ကရင်ရွာသားများ ကူးစက်ရောဂါ ခံနေရဆဲ

E-mail Print
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ရှိ ကျေးရွာတချို့တွင် လွန်ခဲ့သည့်လမှ စတင်၍ ကူးစက် ရောဂါတမျိုး ဖြစ်ပွားခဲ့ရာမှ ယနေ့အထိ ရွာသား ၄၅၀ ခန့် ကူးစက်ဖြစ်ပွား လာကြောင်း ကျန်းမာရေး လုပ်သား အဖွဲ့တဖွဲ့က ပြောသည်။  

လွန်ခဲ့သည့် စက်တင်ဘာလဆန်းပိုင်းတွင် ရွာပေါင်း ၆ ရွာခန့် မှ ရွာသား ၃၀၀ခန့် စတင်ဖြစ်ပွားခဲ့ပြီး အနီးအနားရှိ ကျေးရွာ ၃ ရွာ ထပ်မံ ကူးစက်ခံရသောကြောင့် စုစုပေါင်း လူဦးရေ ၄၅၀ ခန့်အထိဖြစ်ပွားလာကာ ယင်း ကူးစက် ရောဂါကြောင့် ယခုအချိန်ထိ လူအသေအပျောက် မရှိသေးကြောင်း သိရသည်။

သို့သော် ယင်း ကူးစက်ရောဂါသည် မည်သည့် ရောဂါဖြစ်ကြောင်းကို မသိရှိရသည့်အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ ရောဂါကူးစက်သူတွင် လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်ပူရှိန် မြင့်တက်ခြင်း စသည်တို့ ဖြစ်ပေါ်တတ်သဖြင့် တုပ်ကွေး ရောဂါ လက္ခဏာများနှင့် ဆင်တူကြောင်း သိရသည်။

ရောဂါကူးစက်မှုနှုန်းသည် စိုးရိမ်ရသောကြောင့် ရောဂါ အဖြေသိရှိရန်အတွက် ထိုင်း ကျန်မာရေး တာဝန်ရှိသူများ နှင့် ပူးပေါင်းဆောင်ရွက်ထားကြောင်း နယ်လှည့် ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့(BPHWT) မှ တာဝန်ခံ တဦးဖြစ်သူ ဦးမန်းမန်းက ဧရာဝတီသို့ ပြောသည်။

“ရောဂါအဖြေရဖို့အတွက် ထိုင်းဆေးရုံတွေနဲ့လည်း ဆက်သွယ်ထားတယ်၊ လာမယ့် အပတ်လောက်မှ သိရမယ်” ဟု ၎င်း က ဆိုသည်။

လတ်တလော ဖြစ်ပွားနေသော ကူးစက်ရောဂါ အကြောင်း အတိအကျ သိရှိနိုင်ရန် နယ်လှည့် ကျောပိုးအိတ် အဖွဲ့ က သွားရောက် စုံစမ်း၊ စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရောဂါ ကူးစက်ခံရမှုအများဆုံးမှာ ကျောင်းနေ အရွယ် ကလေးများနှင့် ကလေးငယ်အများစုဖြစ်သည်ဟုလည်း ယင်း ကျောပိုးအိတ်အဖွဲ့က ဆိုသည်။
 
စက်တင်ဘာလ ၂၂ ရက်နေ့မှ စတင်ပြီး ရောဂါဖြစ်ပွားသည့် ဒေသအတွင်းရှိ စာသင်ကျောင်း ၅ ကျောင်းကိုလည်း ၂ ပတ်အကြာယာယီ ပိတ်ထားခဲ့ကြောင်း၊ ၎င်းကျောင်း ၅ ကျောင်းပေါင်းတွင် ကျောင်းသားဦးရေ ၃၅၀ ခန့် ရှိ ကြောင်း သိရသည်။

တိုက်ပွဲများ ဖြစ်ပွားတတ်သော အဆိုပါ ရောဂါဖြစ်ပွားရာဒေသကို နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ၊ အာဏာပိုင်တို့၏ ကျန်းမာရေးအဖွဲ့များ သွားရောက်ကြခြင်း မရှိသောကြောင့် ဒေသခံပြည်သူများ၏ ကျန်းမာရေး အတွက် ထိုင်းမြန်မာ နယ်စပ် အခြေစိုက် အကူအညီပေးရေးအဖွဲ့တချို့က ဆောင်ရွက်ပေးနေကြရသည်။  

၂၀၀၈ ခုနှစ် စက်တင်ဘာလတွင်လည်း ဤကူးစက်ရောဂါ တကြိမ် ဖြစ်ပွားခဲ့ဖူးကြောင်း၊ ကလေးတချို့ အသေ ပျောက် ရှိခဲ့ကြောင်း သိရသည်။ စစ်အစိုးရ ကျန်းမာရေးဌာနက ထိုဒေသရှိ ကျန်းမာရေး အခြေအနေနှင့် ပတ် သက်ပြီး သတင်းထုတ်ပြန်ခြင်းမရှိပေ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်