စစ်ဖြစ်ရာ ဒေသများတွင် မတရားပြုကျင့်မှုကို ကုလသမဂ္ဂ ရှုတ်ချ

E-mail Print
လက်နက်ကိုင် ပဋိပက္ခဒေသများတွင် ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ရှုတ်ချ ကန့်ကွက်ကြောင်း အဆိုပြုချက်အား ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်နိုင်ငံ များက ဗုဒ္ဓဟူးနေ့တွင် တညီတညွတ်တည်း သဘောတူ ဆုံးဖြတ်လိုက်ကြသည်။

အဆိုပါ သဘောတူညီချက်အရ မုဒိမ်းကျင့်ခြင်းကို စစ်လက်နက်တခုသဖွယ် အသုံးပြုနေမှုများအား တိုက်ဖျက်ရေးအတွက် ညှိနှိုင်းဆောင်ရွက်မည့် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် တဦး ပေါ်ပေါက်လာမည် ဖြစ်သည်။ ထို့အပြင် အစိုးရအာဏာပိုင်များက အဆိုပါ ရာဇ၀တ်မှု ကျူးလွန်သူများကို အထိရောက်ဆုံး အပြစ်ပေးနိုင်ရေးအတွက် အကြံပြုရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ကျွမ်းကျင်သူများ ပါဝင်သည့် အဖွဲ့တခု ဖွဲ့စည်းရမည် ဖြစ်သည်။

မုဒိမ်းကျင့်ခြင်းကို စစ်လက်နက်သဖွယ် အသုံးပြုနေကြခြင်းမှာ လူမှုရေးအရ လက်ခံနိုင်ဖွယ် မရှိသည့်အပြင် ရာဇ၀တ်မှုမြောက်သည်ဟု အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန်က အထွေထွေ ညီလာခံတွင် ပြောလိုက်ကြောင်း AP သတင်းတပုဒ်တွင် ရေးသားထားသည်။

“ဒီ ပဋိပက္ခတွေကို အဆုံးသတ်သွားဖို့အတွက် ကျမတို့ ချက်ချင်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု မစ္စ ကလင်တန်က ပြောကြားလိုက်သည်ဟု သိရသည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက် နှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်အသေးစိတ်ကို မသိရသေးသော်လည်း ထိုသို့ဆုံးဖြတ်လိုက်ခြင်းအတွက် ကြိုဆို ထောက်ခံကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ တွဲဖက် အထွေထွေအတွင်းရေးမှူး(၁) မတင်တင်နွယ်က ပြောသည်။

“လက်နက်ကိုင် ပဋိပက္ခဒေသတွေမှာ အမျိုးသမီးတွေ နဲ့ ကလေးငယ်တွေ အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေနဲ့ ပတ်သက်ပြီး ကျူးလွန်တဲ့သူတွေကို ထိထိရောက်ရောက် အပြစ်ပေးနိုင်ဖို့လည်း လိုအပ်ပါတယ်” ဟု မတင်တင်နွယ်က ဧရာဝတီကို ပြောသည်။

လက်နက်ကိုင် ပဋိပက္ခဒေသများတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အများဆုံး ဖြစ်ပွားနေသော နိုင်ငံမှာ ကွန်ဂိုနိုင်ငံဖြစ်သည်ဟု သိရသည်။ နေ့စဉ်နေ့တိုင်း အမျိုးသမီး ၃၆ ဦး မတော်မတရား ပြုကျင့်ခံနေရသည်ဟု သိရသည်။ အာဖရိက၊ အာရှ နှင့် ဥရောပနိုင်ငံများတွင်လည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ပေါ်ပေါက်ခဲ့ကြောင်း တွေ့ရသည်။

