ဇော်ဝင်းထွဋ်နှင့် အင်ပါယာဝိုင်း ၂၅နှစ်ပြည့် စင်မြင့်ဖျော်ဖြေပွဲ ကျင်းပမည်

E-mail Print
အင်ပါယာတီးဝိုင်း၏ ၂၅ နှစ်ပြည့် ဂီတဖျော်ဖြေပွဲကို လာမည့် နိုဝင်ဘာ ၁ ရက်နေ့ (တန်ဆောင်မုန်း လပြည့်နေ့) တွင် ရန်ကုန်မြို့ရှိ ကန်တော်ကြီး ဥယျာဉ် မျှော်စင်ကျွန်း၌ ကျင်းပရန် စီစဉ်နေ ကြောင်း ရော့ခ်အဆိုတော် ဇော်ဝင်းထွဋ် ကပြောသည်။

ထိုနေ့တွင်ကျင်းပမည့် ဖျော်ဖြေပွဲနှင့်ပတ်သက်ပြီး အဆိုတော် ဇော်ဝင်းထွဋ်က“ကျနော်ရယ်၊ ကျနော်တို့ အင်ပါယာနဲ့ ဆိုဖူးကြတဲ့ အဆိုတော်တွေလာကြမယ်၊ စတိတ်ရှိုးထက်ဆာရင် reunion ပေါ့ ၊ စင်ကို လေပါတီ ပုံစံမျိုး၊ ၊ မတွေ့တာကြာတဲ့သူငယ်ချင်းတွေ ပြန်တွေ့တဲ့ ပုံစံမျိုး၊ အဆိုတော်တွေရယ်၊ ပရိသတ်ရယ်၊ ဂီတကို ချစ်တဲ့သူတွေ ဒီတနေရာတည်းမှာ ဒီကျွန်းထဲမှာ စုဝေးကြတယ်တဲ့ သဘောမျိုးလေးပါ”ဟု ဧရာဝတီသို့ ရှင်းပြ သည်။

ယခုကဲ့သို့ အင်ပါယာ၂၅ နှစ်ပြည့်တိုင် ရပ်တည်နိုင်မှုအတွက် အဆိုတော်ဇော်ဝင်းထွဋ်နှင့်ထပ်တူ ဂုဏ်ယူ ၀မ်းသာကြောင်း တေးရေး မင်းချစ်သူကလည်း ဧရာဝတီကိုပြောသည်။

“သူ သွားချင်တဲ့လမ်း ရော့ခ်အနေနဲ့ရပ်တည်နေတာက သူ့အတွက်တော့ ကျေနပ် စရာပဲပေါ့၊ ဒါပေမယ့် နောက်ပိုင်း ခေတ်တွေက ပြောင်းလာတဲ့အခါကျတော့ ပုံစံတွေကပြောင်း လာတယ်၊ သူကတော့ သူ့လမ်း အတိုင်းသွားတယ်၊ တေးရေးသူအနေနဲ့က music အစုံကိုရေးရတဲ့ အခါကျတော့ အစုံလည်း နားထောင် ဖြစ်တယ်ပေါ့၊ ပြောင်းလာတဲ့ဟာလေး တွေလည်းရှိတာပေါ့၊ တချို့ဟာလေးတွေလည်း သူ့ကိုပြောင်းစေချင်တဲ့ ဆန္ဒရှိပါတယ်”ဟု ၎င်းက ဆိုသည်။

နှစ်ပေါင်း ၂၅ နှစ်လုံး အင်ပါယာတီးဝိုင်းတွင် ပါဝင်ခဲ့သည့် ကီးဘုတ် လီယိုနတ် မောင်မောင်လွင်ကလည်း “ကျနော်တို့ ဝိုင်းက ထွက်ခဲ့တဲ့ အခွေတွေထဲက သီချင်းတွေကို စုံအောင် ပြန်တီးမယ်၊ ခု သီချင်းတွေလည်း တိုက်နေကြပြီ၊ ကျနော်တို့ ပုံမှန် စင်ပေါ်မှာမတီးဖြစ်တဲ့သီချင်းတွေလည်းပါမယ်ပေါ့လေ”ဟုပြောဆိုသည်။

