အိန္ဒိယ-မြန်မာ နယ်ခြား စည်းရိုးကိစ္စ ပြန်လည်ဆွေးနွေးမည်

အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်တွင် နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးအတွက် နယ်ခြား စည်းရိုးကာရံနေမှုကို မြန်မာဘက်မှ ကန့်ကွက်သောကြောင့် ခေတ္တရပ်တန့်ထားရာ အဆိုပါ ကိစ္စအပြင် နှစ်နိုင်ငံ ထောက်လှမ်းရေးနှင့် သတင်းအချက်အလက် ဖလှယ်ရေးတို့အတွက်လည်း နှစ်ဘက် တာဝန်ရှိသူများက ဆွေးနွေးညှိနှိုင်းကြမည်ဟု သိရသည်။ ဆွေးနွေးညှိနှိုင်းမှုများကို ဇွန်လ ၁၄ ရက်နှင့် ၁၅ ရက်တွင် စစ်ကိုင်းတိုင်း ကလေးဝမြို့၌ ပြုလုပ်မည်ဖြစ်သည်။ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် မိုးရေးနှင့် တမူးမြို့အနီးတွင် နယ်ခြားစည်းရိုး ကာရံနေရာ မြန်မာနိုင်ငံ၏ နယ်နိမိတ်ကို ကျူးကျော်မှုရှိနေကြောင်း မြန်မာဘက်မှ ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်