မြန်မာပြည်သွားမည့် မြောက်ကိုရီးယား သဘောင်္ တားဆီးခံရ

မြန်မာနိုင်ငံသို့ ဦးတည် မောင်းနှင်လာသည်ဟု ယူဆရသော မြောက်ကိုရီးယား ကုန်တင် သဘောင်္တစီးသည် အမေရိကန် ရေတပ် သင်္ဘော McCompbellက တားမြစ်သောကြောင့် မိခင်နိုင်ငံသို့ လှည့်ပြန်သွား ခဲ့ရကြောင်း သိရသည်။ လွန်ခဲ့သည့် ၂ ပတ်ခန့်က တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တောင်ဘက် ပင်လယ်ပြင် တနေရာ၌ တွေ့ရှိရသော ယင်းမြောက်ကိုရီးယား သင်္ဘောသည် ဒုံးကျည် လက်နက် အစိတ်အပိုင်းများနှင့် နည်းပညာများကို သယ်ဆောင်လာသည်ဟု သံသယ ရှိသောကြောင့် အမေရိကန် ရေတပ်က တားမြစ်ခဲ့ခြင်း ဖြစ်ကြောင်း New York Times သတင်း တပုဒ်တွင် ယနေ့ ဖော်ပြထားသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်