မိုင်းနှင့်ဆော့ကစားမိ၍ ကလေး ၁ ဦးသေ

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့ မြို့ပတ်လမ်း ၅ ရပ်ကွက်ရှိ အိမ်တလုံးတွင် စက်တင်ဘာလ ၃ ရက်နေ့က မိုင်းဗုံးတလုံး ပေါက်ကွဲမှုဖြစ်ပွားရာ ကလေးငယ် ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိသွားသည်။ ယင်းမိုင်းကို မိသားစုဝင်တဦးက လွန်ခဲ့သည့် ၃ နှစ်ကျော်က ကောက်ယူရရှိခဲ့ခြင်းဖြစ်ကြောင်း၊ မိသားစုဝင် ကလေးများက ယူဆော့ကစားရာမှ ယခုကဲ့သို့ ပေါက်ကွဲခြင်း ဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူများကို လားရှိုးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ယနေ့ထုတ် အစိုးရသတင်းစာတွင် ဖော်ပြထားသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်