မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေး အဖွဲ့ ဖွဲ့စည်း

Wednesday, 05 October 2011 11:22 သတင်းတိုများ
Print
မွန်ပြည်သစ်ပါတီ(NMSP)က ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ ၎င်းအဖွဲ့သည် မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် အောက်တိုဘာ လလယ်ခန့်တွင် ငြိမ်းချမ်းရေး ဆွေးနွေးရန် မျှော်လင့်ရသည်ဟု NMSP နှင့် နီးစပ်သူကပြောသည်။
ဆွေးနွေးရာ၌ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ(UNFC)၏ မူအတိုင်း ဆွေးနွေးမည်ဖြစ်ကြောင်း သိရ သည်။ UNFC ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့နှင့် တခြားသော နိုင်ငံရေးလှုပ်ရှားသည့် အဖွဲ့၆ ဖွဲ့တို့ပူးပေါင်း၍ ယခုနှစ် ဖေဖော်ဝါရီလ က စတင် ဖွဲ့စည်းခဲ့သည်။ UNFC အဖွဲ့ဝင်များသည် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာ၌ တဖွဲ့ချင်းမဆွေးနွေးဘဲ အားလုံးနှင့် ဆွေးနွေးရန် မူဝါဒ ချမှတ်ထားသည်။