၎င်းက ဆက်လက်ပြီး“အဓိက ကတော့ သူငယ်ချင်းတွေ တယောက်နဲ့ တယောက်နားလည်မှုရှိကြလို့ပါပဲ၊ တီးဝိုင်းတဝိုင်းဆိုတာ လူတွေ အများကြီးပေါင်းထားတော့ တခါတလေ စိတ်အခန့်မသင့် တာလေးတွေ ရှိတာ ပေါ့၊ ကျနော်ကိုယ်တိုင် ကလည်း ထမင်းမစားဘဲနေရင်နေ မတီးဘဲ မနေနိုင်တဲ့ အနေအထားမှာရှိတော့ ဘယ်လိုအခက်အခဲ၊ အဆင်မပြေတာဖြစ်ဖြစ် ကျော်ဖြတ်လို့ရပါတယ်”ဟု ပြောသည်။

ဒရမ္မာ ကိုဝေထွန်းကမူ ယင်းအင်ပါယာတီးဝိုင်း၂၅ နှစ်ပြည့်ပွဲသို့ အကြောင်းတစုံတရာကြောင့် မတက်ရောက် နိုင်ကြောင်းသိရသည်။

ကိုဝေထွန်းက“ဒီပွဲကို ညီထွဋ် ပဲ စီစဉ်တာ၊ အားလုံးက သူ့လက်၊ သူ့ခြေချည်းပဲ၊ သူပျော်ရင်ပြီးတာပဲလေ၊ သူပျော်ဖို့ အားလုံးက ဝိုင်းဝန်းပံ့ပိုး ပေးကြတာ၊ ကျနော်က၂၀၀၄ ခုနှစ် အစောပိုင်းကစပြီး Lazy Club ကကော၊ အင်ပါယာ ကကော ဒရမ်တီးတာကို အပြီးနားလိုက်တာ၊ အသက်ကြီးတာတကြောင်း၊ ကျန်းမာရေး ကြောင့်တကြောင်း၊ မတီးချင်တော့တာ တကြောင်းပေါ့”ဟု ဆိုသည်။

ကိုဝေထွန်းနှင့် ကိုကျင်ခန်းဖုန်း တို့ အင်ပါယာတီးဝိုင်းမှ ထွက်ခွာသွားပြီးနောက်ပိုင်း အင်ပါယာတီးဝိုင်း မတည်ငြိမ်မှုဖြစ်ခဲ့ကြောင်းသိရသည်။ လက်ရှိ အင်ပါယာတီးဝိုင်းတွင် အဆိုတော်ဇော်ဝင်းထွဋ်၊ အစ်ကို ဖြစ်သူ ဇော်မျိုးထွဋ်နှင့်အတူ ကီးဘုတ် လီယိုနဒ်မောင်မောင်လွင်၊ ဒရမ် ရဲလင်း၊ ကိုမြတ်မိုး နှင့် ကိုဗိုလ်မြင့်တို့က ဆက်လက်တီးခတ်လျှက်ရှိသည်။

ယင်း အင်ပါယာတီးဝိုင်းကို အဆိုတော်ဇော်ဝင်းထွဋ်၊ အစ်ကို ဖြစ်သူ ဇော်မျိုးထွဋ်နှင့်အတူ ကီးဘုတ် လီယိုနဒ်မောင်မောင်လွင်၊ ဒရမ် ကိုဝေထွန်း၊ ကိုဂျွန် နှင့် ကိုကျော်လတ်တို့က စတင်တည်ထောင် ခဲ့ခြင်း ဖြစ်ပြီး နောက်ပိုင်း ကိုကျော်လတ် အမေရိကန်သို့ထွက်ခွာသွားပြီးနောက် အင်ပါယာတီးဝိုင်းသို့ ကိုကျင်ခန်း ဖုန်း ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

အင်ပါယာတီးဝိုင်းကို ၁၉၈၄ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၀ ဝန်းကျင်မှစ၍ အောင်မြင်မှု ရရှိ ခဲ့ကြောင်း သိရသည်။ ယင်းအင်ပါယာတီးဝိုင်း မတိုင်မီ ၆ နှစ်ကြာ OASIS-1 တီးဝိုင်းအဖြစ်နှင့် ဂီတဖျော်ဖြေ မှုများကို ပြုလုပ်ခဲ့သည်ဟု ဇော်ဝင်းထွဋ်က ဆိုသည်။

