တမူးတွင် ပစ်ခတ်မှုဖြစ်ပွား

E-mail Print
အိန္ဒိယ - မြန်မာ နယ်စပ်မြို့ တမြို့ဖြစ်သော စစ်ကိုင်းတိုင်း တမူးမြို့ အနောက်ပိုင်း နမ့်ဖူလွန် ရပ်ကွက်ရှိ ကသည်းလူမျိုးများ နေထိုင်သည့် အိမ်တအိမ်ကို အမည်မသိသူများက လာရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

တမူးမြို့ကို ဖြတ်သန်းသွားသော အာရှလမ်းမကြီးဘေးရှိ အဆိုပါ နေအိမ်ကို နိုဝင်ဘာ ၁၆ ရက်နေ့ ည ၇ နာရီ ၀န်းကျင်က ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်တစုံတရာ မရှိခဲ့ကြောင်း မြို့ခံများက ဆိုသည်။

“အဝေးကနေ လှမ်းပစ်တာ။ အိမ်ကိုတော့ မထိဘူး။ အိမ်နဲ့ အိမ်နားက အမှတ် (၉) စာသင်ကျောင်းကြားက မြက်ခင်းမှာကျတာ။ အသံက တော်တော်ပြင်းတယ်။ တမြို့လုံး ဟိန်းသွားတာ။ တဘက် မိုးရေးကနေတောင် ကြားရတယ်တဲ့။ ဘယ်သူက ဘယ်လိုပစ်တယ်ဆိုတာ ခုထိ မသိကြဘူး” ဟု တမူးမြို့ခံတဦးက ပြောသည်။

မည်သူ ပစ်ခတ်သွားသည်ကို မသိရသေးသကဲ့သို့  မည်သည့်လက်နက်ဖြင့် ပစ်ခတ်သည်ကိုလည်း မသိရှိရသေးဘဲ ထိုအကြောင်းနှင့် ပတ်သက်၍ နောက်ဆက်တွဲ သတင်းများကို ဖုံးကွယ်ထားသည်ဟု တမူးမြို့ခံများက ဆိုကြသည်။

ဧရာဝတီမှ တမူးမြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိသူတဦးက ပစ်ခတ်မှုဖြစ်ပွားသည်မှာ ဟုတ်မှန်ကြောင်း၊ ထိခိုက်မှုမရှိကြောင်းသာ ဖြေကြားခဲ့ပြီး အသေးစိတ်ဖြေဆိုရန်ကိုမူ ငြင်းဆိုခဲ့သည်။

ယခင် အပတ်ကလည်း တမူးမြို့ မြို့မရပ်ကွက်အတွင်းရှိ ကသည်းလူမျိုးများနေအိမ်တအိမ်ကို လက်ပစ်ဗုံးနှင့် ပစ်ခတ်ခံခဲ့ရဖူးသည်။ ထိုဖြစ်ရပ်များကြောင့် တမူးဒေသနေ ပြည်သူများမှာ မိမိတို့ လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေကြသည်ဟု မြို့ခံတဦးကဆိုသည်။

“မြို့ပေါ်မှာ အခုလိုတွေဖြစ်တော့ စိတ်ဆိုးကြတယ်။ ကြိုက်လည်း မကြိုက်ဘူးပေါ့။ ရပ်ကွက်တွေထဲမှာ ဒီလို လာဖြစ်နေတော့ ကိုယ့်ကိုယ်ကိုယ် ထိခိုက်မှာ၊ သေကြေမှာ ကြောက်နေကြတယ်” ဟု ၎င်းကပြောသည်။

ယခု ဖြစ်ရပ်များကြောင့် တမူးမြို့နေ ကသည်းလူမျိုးများမှာ ညစဉ်ညတိုင်း မိမိတို့ နေအိမ်ခြံဝန်းအတွင်း ကင်းစောင့်နေ ကြရပြီး နယ်မြေခံ စစ်တပ်ကလည်း လုံခြုံရေး အထူးတိုးမြှင့်ထားသည်ဟု ဒေသခံများက ဆိုကြသည်။

“အရင်ကဆို စစ်တပ်က ညနေမှ လုံခြုံရေးထွက်တာ။ အခုတော့ နေ့လည်ကတည်းက ထွက်လာတယ်။ နယ်စပ် အသွားအလာ အရောင်းအ၀ယ်ကတော့ ပုံမှန်ပါပဲ။ ထူးထူးခြားခြား စစ်တာဆေးတာ၊ ပိတ်ဆို့တာ၊ ထိခိုက်တာ မရှိသေးဘူး” ဟု ဒေသခံ တဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း တမူးမြို့ မြို့သစ်ရပ်ရှိ မဏိပူ ကသည်းလူမျိုးတဦး၏ နေအိမ်မှ လက်နက်ခဲယမ်းများ ပေါက်ကွဲမှုကြောင့် နေအိမ် ၃ လုံး မီးလောင်ခဲ့ပြီး လူတဦး သေဆုံးခဲ့သေးသည်။

ထိုစဉ်ကတည်းက တမူးမြို့ပေါ်တွင် လက်နက်များ ကိုင်ဆောင်ခြင်းကို အာဏာပိုင်များက တားမြစ်ထားသော်လည်း တိတ်တဆိတ် လက်နက်ကိုင်ဆောင်ခြင်းများ ရှိနေဆဲဖြစ်သည်ဟု ဒေသခံများကဆိုသည်။

အိန္ဒိယ ခွဲထွက်ရေးသူပုန်များဖြစ်သည့် ကသည်းလူမျိုးများမှာ အိန္ဒိယ - မြန်မာနယ်စပ် ၀န်းကျင်ဒေသများတွင် နေထိုင် ကျက်စားလျက်ရှိပြီး မြန်မာအစိုးရက ၎င်းတို့ကို တမူးမြို့နှင့် ကလေးမြို့ပေါ်တွင် နေထိုင်ခိုလှုံခွင့် ပေးထားသည်။

တချို့သော ကသည်းလူမျိုးများမှာ မြန်မာနိုင်ငံသား မှတ်ပုံတင် ရရှိထားကြပြီး မန္တလေးမြို့အထိ ခြေဆန့်နေထိုင်ခြင်းများ ရှိသည်။

အဆိုပါ ကသည်းလူမျိုးများသည် နေအိမ်များတွင် လက်နက်ခဲယမ်းများ ထားရှိခြင်း၊ လက်နက် ကိုင်ဆောင်ခြင်းများရှိပြီး မကြာခဏ ဆိုသလို နယ်စပ်ဒေသရှိ တခြားသော အိန္ဒိယခွဲထွက်ရေး လက်နက်ကိုင်အဖွဲ့တို့နှင့် ပစ်ခတ်မှုများ ဖြစ်ပွားလေ့ရှိသည်။

ထို့အတူ နေအိမ်တွင် ထားရှိသော လက်နက်ခဲယမ်းများ ပေါက်ကွဲခြင်းကြောင့် မီးလောင်မှု၊ ထိခိုက်ဒဏ်ရာရမှုများလည်း ဖြစ်လေ့ရှိသည်။

မြန်မာ စစ်အစိုးရကမူ အိန္ဒိယ အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံသည့် အခါတိုင်း အိန္ဒိယ ခွဲထွက်ရေးသူပုန်များကို လက်ခံထားခြင်းမရှိကြောင်း ငြင်းဆိုလေ့ရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်