DKBA အရာရှိ တဦး မြ၀တီတွင် ဗုံးခွဲ

E-mail Print
ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သော ကရင်ပြည်နယ် မြ၀တီမြို့ အမှတ် (၃) ရပ်ကွက် မေတ္တာလမ်းရှိ လူနေ အိမ်ခန်းတခု၌် ယမန်နေ့ည (၉) နာရီ ကျော်တွင် လက်ပစ်ဗုံး ပေါက်ကွဲမှုကြောင့် အမျိုးသား တဦး ပွဲချင်းပြီး သေဆုံး၍ အမျိုးသမီးနှစ်ဦး ဒဏ်ရာ ပြင်းထန်စွာရရှိကာ မြ၀တီဆေးရုံတွင် တင်ထားရကြောင်း သတင်းရရှိ သည်။

အဆိုပါ လက်ပစ်ဗုံး ပေါက်ကွဲမှုသည် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့(DKBA)မှ အရာရှိ တဦးနှင့် မြ၀တီမြို့ခံ အမျိုးသမီးတဦး ပြဿနာဖြစ်ပွားမှုမှ စတင်ခြင်းဖြစ်သည်ဟု ဗုံးပေါက်ကွဲသည့် နေရာနှင့် အနီးတွင် နေထိုင်သူ မျက်မြင်သက်သေတဦးက ပြောပြသည်။

“ဗိုလ်တင့်လွင်လို့ခေါ်တယ်၊ (၉၀၆) DKBA ကလေ၊ သူက ဒီ သူ့ရည်းစားအိမ်ကို တပတ်တခါ အမြဲတမ်း လာတာ၊ မနေ့က သူနဲ့ ဘာတွေဖြစ်ကြလဲတော့ မသိဘူး၊ စကားများပြီးတော့ လက်ပစ် ဗုံးနဲ့ ခြိမ်းခြောက် တယ်၊ အဲဒါ သူနဲ့ လုံးလုံးထွေးထွေးဖြစ်ပြီး လက်ပစ်ဗုံးလွတ်ကျပြီး ကပ်လျက် အခန်းထဲမှာ ဗုံး သွားကွဲတယ်၊ အိမ်ထဲမှာရှိနေတဲ့ ကိုရခိုင် ပွဲချင်းပြီးသေတယ်၊ မိန်းမနှစ်ယောက် ဒဏ်ရာအပြင်းအထန် ရသွားလို့ အခု မြ၀တီ ဆေးရုံမှာ တင်ထားရတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

လက်ပစ်ဗုံး ပေါက်ပြီးသည်နှင့် ဗိုလ်တင့်လွင်သည် ၄င်း၏ကားကို အပြင်းမောင်းနှင်ကာ ထွက်ပြေးသွားသည် ဟုလည်း ဆိုသည်၊

မြ၀တီမှ ရဲဝန်ထမ်းတဦးကလည်း“မနေ့ က (၃)ရပ်ကွက်မှာ ပေါက်ကွဲမှုတခုဖြစ်ခဲ့တယ်၊ ငြိမ်းချမ်းရေးအဖွဲ့ က အရာရှိတယောက် သူ့အဆက်အိမ်ကိုသွားရင်းဖြစ်ခဲ့တာ၊ ကျနော်တို့ အဲသလောက်ပဲသိတယ်”ဟု ပြောသည်။

မြ၀တီမြို့ခံများ၏ ပြောပြချက်အရ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားသူ ကိုရခိုင်မှာ ဆိုက္ကားသမား တဦး ဖြစ်ကြောင်းနှင့် ဆေးရုံတင်ထားရသူများမှာ ကိုရခိုင်၏ဇနီး မအုန်းနှင့် အခြားအမျိုးသမီးတဦးဖြစ်ကြောင်း၊ ယခုဗုံးကွဲရာ အိမ်ခန်းမှ အမျိုးသမီးသည် အရာရှိများ၊ သြဇာအာဏာရှိသူများ၏ ပျော်တော်ဆက်ဖြစ်ကြောင်း၊ ဗိုလ်တင့်လွင်သည် သူမထံသို့ အပတ်စဉ်လာလည်လေ့ ရှိကြောင်း သိရသည်။

ဗုံးပေါက်ကွဲသည့် လူနာများနှင့် ပတ်သက်၍ မြ၀တီဆေးရုံသို့ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ပြန်လည် ဖြေဆိုခြင်းမပြုခဲ့ချေ။

ယခု ဗုံးကွဲမှုအား မြ၀တီရဲတပ်ဖွဲ့ မှ မည်သို့အရေးယူဆောင်ရွက်မည် ဆိုသည်ကိုလည်း မသိရှိရသေးပါ။

DKBA သည် ၁၉၉၅ ခုနှစ်တွင် ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူထားသော လက်နက်ကိုင်အဖွဲ့ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်