အဆိုတော် ဇော်ဝင်းထွဋ်က“အင်ပါယာ ဘဝနဲ့ ၁၉၈၄ ကနေစလိုက်တာ၊ တကယ်တန်း ၁၉၈၉ လောက်ကျ မှ စအောင်မြင်တာ။ ရှေ့နှစ် တွေ ကျနော်တို့ ကြိုးစားရုန်းကန်နေကြတဲ့အချိန်မှာ့ ကျနော်တို့ ငယ်သူငယ်ချင်း တွေ စိတ်တူ၊ကိုယ်တူပေါ့၊ အခွေ ၄ ခွေအထိ ကျနော်တို့ကို ပရိသတ်မသိသေးဘူး၊ နောက် ၅ ခွေ မြောက်ကျ မှ ကျနော်က“လက်ရွေး စင်ခွေအကောင်းဆုံးတေးများ” ကို ပြန်ထုတ်တော့ “ကောင်းကင်မေမေ” သီချင်းတို့နဲ့ စပေါက်တာပေါ့”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ရော့ခ်ဂီတကို စတင်မိတ်ဆက်ခဲ့ခြင်းနှင့်ပတ်သက်၍လည်း ၎င်းက“ကျနော်တို့ ဂီတလောက ကို စတင်ဝင်ရောက်ခဲ့စဉ်က တကမ္ဘာလုံးမှာ ဟဲဗီးရော့ခ် လိုင်းလုံးကြီးက လွှမ်းမိုးနေတဲ့ အချိန်၊ ကျနော်က လည်း ရော့ခ် Band တခုအနေနဲ့ဝင်လာတယ်၊ မြန်မာပြည်မှာ ဘယ်သူမှ လက်မခံဘူး၊ တအား နားဆူတယ်၊ ဘာတွေလျှောက်ဆိုနေမှန်းမသိဘူးဆိုတဲ့အချိန်ပေါ့”ဟု ဆိုသည်။

သို့သော် ၂၀၀၀ ခုနှစ် နောက်ပိုင်းတွင် အင်ပါယာ ၏ အောင်မြင်မှုအရှိန်ကျဆင်းခဲ့ကြောင်း ပရိသတ်များက ပြောဆိုကြသည်။

အင်ပါယာတီးဝိုင်းကို အားပေးခဲ့သည့် ပရိသတ်တဦးက“သူတို့ အဖွဲ့နောက်ပိုင်းကျလာတဲ့ အကြောင်းအရင်း က သူတို့တီးဝိုင်းအဖွဲ့သားတွေ ကွဲသွားတယ်၊ ဇော်ဝင်းထွဋ်ဆိုပြီး နာမည်ကြီးခဲ့တဲ့ အချိန်မှာ အင်ပါယာဆို တာ ကျင်ခန်းဖုန်း၊ ကိုဝေထွန်း တို့ကလည်း တနေရာမှာပါတယ်၊ သူတို့ မရှိတဲ့ နောက်ပိုင်းမှာ တခြားသူတွေ ဝင်လာတယ်၊ နောက်ပိုင်း ဟိုလူဝင်တီး၊ ဒီလူဝင်တီးလိုက်ဖြစ်လာတဲ့ နောက်ပိုင်းမှာ အင်ပါယာတီးဝိုင်း ကျ သွားလို့ ကျနော်ထင်တယ်”ဟု ပြောသည်။

လူငယ်ပရိသတ်တဦးဖြစ်သူ ကိုဘိုဘိုကလည်း“ကျနော်ကလူငယ်တယောက် အနေနဲ့ခေတ် အလိုက်ပြောင်း လာတဲ့ သီချင်းတွေကိုပို နားထောင်ဖြစ်တယ်၊ ပိုကြိုက်တယ် ရော့ကိုကြိုက်ပေမယ့် သူ့(ဇော်ဝင်းထွဋ်) အရင်က သီချင်း တပုဒ်၊ နှစ်ပုဒ် လောက်ပဲ၊ နောက်ပိုင်း သူ့ကိုမကြိုက်ရတဲ့ အကြောင်းတချက်က ပေါ်လစီ သီချင်းဆိုလို့၊ သူ့သီချင်း စာသားတွေ မကောင်းတော့ဘူး၊ ဆိုရင်လည်း ခံစားချက်မရှိဘဲနဲ့ ဆိုသလိုပဲ”ဟု ဆိုသည်။

၁၉၉၆ ခုနှစ်တွင် ထွက်ရှိသည့် ဇော်ဝင်းထွဋ်၏ “မဟာ” အယ်လ်ဘမ်သည် စစ်အစိုးရ ပေါ်လစီ စီးရီးဖြစ်သော ကြောင့် အားပေးမှု ကျဆင်းခဲ့ရကြောင်း ဝေဖန်ပြောဆိုမှုများလည်း ရှိခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်