ဥရောပသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် ဒုက္ခသည် စခန်းများသို့ လာမည်

Tuesday, 22 February 2011 15:54 သတင်းတိုများ
Print
ဥရောပ သမဂ္ဂ(EU) လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စ ခရစ္စတလီနာ ဂျော့ဂျီဗာ သည် လာမည့်မတ်လတွင် ထိုင်းနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။ ၎င်းသည် ၂ ရက်ကြာ ခရီးစဉ်အတွင်း ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ ဒုက္ခသည် စခန်းများသို့ သွားရောက်၍ ဘဏ္ဍာရေး ဆိုင်ရာ အကူအညီနှင့်ပတ်သက်သည့် အခြေအနေများကို လေ့လာမည်ဟု ဆိုသည်။ EU သည် လွန်ခဲ့သော အနှစ် ၂၀ ခန့်ကပင် ယင်း ဒုက္ခသည် စခန်းများရှိ ဒုက္ခသည် ၁၅၀၀၀၀ ခန့်အတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ ပေးနေသည့် အဓိက အဖွဲ့ဖြစ်ကြောင်း သိရသည်။