ပျက်စီး ထိခိုက်မှုများအတွက် လျှော်ကြေးပေးရန် တရုတ်တောင်းဆို

E-mail Print
ကိုးကန့်ဒေသ တိုက်ပွဲအတွင်း ပျက်စီးဆုံးရှုံး ခဲ့ရသည့် တရုတ်လူမျိုးတို့၏ အကျိုးစီးပွားအတွက် တရုတ်ယွမ်ငွေသန်း ၂၈၀ လျော်ကြေးပေးရန် တရုတ်နိုင်ငံ လင်ချန်ခရိုင် ဒေသအာဏာပိုင်များ က စစ်အစိုးရအား တောင်းဆိုထားကြောင်း သိရ သည်။

လွန်ခဲ့သည့် သြဂုတ်လ အတွင်းက ဖြစ်ပွားခဲ့သည် တိုက်ပွဲများအတွင်း ကိုးကန့် ဒေသတွင် ရင်းနှီးမြုပ်နှံထားသည့် တရုတ် လူမျိုးများ၏ စီးပွားရေးလုပ်ငန်းများ ဆုံးရှုံးရမှု၊ လက်နက်ကြီး ကျည်များကျရောက်သောကြောင့် တဦးသေဆုံး၍ နှစ်ဦး ဒဏ်ရာရရှိမှု နှင့်ပတ်သက်၍ လင်ချန် အာဏာပိုင်များက စစ်အစိုးရအား လျော်ကြေးတောင်းခံခြင်းဖြစ်သည်ဟု လောက်ကိုင် ဒေသခံ တဦးက ပြောပြသည်။

“လောက်ကိုင်ဈေးထဲမှာ ရင်းနှီးမြုပ်နှံမှုတွေ အလုခံရလို့ ဆုံးရှုံးသွားတာရယ်၊ အမြောက်ဆန်ကျလို့ လူသေသွားတာနဲ့ ပတ် သက်လို့ အားလုံးအတွက်တောင်းတာ” ဟု ယင်း လောက်ကိုင်ဒေသခံက ဧရာဝတီသို့ပြောသည်။

လင်ချန်ဒေသသည် ကိုးကန့်ဒေသနှင့် ကပ်လျက်ရှိသည့် ဒေသတခုဖြစ်သည်။

အဆိုပါ ဒေသဆိုင်ရာ တရုတ်အာဏာပိုင်တို့၏ လျော်ကြေးတောင်းခံမှုကို စစ်အစိုးရ၏ကိုယ်စားလှယ်က တရားဝင် စီးပွားရေး လုပ်ငန်းများဖြစ်သည်ဟု စာရင်းတင်ပြနိုင်လျှင် လျော်ကြေးပေးမည်ဖြစ်ကြောင်း ၊ လောင်းကစား လုပ်ငန်း၊  မူးယစ်ဆေးဝါးကိစ္စများနှင့် ပတ်သက်သော စီးပွားရေးလုပ်ငန်းများအား မပေးလျော်နိုင်ဟု တုံ့ပြန်ကြောင်း ကြားသိရသည်။

သို့သော် လင်ချန်ဒေသအာဏာပိုင်ကမူ ယင်းလျော်ကြေးတောင်းသည့်ငွေပမာဏထဲတွင် လောင်းကစားငွေများကို ထည့် သွင်းတွက်ချက်ထားခြင်းမရှိကြောင်း အကြောင်းပြန်ခဲ့သည်ဟု အာဏာပိုင်များနှင့် နီးစပ်သည့် ဒေသခံတဦး က ပြောသည်။

မြန်မာ စစ်အစိုးရတပ်က ကိုးကန့်ဒေသကို သိမ်းပိုက်ပြီးနောက်ပိုင်း တရုတ်လူမျိုးများ ပိုင်ဆိုင်သော ပစ္စည်းများကို လုယက် ခဲ့ရုံသာမက ကိုယ်ထိလက်ရောက် ရိုက်နှက်မှုများ ရှိခဲ့ကြောင်း သိရသည်။

ဤသို့စစ်အစိုးရတပ်များက စတိုးဆိုင်များ၊ စူပါမားကက်များကို လုယူနေသည်ဟု ထုတ်ဖော်ပြောဆိုမှုများ ရှိလာသော ကြောင့် အစိုးရပိုင် သတင်းစာများ၌ လောက်ကိုင်မြို့နယ်တွင် ခိုးမှုဖြင့် တရားခံ ၂၆ဦး၊ ချင်းရွှေဟော်မြို့တွင် ခိုးမှုဖြင့် တရားခံ ၂၅ ဦးကို အလုပ်ကြမ်း နှင့် ထောင်ဒဏ် ၂ နှစ်စီ အပြစ်ပေးလိုက်ကြောင်း ဖော်ပြခဲ့သည်။

ကိုးကန့်ဒေသတွင် ပြီးခဲ့သည် သြဂုတ်လ ၂၃ရက်နေ့က ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကျားရှင်၏ အိမ်တွင် လက်နက်စက်ရုံ ရှိသည်ဟု အကြောင်းပြပြီး ၀င်ရောက်ရှာဖွေခဲ့ရာမှ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်