အစိုးရသစ် လွတ်ငြိမ်းချမ်းသာခွင့် ပေးရန်ပြင်ဆင်

သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရသစ်က အကျဉ်း သား တချို့ကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးရန်ပြင် ဆင်နေကြောင်း သိရှိရသည်။ ယင်းအစီအစဉ် အား သမ္မတ ဦးသိန်းစိန် ၏ ပထမ အကြိမ် ခရီးစဉ်ဖြစ်သော ကြာသပတေးနေ့ ၌ သွားရောက်မည့် အင်ဒိုနီးရှား နိုင်ငံ ခရီးစဉ်နှင့် အချိန်ကိုက် ပြုလုပ်ဖွယ်ရှိကြောင်း၊ သို့သော် လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ် ၌ နိုင်ငံရေးအကျဉ်း သားများ ပါဝင်ခြင်း ရှိမရှိ ဆိုသည် ကို ရှင်းလင်းစွာ မသိရှိရကြောင်း အစိုးရ အရာရှိတဦးအား ကိုးကား၍ AFP သတင်းတွင် ရေး သား ထားသည်။ ဦးသိန်းစိန်သည် မေ ၇ – ၈ ရက် ၌ အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့တွင် ကျင်းပသည့် ၁၈ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် ရှိကြောင်း သိရသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်