ဒေါ်အောင်ဆန်းစုကြည်ထံ ဟီလာရီ ကလင်တန် ဖုန်းဆက်

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို ယမန်နေ့က တယ်လီဖုန်းဆက်၍ မြန်မာ့ အရေးနှင့် ပတ်သက်ပြီး စကားပြောကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်နေသည့် ဒီမိုကရေစီရေး နှင့် လူမှုကူညီရေး လုပ်ငန်းများကို အားပေး ထောက်ခံ ကြောင်း မစ္စ ဟီလာရီက ပြောကြားသည်ဟု ၀ါရှင်တန်ပို့စ် သတင်း၌ ရေးသား ထားသည်။ ဒေါ်အောင်ဆန်းစုကြည် အိမ်အကျယ်ချုပ် မှ လွတ် မြောက်ပြီးခါစ ကလည်း မစ္စ ဟီလာရီက အီးမေးလ်ဖြင့် စာ တစောင် ပေးပို့ ခဲ့သေးသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်