လေဆိပ်တွင် ဖမ်းဆီးခံရသူကို ဆေးကုပေးရန် လူ့အခွင့်အရေးအဖွဲ့ တောင်းဆို

E-mail Print
အာဏာပိုင်တို့က အကြမ်းဖက်သမားဟု စွပ်စွဲပြီး နှိပ်စက်ညှဉ်းပန်းထားသည့် ဒီမိုကရေစီအရေး လှုပ်ရှားသူ ကိုညီညီအောင်အား ဆေးကုသမှုပေးရန် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ကြာသပတေးနေ့တွင် တောင်းဆိုလိုက်သည်။

AI အဖွဲ့က ထုတ်ပြန်သည့် ကြေညာချက်တစောင်တွင် ကိုညီညီအောင် ဖမ်းဆီးခံရသည့် အစောပိုင်း ရက်များအတွင်း ၇ ရက်ခန့် အစားအစာ ကျွေးမွေးမှု မပြုခြင်း၊ အိပ်ချိန်မပေးဘဲ စစ်ဆေး မေးမြန်းခြင်း၊ ထိုးကြိတ် ရိုက်နှက်ခြင်း တို့ကို ကြုံတွေ့ခဲ့ရကြောင်း ဖော်ပြထားသည်။

ကိုညီညီအောင်သည် အမေရိကန် နိုင်ငံသားတဦးလည်း ဖြစ်သောကြောင့် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့ အမေရိကန်သံရုံး အရာရှိတဦး သွားရောက် တွေ့ဆုံခွင့် ရခဲ့ကြောင်း၊ ထိုသို့ တွေ့ဆုံစဉ် ကိုညီညီအောင်က နှိပ်စက်ညှဉ်းပန်းခံရပုံကို ပြောကြားခဲ့ကြောင်း သိရသည်။

“ထိုသို့ သွားရောက် တွေ့ဆုံခွင့် ရပြီးချိန်မှ စ၍ အမေရိကန်သံရုံးသည် အကျဉ်းကျခံ အမေရိကန်နိုင်ငံသား တဦး နှိပ်စက်ညှဉ်းပန်းခံရသည်ဟူသော အချက်နှင့် ပတ်သက်ပြီး ကန့်ကွက်ကြောင်း စာတစောင် ရေးသားပြီး မြန်မာအစိုးရထံသို့ ပေးပို့ခဲ့သည်” ဟု သံရုံးမှ ပြောခွင့်ရ အရာရှိတဦးဖြစ်သူ Drake Weisert က ဧရာဝတီသို့ ရှင်းပြခဲ့သည်။

အမေရိကန် နိုင်ငံသားအဖြစ် ခံယူထားသော ကိုညီညီအောင်သည် စက်တင်ဘာ ၃ ရက်နေ့ ညနေပိုင်းက ဘန်ကောက်မှ ရန်ကုန်မြို့သို့ သွားရောက်ခဲ့ရာ မင်္ဂလာဒုံလေဆိပ်တွင် အာဏာပိုင်တို့က ထိန်းသိမ်းခဲ့သည်။

အာဏာပိုင်တို့က ထိုသို့ ဖမ်းဆီးပြီး ၃ ပတ်အကြာတွင် ကိုညီညီအောင်သည် အကြမ်းဖက် ဖောက်ခွဲရေး သမားတဦးဖြစ်ကြောင်း စွပ်စွဲပြောကြားလိုက်သည်။

အကြမ်းဖက်သမားအဖြစ် စွပ်စွဲခံရသူမှာ ကိုညီညီအောင် တဦးတည်း မဟုတ်ပေ။ မြန်မာပြည်မှ နိုင်ငံရေးသမား အများအပြားသည် ထိုသို့ စွပ်စွဲခံရပြီး အကျဉ်းချခံထားရသည်။

မြန်မာပြည်တွင် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ၀န်းကျင်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့်အပတ်က နိုင်ငံရေး အကျဉ်းသား တချို့ ခြွင်းချက်ဖြင့် ပြန်လည် လွတ်မြောက်လာသည်။

ဟောင်ကောင်နိုင်ငံ အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ တခုက ထိုသို့ လွတ်မြောက်လာခြင်းကို ကြိုဆိုလိုက်သည်။

“သို့သော်လည်း ထိုလွတ်မြောက်သူများသည် စစ်ကြောရေး ကာလအတွင်း စိတ်ပိုင်းဆိုင်ရာ နှင့် ရုပ်ပိုင်း ဆိုင်ရာ ရိုက်နှက်၊ ညှဉ်းပန်း နှိပ်စက်မှုများ ကြုံတွေ့ခဲ့ရကြောင်း” အာရှ လူ့အခွင့်အရေး ကော်မရှင် (AHRC) က ကြာသပတေးနေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။

နိုင်ငံရေး အကျဉ်းသားများ၏ ကျန်းမာရေးအတွက် ကမ္ဘာ့ကြက်ခြေနီအဖွဲ့က ၎င်းတို့ထံ သွားရောက် တွေ့ဆုံရန် လိုအပ်ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကမ္ဘာ့ကြက်ခြေနီအဖွဲ့သည် ယခင်က နိုင်ငံရေး အကျဉ်းသားများထံသို့ သွားရောက်ခွင့် ရခဲ့သည်။

သို့သော်လည်း ၂၀၀၅ ခုနှစ် နောက်ပိုင်းတွင် ထိုသို့ သွားရောက်ခွင့် ပိတ်ပင်ခံရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်