ဆည်ရပ်တန့်မှု မြန်မာအစိုးရကို ဂျွန်မက်ကိန်း ချီးကျူး

Thursday, 06 October 2011 11:50 သတင်းတိုများ
Print
ပြည်သူလူထု၏ သဘောမတူ ကန့်ကွက်နေမှုကြောင့် မြစ်ဆုံဆည်စီမံကိန်း ရပ်တန့်လိုက်ခြင်းသည် “ဒီမိုကရေစီဆန်သော လုပ်ရပ်” ဖြစ်ကြောင်း အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက မြန်မာအစိုးရကို ချီးကျူးပြောဆိုလိုက်သည်။ မြန်မာအစိုးရသည် ပြည်သူလူထု၏ အသံကို နားထောင်ပြီး ပြည်သူ့အကျိုးအတွက် အစိုးရမူဝါဒတွင် မထင်မှတ်သော ပြောင်းလဲမှုများပြုလုပ်လိုက်ကြောင်း ဂျွန်မက်ကိန်းက ပြောသည်။