နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲ ကျင်းပ

Monday, 05 September 2011 14:27 သတင်းတိုများ
Print
နိုင်ငံရေး အကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ယက်မှ ကမကထပြုသော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲကို ယမန်နေ့ နေ့လည်တွင် ရွှေတိဂုံစေတီတော်ရင်ပြင်၌ ကျင်းပသည်။ နိုင်ငံရေးအကျဉ်းသားမိသားစုများ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ ၂၀၀ ခန့်တက်ရောက်သည်ဟု သိရပြီး အာဏာပိုင်များက စောင့်ကြည့်သော်လည်း နှောင့်ယှက်ဟန့်တားခြင်း မရှိဟု သိရသည်။