ပြည်သူ့ဂုဏ်ရည်ဆုအတွက် ဆန်ခါတင် ၅ ဦး စာရင်းထွက်ပေါ်

အမေရိကန်ရောက် မြန်မာများ စုပေါင်းပေးအပ်သည့် ဒုတိယအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုအတွက် ဆန်ခါတင် ၅ ဦးမှာ ကိုဇာဂနာ၊ မဖြူဖြူသင်း၊ ရှေ့နေ ဦးဖိုးဖြူ၊ NLD လူမှုအထောက်အကူပြု အဖွဲ့နှင့် အကျဉ်းကျ သံဃာနှင့် သီလရှင်များကို အကူအညီပေးနေသည့် ဒေါ်ရှုတို့ဖြစ်ကြောင်း ပြည်သူ့ဂုဏ်ရည် ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။ ယင်းဝက်ဘ်ဆိုဒ်တွင်ပင် ဆန္ဒမဲ ပေးနိုင်ကြပြီး ဆုရရှိသူကို မေလ ၁၅ ရက်တွင် ကြေညာမည်ဖြစ်သည်။ ယခုနှစ်အတွက် အမေရိကန် ဒေါ်တာ ၁ သောင်းအထိ တိုးမြှင့် ဆုချီးမြှင့်မည်ဟု သိရသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်