မြန်မာမှ ဆော်ဒီသို့ ကြက်သားတင်ပို့မှု ရပ်ဆိုင်းထား

ယခင်လက ကြက်ငှက်တုပ်ကွေး ဖြစ်ပွားမှုကို တွေ့ရှိခဲ့ပြီးနောက် တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဌာနက မြန်မာနိုင်ငံမှ ဆော်ဒီအာရေဘီးယားနိုင်ငံသို့ ကြက်သားနှင့် ကြက်ဥတင်ပို့မှုကို ရပ်ဆိုင်းထားခိုင်းကြောင်း သိရသည်။ စစ်ကိုင်းတိုင်းအတွင်းရှိ ကြက်ခြံ ၂ ခုတွင် ကြက်ငှက်တုပ်ကွေး H5N1 ဖြစ်ပွားနေကြောင်း ဖေဖော်ဝါရီလအတွင်းက တွေ့ရှိခဲ့သည်။ ယခုနှစ် ဇန်နဝါရီလ အတွင်းကလည်း စစ်တွေမြို့နယ်တွင် H5N1 ဖြင့် ကြက်ကောင်ရေ ၇၀၀ ကျော် ရုတ်တရက် သေဆုံးမှု ဖြစ်ခဲ့သည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်