ဂြိုဟ်တု လွှင့်တင်ရေးကော်မတီ ဖွဲ့

ဆက်သွယ်ရေးနှင့် သတင်းကဏ္ဍကို တိုးမြှင့်ရန် ဂြိုလ်တု လွှင့်တင်ရေး ဗဟိုကော်မတီနှင့် အကောင်အထည်ဖော်ရေး ကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ အဖွဲ့ဝင် ၇ ဦးပါ အကောင်အထည်ဖော်ရေး ကော်မတီတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဆက်သွယ်ရေး ညွှန်ကြားရေးမှူးက ဥက္ကဋ္ဌ၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးက အတွင်းရေးမှူးဖြစ်သည်။ ဗဟိုကော်မတီက မူဝါဒချမှတ်ခြင်း၊ နားလည်မှုစာချွန်လွှာများကို အတည်ပြုပေးခြင်း၊ အာကာသနည်းပညာ ရယူခြင်းများကို ဆောင်ရွက်မည်ဟု သိရသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်