိုက်နိုင်တယ်” ဟု အဆိုပါ စီးပွားရေးပညာရှင်က ပြောသည်။

ထိုအပြင် နယ်စပ်ဒေသကုန်သွယ်ရေး ငွေလဲလှယ်သည့် ဈေးကွက်တွင်လည်း ငွေလဲလှယ်နှုန်းများ မတည်မငြိမ်ဖြစ် နေသောကြောင့် ခေတ္တရပ်ဆိုင်းထားရကြောင်းသိရသည်။

“ငါးထောင်တန်အသစ်ထွက်တော့ ငွေဈေးကွက်က ပျက်သလိုဖြစ်နေပြီ၊ ဒါ တကယ်မထွက်သေးဘူး၊ စသုံးပြီဆိုရင်တော့ ဒီထက်ထိုးကျဦးမယ်၊ ကုန်သည်လည်း လက်ထဲရှိတဲ့ပစ္စည်း မရောင်းရဲဘူး”ဟု မြ၀တီနယ်စပ်ကုန်သွယ်ရေးဇုန်တွင် ငွေလဲ လှယ်သောလုပ်ငန်းကို လုပ်ကိုင်သော ကုန်သည်တဦးကပြောသည်။

မြ၀တီနယ်စပ်ငွေလဲလှယ်နှုန်းမှာ ယမန်နေ့က မြန်မာငွေ ၁သိန်းလျှင် ထိုင်းဘတ်၃၄၀၀ ခန့်ရှိပြီး၊ ယနေ့တွင် မြန်မာငွေ ၁သိန်းကို ထိုင်းဘတ်၃၁၅၀ ခန့် ဖြင့် လဲလှယ်ခဲ့ရကြောင်း၊ မြ၀တီမြို့မှ ရွှေဆိုင်အများစုလည်း ခေတ္တပိတ်ထားကြောင်း သိရသည်။

တရုတ်မြန်မာ နယ်စပ်ရှိ ငွေလဲလှယ်နှုန်းမှာလည်း ယမန်နေ့က မြန်မာငွေ ကျပ် ၁ သိန်း လျှင် ၆၃၅ယွမ်မှ ယနေ့ငွေလဲနှုန်း သည် မြန်မာငွေ ကျပ် ၁ သိန်းလျှင် ယွမ် ၆၁၀သာ ရတော့သည်ဟု တရုတ်မြန်မာနယ်စပ်ရှိ အရောင်းအဝယ်သမား တဦးက  ပြောသည်။

ရွှေ နှင့်ငွေကြေးဈေးကွက်ကို စစ်အစိုးရ အနေဖြင့် ထိန်းချုပ်ထား၍မရနိုင်ကြောင်း၊ယင်းတို့၏ တန်ဖိုးအပြောင်းအလဲသည် မြန်မာကျပ်ငွေတန်ဖိုးကို ထင်ဟပ်နေကြောင်း၊ထိုသို့ စစ်အစိုးရက နည်းလမ်းတကျမဟုတ်ဘဲ ငွေကြေးများ ပုံနှိပ် ထုတ်ဝေ နေခြင်းသည် ငွေကြေးဖောင်းပွမှုများမြင့်မားလာပြီး တိုင်းပြည်စီးပွားရေးကိုထိခိုက်လာနိုင်ကြောင်း မက်ကွိုင်းယား တက္က သိုလ်မှ မြန်မာ့စီးပွားရေးကို စောင့်ကြည့်လေ့လာနေသည့် ပါမောက္ခ မစ္စတာ ရှောင်တာနဲ (Sean Turnell) က သုံးသပ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်