ဘန်ကောက် နိုင်ငံတကာကုန်စည်ပြပွဲတွင် မြန်မာကုမ္ပဏီများပါဝင်

E-mail Print

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး မွန်ထောင်ဌာနီ Muang Thong Thani အရပ်ရှိ နိုင်ငံတကာ ကုန်စည်ပြပွဲ ခန်းမ၌ အောက်တိုဘာ ၁၃ ရက်နေ့ မှ ၁၈ ရက်နေ့ထိကျင်းပသည့် အပြည်ပြည်ဆိုင်ရာ လက်ဆောင် ပစ္စည်း များနှင့် အိမ်အလှဆင်ပစ္စည်းများ ပြသရောင်းချပွဲတွင် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များလည်း ပါဝင်သည်။


ထိုင်းနိုင်ငံ ကုမ္ပဏီများနှင့်အတူ နိုင်ငံတကာမှ ကုမ္ပဏီများ ပါဝင်ခင်းကျင်း ပြသသော Bangkok International Gift fair 2009 and Bangkok International Houseware fair 2009 အမည်ရှိ အရောင်း ပြပွဲတွင် ကုမ္ပဏီ ပေါင်း ၆၀၀ ကျော်မှ ဆိုင်ခန်းပေါင်း ၁၇၀၀ ကျော်ဖြင့် ခင်းကျင်းပြသ ရောင်းချခြင်းဖြစ်သည်။

ယင်း ပြသရောင်းချပွဲတွင် မြန်မာ ကုမ္ပဏီ ၆ ခု လည်းပါဝင်ခဲ့ရာ ကြိမ်ထွက်ပစ္စည်းများ၊ ယွန်းထည်ပစ္စည်းများ နှင့် ကြေးထည်ပစ္စည်းများကို ခင်းကျင်းပြသထားသည်။

ယခုကဲ့သို့သောပြပွဲ၌ ခင်းကျင်းပြသရသောကြောင့် မြန်မာလူမျိုးတဦးအနေနှင့် ဂုဏ်ယူဝမ်းသာကြောင်း၊ မြန်မာ အနုပညာလက်ရာမြောက် ပစ္စည်းများကို ထိုင်းလူမျိုးများက အားပေးကြောင်းတို့ကို Sun Myanmar Elephant House ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ဒေါ်ချယ်ရီအောင်ခင်က ပြောဆိုသည်။

“အန်တီတို့က မြန်မာပြည်က အနုပညာမြောက် လက်ရာတွေကို ဒီမှာ လာရောက် ခင်းကျင်းပြသတဲ့အခါ ထိုင်း လူမျိုးတွေက တော်တော်အားပေးကြတာကို တွေ့ ရတယ်၊ အန်တီတို့ပစ္စည်းတွေကို ဥရောပနိုင်ငံတွေ ကိုလည်း တင်ပို့ပါတယ်၊ အခုလို နိုင်ငံတကာ အရောင်းပြပွဲကြီးမှာ ကိုယ့်နိုင်ငံက အနုပညာမြောက် လက်ရာ တွေကို ခင်းကျင်း ပြသရတာ မြန်မာလူမျိုး တယောက်အနေနဲ့ ဝမ်း မြောက်ဝမ်းသာ ဖြစ်ရပါတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်၊

Sun Myanmar Elephant House ကုမ္ပဏီသည် ရန်ကုန်မြို့ ဒေါပုံမြို့ နယ်တွင်၂၀၀၄ ခုနှစ်မတိုင်မီက စတင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ကြိမ်နှင့် ၀ါးပစ္စည်းများ၊ ယွန်းထည်ပစ္စည်းများကို ထုတ်လုပ်သည်ဟု ဒေါ်ချယ်ရီ အောင်ခင် က ဆိုသည်။

အလားတူ သီရိမြန်မာ ကုမ္ပဏီ အရောင်းပြခန်းမှ ကိုသာဓုကလည်း“ကျနော် ဒီလိုပွဲမျိုးကို ထိုင်းနိုင်ငံမှာ လာ ရောက်ပြသာတာ ဒီတခါပါဆိုရင် ရှစ်ကြိမ်မြောက် ရှိပါပြီ၊ အခုလို ပြသခွင့်ရတော့ ကျနော်တို့မှာ နိုင်ငံတကာ က ပညာရှင်တွေရဲ့ ဒီဇိုင်း အိုင်ဒီယာတွေကို ရသလို ကျနော်တို့ရဲ့ ရိုးရာ အနုပညာလက်ရာနဲ့ ပေါင်းစပ်ပြီး ပိုမို လက်ရာမြောက်တဲ့ မြန်မာ့လက်ရာတွေကို ထုတ်လုပ်လာနိုင်ပါတယ်၊ ကျနော်တို့ ဆီမှာ နည်းပညာပိုင်း ဆိုင် ရာက အများကြီးအားနည်းသေးတော့ အခုလို ပြည်ပမှာ အခြားတိုင်းပြည်က ပညာရှင်တွေရဲ့ လက်ရာတွေနဲ့  ယှဉ်တွဲ ပြီး ပြသခွင့်ရတာဟာ အခွင့်အရေးကောင်းတရပ်ပါ၊ နောက်ပြီး စီးပွားရေး ထောင့်ကကြည့်ရင်လည်း ဈေးကွက်အရ ထိုးဖောက်ခွင့်ရတာပေါ့” ဟုပြောသည်။

ကိုသာဓုသည် သီရိမြန်မာ လက်မှုအနုပညာ လုပ်ငန်း၏ ပိုင်ရှင်လည်းဖြစ်သည်။ ၎င်းသည် ၂၀၀၃ ခုနှစ်က မန္တလေးတွင် ပြုလုပ်ခဲ့သော မြန်မာ့ စက်မှုလက်မှုပြပွဲတွင် အထွေထွေထုတ်ကုန်များကဏ္ဍ၌ ပထမ ရွှေ တံဆိပ် ဆု ရထားဖူးသည်၊

ယခု အရောင်းပြပွဲတွင် မြန်မာနိုင်ငံမှ Sun Myanmar Elephant House ၊ သီရိမြန်မာ ကုမ္ပဏီ၊ လင်းလက် ကုမ္ပဏီနှင့်အခြားကုမ္ပဏီ ၃ ခုလာရောက် ပြသရောင်းချနေသည်ကိုတွေ့ရသည်။

 

လာရောက်ပြသသော ကုမ္ပဏီများသည် အရောင်း ပြခန်းတခုလျှင် အမေရိကန် ဒေါ်လာ ၂၀၀၀ စီပေးဆောင် ရသည်။ သို့သော် လာအို၊ ကမ္ဘောဒီးယား၊ မြန်မာနှင့် ဗီယက်နမ်တို့ ကဲ့သို့ သော ဆင်းရဲသည့် နိုင်ငံများမှ ကုမ္ပဏီများကိုမူ အခမဲ့ ဆိုင်ခန်းခြောက်ခုစီ ပြသရောင်းချခွင့် ပေးခဲ့သည်ဟု သိရသည်။

အဆိုပါပြပွဲတွင် မြန်မာ နိုင်ငံမှ ကုမ္ပဏီများ ပါဝင်ပြသခွင့်ရရှိရန်အတွက် ထိုင်းနိုင်ငံ ပြည်ပပို့ကုန် မြှင့်တင်ရေး ဌာန Department of Export Promotion နှင့် မြန်မာနိုင်ငံ စက်မှုလက်မှုကုန်သည်ကြီးများ အသင်းတို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်