နောက်ထပ် သံတမန်တဦး အမေရိကန်တွင် ခိုလှုံခွင့်တောင်း

Thursday, 14 July 2011 11:22 သတင်းတိုများ
Print
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့ရှိ အမေရိကန်ဆိုင်ရာ မြန်မာသံရုံးမှ နောက်ထပ် ဝါရင့် သံတမန်တဦး ခိုလှုံခွင့် တောင်းခံကြောင်း သိရသည်။ ဇူလိုင်လ ၄ ရက်နေ့က ခိုလှုံခွင့် တောင်းခံခဲ့သော ဒု သံမှူး ဦးကျော်ဝင်းနှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းရန်အတွက် မြန်မာပြည်သို့ ပြန်လာရန် မြန်မာအစိုးရက ညွှန်ကြားချက် အပေးခံရပြီးနောက် ပထမ အတွင်းဝန် ဦးစိုးအောင်သည် အမေရိကန်တွင် ခိုလှုံခွင့် တောင်းခံလိုက်ကြောင်း AP သတင်းတွင် ဖော်ပြထားသည်။