ဆူးလေ စေတီမှ ရွှေသင်္ကန်း ရွှေပြားများ ပျောက်ဆုံး

ရန်ကုန်မြို့လယ်ရှိ ဆူးလေစေတီတော်၌ ရွှေသင်္ကန်းကပ်လှူလျက်ရှိရာ ပြီးခဲ့သည့် ဇန်န၀ါရီ ၃၁ ရက် နံနက် ၄ နာရီခန့်က ယင်းရွှေသင်္ကန်း ရွှေပြားများထဲမှ အလေးချိန် ၉ ကျပ်သား ခန့်ရှိ ရွှေပြား ၁၈ ချပ် ပျောက်ဆုံး သွားကြောင်း သိရသည်။ ပျောက်ဆုံး ရွှေပြား များ၏ ကာလတန်ဖိုးမှာ ကျပ် ၅၄ သိန်းခန့် ရှိကြောင်း၊ ရွှေပြား ပျောက်ဆုံးမှုကို ကျောက်တံတား မြို့နယ် ရဲစခန်းမှ တဆင့် သက် ဆိုင်ရာ အာဏာပိုင် အဆင့်ဆင့်အား အမှုဖွင့် တိုင်ကြားထားကြောင်း ဆူးလေ စေတီ ဂေါပက အဖွဲ့ဝင် တဦးက ပြောသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်