အင်္ဂါနေ့တွင် အစိုးရသစ်ဖွဲ့မည်

လွှတ်တော် အစည်းအဝေးများကို ၃ ရက် နားကာ လာမည့် အင်္ဂါနေ့တွင် ပြည်ထောင်စုလွှတ်တော် ခေါ်ယူ၍ အစိုးရသစ် ဖွဲ့စည်းမည်ဖြစ်သည်။ လာမည့် အစိုးရသစ်အတွက် ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးအဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ကို လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီး အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုအား လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဦးမောင်မြင့်အားလည်းကောင်း ခန့်အပ်မည်ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးအဖြစ် ဦးကျော်ဆန်းကို ဆက်လက် ခန့်ထားမည်ဟု သတင်းများ ထွက်ပေါ်နေသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်