Global Fund အဖွဲ့က မြန်မာကို ပြန်လည် အကူအညီပေးမည်

E-mail Print
မြန်မာနိုင်ငံကို အိတ်ခ်ျအိုင်ဗီ၊ ငှက်ဖျား ရောဂါ နှင့် အဆုတ်ရောဂါ တိုက်ဖျက်ရေးအတွက် Global Fund အဖွဲ့က လာမည့် တနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၁၁၀ အကူအညီပေးမည် ဟုသိရသည်။

ယင်းအဖွဲ့၏ နိုဝင်ဘာလ ၁၂ ရက်နေ့က ထုတ်ပြန်ချက်တွင် “ယခုပေးအပ်သည့် အကူအညီများသည် ကမ္ဘာတ၀န်းရှိ နေ့စဉ်ကြုံတွေ့ နေရသည့် အခက်အခဲပြဿနာများကို ဖြေရှင်းပေးရာရောက်သည်”ဟု အဖွဲ့၏ အကြီးအကဲ Tedros Adhanom Ghebreyesus ကပြောကြားကြောင်း ဖော်ပြထားသည်။

Global Fund အဖွဲ့ကြီးသည် ကမ္ဘာ့နိုင်ငံအသီးသီးတွင် အိတ်ခ်ျအိုင်ဗီ၊ ငှက်ဖျားရောဂါ နှင့် အဆုတ်ရောဂါ တိုက်ဖျက်ရေး ကို လုပ်ဆောင်နေသည့် အဖွဲ့ကြီးဖြစ်သည်။

အလားတူ မြန်မာနိုင်ငံတွင် ထိုရောဂါများကို တိုက်ဖျက်ရန်အတွက်အကူအညီပေးနေသည့် ရောဂါသုံးမျိုး တိုက်ဖျက်ရေး  (3D Fund ) အဖွဲ့ကြီးမှ ဆက်သွယ်ရေးအရာရှိ Denise Jeanmonod ကလည်း မြန်မာနိုင်ငံအား Global Fund အဖွဲ့ကြီး ကအကူအညီများ ပြန်လည်ပေးအပ်ခြင်းသည် မြန်မာပြည်သူများအတွက် ကြီးမားသော အခွင့်အရေးကြီးတခုဖြစ်ကြောင်း၊ လူထုအနေဖြင့် အကူအညီများစွာ လိုအပ်နေကြောင်း ဧရာဝတီသို့ပြောသည်။

ယခုကဲ့သို့ နိုင်ငံတကာအကူအညီပေးရေး အဖွဲ့အစည်းကြီးတခုက အကူအညီများ ပြန်လည်ပေးသွားမည်ဆိုသည့်အတွက် ကြိုဆိုကြောင်း၊ သို့သော်လည်း အမှန်တကယ်လုပ်ဆောင်နေသည့် အဖွဲ့အစည်းများကို သေချာစွာ စိစစ်ပြီးမှ အကူအညီ ပေးသင့်ပြီး၊ စစ်အစိုးရအနေဖြင့်လည်း လွတ်လပ်စွာ လှုပ်ရှားလုပ်ဆောင်ခွင့်ပေးသင့်သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်(NLD) လူမှုအထောက်အကူအဖွဲ့ဝင် အိတ်ခ်ျအိုင်ဗီ တိုက်ဖျက်ရေးကို လုပ်ဆောင်နေသည့် မဖြူဖြူသင်း က ပြောသည်။

“အခုလိုပြန်ကူညီတာကောင်းတာပေါ့၊ ဒါပေမယ့် ထိထိရောက်ရောက်လုပ်နိုင်ဖို့တော့လိုမယ်”ဟု ၎င်းက ဆိုသည်။

အိတ်ခ်ျအိုင်ဗီ ပြန့်ပွားမှုသည် ယခုအခါတွင် ပိုမိုဆိုးဝါးလာပြီး ယခင်က ရန်ကုန်-မန္တလေး ကားလမ်းမကြီးတလျှောက်နှင့် မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် သာဖြစ်ပွားခဲ့သော်လည်း ယခုအခါ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများသို့ပါ ပျံ့နှံ့လာ နေကြောင်း၊ထိုကြောင့် ပညာပေးမှုထက်၊ဆေးဝါးကုသမှုကပိုမိုလိုအပ်နေကြောင်း မဖြူဖြူသင်းက ထောက်ပြသည်။

အဆိုပါ Global Fund အဖွဲ့ကြီးသည် စစ်အစိုးရက လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်ကို ချုပ်ချယ်ကန့်သတ်ထားသည်ဟူ သော အကြောင်းပြချက်ဖြင့် ၂၀၀၅ ခုနှစ်တွင် မြန်မာနိုင်ငံမှထွက်ခွာသွားခဲ့ရာ၊ ယင်းအဖွဲ့နေရာတွင် (3D)Fund အဖွဲ့ကြီးက ၂၀၀၆ ခုနှစ်တွင် အစားထိုးဝင်ရောက်လုပ်ကိုင်ခဲ့သည်။

3D Fund အဖွဲ့ကြီးသည် အထက်ပါ ရောဂါ သုံးမျိုးအတွက် မြန်မာနိုင်ငံအား ၅ နှစ်ထောက်ပံ့ရန် ဖြစ်သည်။ ယင်းအတွက် အသုံးစရိတ်စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း၁၀၀ သုံးစွဲရန်ရာထားပြီး၊ ယခုနှစ်အတွက် ဒေါ်လာ ၆ သိန်း ၃သောင်း သုံးစွဲမည်ဟု အဖွဲ့အစီရင်ခံစာတွင်ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်