လွှတ်တော်ဝန်ထမ်းများအတွက် ကံ့ကော်ဆောင်မှ ဝန်ထမ်းများ နေရာဖယ်ပေးရ

လွှတ်တော်တွင် တာဝန်ထမ်းဆောင်မည့် ၀န်ထမ်းများနေထိုင်ရန်အတွက် နေပြည်တော်ဇမ္ဗူသီရိမြို့နယ် ရာဇ သင်္ဂဟ လမ်းပေါ်ရှိ ကံ့ကော်ဆောင်မှ ၀န်ထမ်းများ ပြောင်းရွှေ့ပေးခဲ့ရကြောင်း အဆောင်နေ၀န်ထမ်းများက ပြောသည်။ ယင်းအစီအစဉ်ကို အတွင်းရေးမှူး ၁ သူရသီဟ ဦးတင်အောင်မြင့်ဦးက ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယခုလ ၁၈ ရက်နေ့မှစကာ ပြောင်းရွှေ့ ခိုင်းခြင်းဖြစ်ပြီး အဆိုပါ ဝန်ထမ်းများကို နေပြည်တော် စာတိုက်ကြီးအနီးရှိ ပိတောက်ဆောင်တွင် ပြန်လည်နေရာချထား ပေးသော်လည်း ရွှေ့ပြောင်းစရိတ်ကိုမူ သက်ဆိုင်ရာ ၀န်ထမ်းကသာလျှင် ကျခံရကြောင်း ကံ့ကော်ဆောင်မှ ဦးစီအရာရှိ အဆင့် ဝန်ထမ်းတဦးက ပြောသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်