အိန္ဒိယ နယ်စပ် သစ်မှောင်ခိုကူးသူများ ဖမ်းဆီးထား

အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့ရှိ သစ်မှောင်ခိုလုပ်ငန်းလုပ်ကိုင်နေသူများနှင့် သစ်တောဦးစီးဌာန ၀န်ထမ်းများကို နေပြည်တော်မှ အထူးစုံစမ်းရေးအဖွဲ့က ဧပြီ ၁၉ ရက်တွင် ထိန်းသိမ်းလိုက်ပြီး စစ်ဆေးမှုများပြုလုပ်နေကြောင်း ၀န်ထမ်းအသိုင်းမှ သိရသည်။ ထိန်း သိမ်းခံရသူများတွင် တမူးမြို့ရှိ သစ်စက်ပိုင်ရှင်များ၊ ကျွန်းသစ် ထုတ်လုပ်သူများ၊ မြန်မာနိုင်ငံမှ ကျွန်းသစ်များကို အိန္ဒိယနိုင်ငံသို့ တရားမ၀င် တင်ပို့ရောင်းချနေသူများနှင့် သစ်တောဦးစီးဌာနမှ ၀န်ထမ်းများပါဝင်ကြောင်း၊ သစ်တောဝန်ထမ်းများကို သစ်တော ဦးစီး ဌာန ရိပ်သာတွင် အကျယ်ချုပ်ဖြင့်ထားရှိပြီး ကျန်သူများကိုမူ တမူးမြို့နယ်ရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု ဆိုသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်