အပစ်ရပ်ရန် တိုင်းရင်းသားပါတီများ တောင်းဆို

Wednesday, 03 August 2011 18:08 သတင်းတိုများ
Print
ရှမ်း၊ ရခိုင်၊ မွန်၊ ချင်း၊ ကရင် စသည့် တိုင်းရင်းသားနိုင်ငံရေးပါတီ ၅ ခုက မြန်မာနိုင်ငံရှိ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်အတွက် အားလုံး ပါဝင်သော ငြိမ်းချမ်းရေးကော်မတီတခု ဖွဲ့ပေးရေး၊ စစ်ပြေးဒုက္ခသည်များအား အကူအညီပေးရေး စသဖြင့် အစိုးရကို တောင်းဆိုမှုများ ပါဝင်သည့် ကြေညာချက်တစောင်ကို ယနေ့ ထုတ်ပြန်လိုက်သည်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ချက်ချင်း ကြေညာပေးရန်လည်း တိုက်တွန်းထားသည်။ ကြေညာချက်တွင် မကြာသေးခင်က ပင်စာလစာများ တိုးပေးလိုက်သည့် အစိုးရ၏ အစီအစဉ်ကို ချီးကျူး ထောက်ခံထားသည်ဟု သိရသည်။