၁၉၉၄ ခုနှစ်က ဖြစ်ပွားခဲ့သည့် အာဖရိကတိုက်၊ ရ၀မ်ဒါနိုင်ငံ လူမျိုးတုံးသတ်ဖြတ်မှု စစ်ပွဲများအတွင်း အမျိုးသမီး ငါးသိန်းကျော် မတရားကျင့်ခံခဲ့ရသည်။ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ဖြစ်ပွားခဲ့သည့် ဥရောပတိုက် အရှေ့တောင်ဘက်ရှိ ဘော်လကန်ဒေသ စစ်ပွဲတွင် မုဒိမ်းကျင့်ခံရသူပေါင်း ခြောက်သောင်းဝန်းကျင် ရှိသည်။ အာဖရိကတိုက်ရှိ ဆီယာလီယွန်နိုင်ငံတွင် ၁၉၉၁ မှ ၂၀၀၁ ခုနှစ်အတွင်း စစ်ပွဲကြောင့် ပေါ်ပေါက်ခဲ့သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါင်း ခြောက်သောင်းကျော် ရှိခဲ့သည်။

ရာဇ၀တ်မှု ကျူးလွန်သူ အများအပြားမှာ အပြစ်ပေး အရေးယူခံရခြင်း မရှိသေးပေ။

မြန်မာနိုင်ငံတွင်လည်း အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များ၏ တိုက်ပွဲများ ဖြစ်ပွားရာ နယ်စပ်ဒေသ တလျှောက်တွင် အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းကို လက်နက်တခုသဖွယ် အသုံးပြုနေကြောင်း အမျိုးသမီးအဖွဲ့များက ထောက်ပြထားသည်။
 
၂၀၀၄ ခုနှစ်က ထုတ်ပြန်ခဲ့သော ကရင်အမျိုးသမီး အစည်းအရုံး၏  အစီရင်ခံစာတွင်လည်း ယင်းကဲ့သို့ ဖော်ပြထားပြီး ၁၉၈၈ မှ ၂၀၀၄ ခုနှစ်အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါင်း ၁၂၅ မှု ဖြစ်ပွားခဲ့သည်ဟု စာရင်း ပြုစုထားသည်။ ကျူးလွန်သူ ထက်ဝက်ခန့်သည် တပ်မတော် အရာရှိများ ဖြစ်ကြောင်း၊  အကြမ်းဖက်မှု ၄၀ ရာခိုင်နှုန်းမှာ အုပ်စုလိုက် မုဒိန်းကျင့်မှု ဖြစ်ကြောင်း၊ ၂၈ ရာခိုင်နှုန်းတွင် ကျူးလွန်ခံရသူ အမျိုးသမီးများ အသက်ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားသည်။

ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်ဖလှယ် လှုပ်ရှားဆောင်ရွက်ရေးအသင်း၏ “မုဒိန်းကျင့်ခွင့်လိုင်စင်” အမည်ရှိ အစီရင်ခံစာ (၂၀၀၂ ခုနှစ်) တွင် စစ်အစိုးရတပ်များ ရှမ်းပြည်နယ် အတွင်း ကျူးလွန်ခဲ့သည်ဟု ဆိုသည့် မတော်မတရားမှုများကို ဖွင့်ချထားသည်။ ၁၉၉၆ မှ ၂၀၀၁ ခုနှစ်အထိ ငါးနှစ်ကြာကာလအတွင်း အမျိုးသမီး ၆၂၅ ဦးသည် မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများနှင့် ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။

မကြာသေးမီက စစ်အစိုးရတပ်များ ကိုးကန့်ဒေသသို့ ၀င်ရောက် တိုက်ခိုက်စဉ်အတွင်း မုဒိမ်းမှုများ ဖြစ်ပွားသည့် သတင်းများ ကြားရသည်ဟု ကိုးကန့်ဒေသ ခေါင်းဆောင်ဟောင်း ဦးဖုန်ကျားရှင်က ဧရာဝတီနှင့် ဆက်သွယ်မေးမြန်းခန်းတခုတွင် ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်